Ep 13 🌟

598 99 18
                                    

<< The Next Morning >>
^^result တွေထွက်ပီ လာကြည့်ကြ လာလာ^^
ကျောင်းသားကျောင်းသူတွေရဲ့ အသံကြောင့် Junkyu တို့လည်း Room ထဲကထွက်လာပီး ပြေးကြည့်လိုက်ကြသည်။ထင်တဲ့အတိုင်းပဲ
^^Ruto ya!!နောက်ဆုံးတော့ပါသွားပီပေါ့^^
^^Con Con Ruto^^
အကုန်လုံးကို ဝိုင်းဂုဏ်ပြုပေးနေကြပေမယ့် Ruto ကတော့မျက်နှာမကောင်းဘူး။ဘာလို့ဆို 1 to 5 ဝင်သွားတဲ့ထဲ သူ့ချစ်သူလေး Junkyu မပါလို့ပါပဲ။
Junkyu လေးက Rank No (6) နဲ့ကပ်ပီးကျန်ခဲ့လေရဲ့။
^^Hyung အဆင်ပြေရဲ့လား^^
^^ပြေတာပေါ့hyungအရမ်းပျော်နေတာ Ruto က အခုဆို idol ဖြစ်လာတော့မှာလေ အိပ်မက်တွေ တကယ်ဖြစ်လာတော့မှာ ဘယ်လောက်ပျော်စရာကောင်းလဲ^^
^^ကျွန်တော်တော့မပျော်ဘူး hyung
မပါပဲကျွန်တော်အဲ့ကိုသွားမယ်ထင်နေလား^^
^^Ruto အဲ့လိုမလုပ်ပါနဲ့^^
^^hyungကကျွန်တော့်ကိုသွားစေချင်တာလား^^
^^အင်းလေ သွားစေချင်တာပေါ့ ဒါမှ...^^
^^Hyung!!!!^^
Junkyuစကားတောင်မဆုံးသေး
Ruto ရဲ့အော်လိုက်တဲ့အသံကြောင့် Jihoon တို့ကြားထဲကဝင်ပြောရတော့သည်။
Jihoon : စိတ်လျှော့ပါ Ruto ရယ် မင်းလည်း
တချိန်လုံး မင်းဖြစ်ချင်တာကိုဖြစ်အောင်ကြိုးစား
နေခဲ့တာမလား??အခုတကယ်ဖြစ်လာပြီလေ
Jaehyuk : ဟုတ်တယ် Ruto
မင်းနေရာမှာ hyung ဆိုလည်းသွားမှာပဲ
Ruto : hyung ကချစ်ရမယ့်သူမှမရှိတာ
ကျွန်တော်ကတော့ Junkyu hyung ကိုချစ်တယ်
ဘယ်လိုနည်းနဲ့မှထားမသွားနိုင်ဘူး
Hyunsuk : Ruto ရယ် Jaehyuk လည်းကျန်နေခဲ့မှာပဲကိုး Junkyu ကိုဂရုစိုက်ပေးမှာပေါ့။
Ruto : ကျွန်တော့်ကိုဘာမှလာမပြောကြနဲ့
မကြားချင်ဘူး နားလည်းမချနဲ့ ဒါပဲ!!!
Junkyu ကတော့ ပြောရင်ပြောတဲ့အတိုင်း
လုပ်တတ်တဲ့သူ့ကောင်လေးအကြောင်းသိတာမို့
ဘာမှမပြောပဲဒီတိုင်းလေးနေနေလိုက်သည်။
ခုချိန်ပြောရင်လည်းပြသနာကပိုဆိုးဖို့ပဲ
ရှိတယ်မဟုတ်လား??
Ruto ထွက်သွားပြီးသိပ်မကြာဘူး
အပြစ်ပြောချင်နေတဲ့ မိန်းကလေးအုပ်စုက
Junkyuဆီရောက်လာကြပီး...
^^အခုတော့ကိုယ့်နေရာကိုယ်သိသွားပြီပေါ့^^
လှောင်သလိုဝမ်းသာသလိုမျက်နှာထားတွေနဲ့ ပြောနေတာမို့ Jihoon လည်းဒေါသထွက်သွားပြီး
^^ Yrr!!မင်းတို့အခုဘယ်သူ့ကိုလာပြောနေတာလဲ
မင်းတို့တောင် Top (10) ဝင်လို့လား ဘာကိစ္စငါတို့သူငယ်ချင်းကိုလာပြောနေရတာလဲ^^
Jihoon နည်းနည်းဝင်ဟောက်လိုက်မှ ထွက်သွားကြသည်။ဒါတောင်Junkyuကိုမျက်စောင်းထိုးသွားသေး...
Junkyuကတော့ ဘာမှပြန်မပြောပဲ မျက်ရည်တွေသာကျလာရသည်။အစထဲက ဒီလိုတွေဖြစ်မယ်ဆိုတာသာကြိုသိခဲ့ရင် သူဒီကောင်လေးကို
မချစ်အောင်ကြိုးစားနေမိမှာအမှန်ပဲ။
_____________________________________
<< At AH5 Room >>
အခန်းထဲတွင် Ruto ကလွဲလို့လူစုံနေကြသည်။
Ruto တစ်ယောက် မနက် Result တွေသိပြီးထဲက ပြသနာတက်ပြီးထွက်သွားတာခုထိလည်းဘယ်သူ့ဖုန်းမှမကိုင်ဘူး။ဆက်သွယ်လည်းမရဘူး။
Junkyu : Jihoon ya!!ထပ်ခေါ်ကြည့်ပါအုန်း စိတ်ထင်ရာတွေလျှောက်လုပ်နေမှဒုက္ခပါပဲ!!
Jihoon : မင်းဖုန်းတောင်မကိုင်တာ
ငါတို့ဖုန်းကိုကိုင်မလားကွ
^^ပြန်လာပါပြီ^^
ပြောရင်းဆိုရင်းတံခါးဖွင့်ပီး ဝင်လာတဲ့ကောင်လေးက Junkyu မျှော်နေခဲ့တဲ့ကောင်လေးပါ။
Junkyu : Ruto ya!ဘယ်တွေသွားနေတာလဲ
ဘာလို့ဖုန်းမကိုင်တာလဲ စိတ်ပူလိုက်ရတာ
Ruto : ကျွန်တော်ကိစ္စရှိလို့ပါ
Junkyu : ဘာကိစ္စလဲဟင်
Ruto : ဒီလိုပါပဲ hyung ကျွန်တော့်နားလာပါအုန်း
Junkyu : ဟင် ဟို....
Jihoon : အဟမ်းဟမ်း ခဏနေ ငါတို့ (၅)ယောက် meeting ရှိတယ်တဲ့နော် ကျောင်းအုပ်ခေါ်ထားတာ
Hyunsuk : ခုထဲကသွားလိုက်ကြတော့မလား
Yedam : ကန်တင်းဝင်ရင်းသွားမယ်လေ
(အလိုက်တသိရှောင်ပေးကြတဲ့သူငယ်ချင်းတွေ🤣)
အကုန်လုံးထွက်သွားတော့အခန်းထဲ Ruto နဲ့ Junkyu ပဲကျန်ခဲ့သည်။Junkyu လည်း Ruto ကို
တင်းတင်းကြပ်ကြပ်ပြေးဖက်ထားလိုက်သည်။
^^တော်တယ်ငါ့Rutoလေးကောင်းကောင်းလုပ်နော် Hyung ကအမြဲ Ruto Fan ပဲ^^
^^Hyung ကျွန်တော်မလုပ်ဘူးဆိုရင်ရော^^
Junkyuလည်းဖက်ထားတဲ့လက်လေးတွေက်ို
ခဏလွှတ်လိုက်ပြီး....
^^ဒါဘာအဓိပ္ပာယ်လဲRuto^^
^^ကျွန်တော်ခုန CEO နဲ့သွားတွေ့ပီးပြန်လာတာ hyung ကျွန်တော် ငြင်းလိုက်ပြီ^^
^^Borrrr ဘာလို့အဲ့လိုလုပ်တာလဲ^^
^^ကျွန်တော်ပြောပြီးပြီလေ hyung မပါပဲ ဘယ်မှမသွားပါဘူးလို့ဆို^^
^^Harutoမင်းငါ့ကိုခက်ခဲအောင်အရမ်းလုပ်တာပဲ^^
^^Hyung ကျွန်တော်က...^^
^^မင်းသိလား မင်းကြောင့်ငါ့ကို လူတွေလှောင်ကြတယ် ငါကမင်းနဲ့မတန်ဘူးလို့ပြောကြတယ်
အစကတော့ ငါသူတို့ကိုဒေါသထွက်ခဲ့တယ် ဒါပေမယ့် အခုသူတို့ပြောတာ အကုန်မှန်နေတာပဲ^^
^^hyung ကိုဘယ်သူတွေပြောတာလဲပြော
ဘယ်သူကအဲ့လိုပြောတာလဲကျွန်တော့်ကိုပြော^^
Ruto က ဒေါသတစ်ကြီးပြောလိုက်တော့...
^^Haruto ပြသနာတိုင်းကို
အဲ့လိုဖြေရှင်းနိုင်မယ်ထင်နေတာလား
မင်းကပါငါတို့ထပ်ပီးသိမ်ငယ်အောင်လုပ်မလို့လား
Waee???ငါ့ကြောင့်ဆိုပြီး မင်းအဲ့လိုတွေအဆုံးရှုံးခံနေရင်သူများတွေဘယ်လိုထင်ကြမလဲ
ငါ့ကိုယ်ငါရော လိပ်ပြာလုံနိုင်ပါ့မလား^^
^^သူတို့ဘယ်လိုထင်ထင်ပေါ့ hyung ကဂရုစိုက်နေတာလား ကျွန်တော်တို့နှစ်ယောက်
အဆင်ပြေနေရင်ရပီလေ^^
စကားတွေကိုအချေအတင်ပြောပြီးနောက် Junkyu လည်းသက်ပြင်းတစ်ချက်ချလိုက်ပြီး...
^^hyungသာRutoနေရာမှာဆိုသွားမှာ
hyungဖြစ်ချင်တာကိုဖြစ်အောင်လုပ်မှာ^^
အေးစက်စက်အသံနဲ့စကားတွေက
haruto ရဲ့နှလုံးသားကိုနစ်နေအောင်နာကျင်စေခဲ့သည်။
^^Hyung ဘာလို့အတည်ကြီးတွေပြောနေတာလဲ
ကျွန်တော်မသွားပါဘူးဆိုနော်နော်^^
Rutoတစ်ယောက်တကယ်ဆောက်တည်ရာမရ
မျက်ရည်တွေကျနေပါပြီ။
^^hyung အဲ့လိုလူတွေကိုအရမ်းမုန်းတယ်သိလား^^
^^hyung^^
^^Ruto အိပ်မက်ကအဆိုတော်တစ်ယောက်
ဖြစ်လာဖို့ဆို??ခုကျအဲ့အိပ်မက်ကို
လွယ်လွယ်နဲ့စွန့်ပစ်တော့မှာလား??
အဲ့လိုလွယ်လွယ်လက်လျှော့တတ်တဲ့
သူကို hyung ဘယ်လိုယုံပြီးဆက်ချစ်ရမှာလဲ^^
^^hyung တော်ပါတော့ကျွန်တော်တောင်းပန်ပါတယ် အဲ့လိုစကားတွေမပြောပါနဲ့ ကျေးဇူးပြုပြီး^^
^^ဒါဆို အခု meeting ကိုသွားပြီး ပြန်ပြောလိုက်ပါ
Debut လုပ်ချင်တယ်လို့^^
^^hyung ကျွန်တော့်ကိုဘာလို့ရက်စက်နေတာလဲ
ကျွန်တော်တို့ကတိပေးထားကြတယ်လေ^^
^^တော်တော့Harutoအဲ့ကတိတွေက အခုချိန်မှာ ဘာလုပ်လို့ရမှာလဲ ဘဝတက်လမ်းဆိုတာရှိသေးတယ်မင်းကငယ်သေးလို့အချစ်ရူးရူးနေပေမယ့် ငါတော့အဲ့လိုမလုပ်နိုင်ဘူး^^
^^hyung ညာနေတာ ကျွန်တော့်ကိုညာနေတာ
hyungလည်းကျွန်တော့်ကိုအရမ်းချစ်တာ
ကျွန်တော်သိတယ် hyung^^
^^လွှတ်^^
Ruto က Junkyu ရဲ့လက်တွေကိုဆွဲထားရင်း
မျက်ရည်တွေအလုံးလိုက်ကျနေလေရဲ့....
^^hyung မမုန်းမိ ခင် လွှတ်လိုက်ပါ^^
Junkyu စကားကြောင့် သူ့လက်ကိုဆုပ်ကိုင်ထားတဲ့
လက်လေးတစ်စုံကတဖြည်းဖြည်းလျှောကျသွားသည်။ဘာတွေပဲဖြစ်နေဖြစ်နေhyungမုန်းမှာကိုတော့အရမ်းကြောက်တဲ့Harutoဆိုတဲ့ကောင်လေးပါပဲ။
Junkyuလည်း မျက်ရည်တွေနဲ့ကောင်လေးကို
ကျောခိုင်းလှည့်ထွက်လာရင်း
မငိုမိအောင်ထိန်းထားသမျှငိုချပစ်လိုက်တော့သည်။
Junkyu Pov : တောင်းပန်ပါတယ် Ruto ရယ်
hyung လည်း Ruto ကိုအများကြီးချစ်ပါတယ်။
_____________________________________
<<< At Meeting Room>>>
အခန်းထဲနောက်အကျဆုံးဝင်လာတဲ့
Ruto တစ်ယောက် ငိုထားလို့ထင်ပါရဲ့
မျက်လုံးတွေကလည်းမို့ပြီးနီရဲနေတာပဲ...
ဘာတွေဖြစ်လာလဲဆိုတာ သတိထားမိတဲ့
hyunsuk hyung ကတော့
ကျောကိုပုတ်ပေးပီး အဆင်ပြေသွားမှာပါဆိုတဲ့
အကြည့်လေးနဲ့....
CEO : အော် Haruto ပဲ ဘာလဲ စိတ်ပြောင်းသွားပြီလား
Ruto :....
Jihoon : ဟင် Ruto ကဘာကို
CEO : မနက်ကလာပြောတာ သူမလုပ်တော့ဘူးလို့
အကုန်လုံးကလည်းဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့
Rutoကိုကြည့်နေကြသည်။ဒီကောင်လေး Junkyu hyung ကိုဘယ်လောက်ချစ်လဲဆိုတာ ခုမှပဲ
မျက်မြင်သက်သေမြင်ရတော့တယ်။
Ruto : Nae ကျွန်တော်လုပ်ပါ့မယ် ဒါပေမယ့်
ကျွန်တော်တောင်းဆိုချင်တာတစ်ခုတော့ရှိတယ်။
CEO : ပြောပါ Ruto လိုလူမျိုးကို တို့တွေဘက်က
အမြဲ Welcome ပါပဲ Talent လည်းရှိပြီး
Debut မလုပ်ခင်ထဲက Fan တွေအများအပြားရှိနေတာပဲ...
Ruto : အခုတော့မတောင်းဆိုသေးပါဘူး
ဒါပေမယ့်ကျွန်တော်တောင်းဆိုတဲ့
အချိန်ကျရင်တော့လိုက်လျှောပေးပါ
ဒါဆိုကျွန်တော်စာချုပ်ချုပ်ပါ့မယ်။
CEO : Ok ဒါပေမယ့်တခုတော့ရှိတယ်
Ruto တောင်းဆိုမှာဘာလဲတော့မသိပေမယ့်
အချို့အရာတွေက
စာချုပ်သက်တမ်းအရ နှစ်နှစ်ပြည့်မှ
တောင်းဆိုခွင့်ရှိမယ်။
Ruto : ဟူး.... အိုကေ အဆင်ပြေပါတယ်။

အချိန်တွေဘယ်လောက်ပဲကြာကြာ
အဓိကကသူ့hyungနဲ့တစ်သက်လုံးမခွဲရဖို့ပဲမို့လား?

Ruto Pov : အချိန်တွေကြာလည်းအဆင်ပြေပါတယ်
hyungကိုကျွန်တော့်ချစ်သူပါလို့
တစ်ကမ္ဘာလုံးကိုပြောပြနိုင်အောင်ကျွန်တော်
ကြိုးစားမှာမို့ကျွန်တော့်က်ို(၂)နှစ်လောက်ပဲ
စောင့်ပေးပါ။ကျွန်တော် hyung ဖြစ်စေချင်သလို
အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာပြီးရင် hyung ကိုသေချာပေါက်ပြန်လာရှာမယ်!!!
_____________________________________
နေဝင်ခါနီးအချိန်ကျောင်းခေါင်မိုးထပ်မှာ
ရှိုက်ကြီးတငင်ငိုသံတစ်ခု....
Jaehyuk : hyung ပင်ပန်းနေပါ့မယ် အရမ်းမငိုပါနဲ့ hyung လည်း Ruto အတွက်
တတ်နိုင်သလောက်ပေးဆပ်ခဲ့တာပဲ။
Junkyu : Ruto က hyung ကိုမုန်းသွားပြီထင်တယ်
တကယ်မုန်းသွားပြီထင်တယ်.....
အပြောနဲ့အတူ ရင်ဘတ်တွေပါအောင့်လာရတာမို့
ရင်ဘတ်ကိုဖိထားရင်း မျက်ရည်တွေ
ဆက်တိုက်ကျလာတဲ့ကောင်လေး....

ထိုမြင်ကွင်းကို လှေကားကနေ ရပ်ကြည့်နေခဲ့တဲ့
Haruto....

​Haruto Pov : hyung င်ိုနေတဲ့အချိန်တိုင်း
ပွေ့ဖက်ထားရမယ့်သူက အမြဲကျွန်တော်ပဲဖြစ်ချင်ခဲ့တာ....
hyung ရဲ့မျက်ရည်တွေကို သုတ်ပေးပြီး
မငိုတော့ဖို့အားပေးချင်တယ်....
အိပ်ယာထ နောက်ကျတတ်တဲ့ hyung ကို
မနက်တိုင်းဖုန်းဆက်နှိုးပေးချင်တယ်....

hyung ဖျော်ပေးတဲ့ Coffee လေးကို
သောက်ရင်း တစ်နေ့တာကိုအစပြုချင်တယ်

အိမ်ပြန်ချ်ိန်တွေတူတူရှိချင်တယ်
နှုတ်ဆက်အနမ်းတွေပေးချင်တယ်....

ကျွန်တော့်ဘဝမှာ hyung ကိုချစ်ခဲ့တာကို
ဘယ်တော့မှနောင်တမရဘူး...
အဲ့ဒါကြောင့် hyung ကျွန်တော့်ကို ခဏလေးပဲ
စောင့်ပေးပါ ကျွန်တော်သေချာပေါက်
​ပြန်လာခဲ့ပါ့မယ်....
_____________________________________
[Keyboardပြောင်းထားလို့ ဖတ်ရအဆင်ပြေရဲ့လား
တစ်ချက်ပြောပြသွားပေးပါနော်🥺🥺
မျှော်နေပေးတဲ့သူတွေအကုန်လုံးဆာဒါငဲ💕💕]

It's Always YOUWhere stories live. Discover now