<< 2 weeks later>>
နောက်တစ်ပတ်ဆို လူတွေ့ပြန်စစ်ရတော့မှာမို့
ညနေကျောင်းဆင်းတာတောင်အိမ်မပြန်သေးပဲ
Practice Room ထဲမှာ အသည်းအသန်လေ့ကျင့်နေတဲ့ကောင်လေး Junkyu!!!
🎼Beautiful life Beautiful Day~nae gyeoteseo meomulleojwo...
Beautiful my love~Beautiful your heart~🎼Ruto က အတန်းထဲမှာထီးကျန်ခဲ့လို့ပြန်လာယူတော့
Beautiful သီချင်းကိုအသံချိုချိုလေးနဲ့ဆိုနေတာကိုကြားလိုက်ရသည်။
Ruto POV : Omo ဒီအသံကဘယ်ကပါလိမ့်ဒီအသံချိုချိုလေးလာရာနောက်ကိုနားစွင့်ရင်း
လိုက်သွားတော့ Vocal Practice Room ထဲမှာ
အကျီအပြာရောင်နုနုလေးနဲ့ beret အဖြူလေး
စောင်းပြီးသီချင်းဆိုနေတဲ့ကောင်လေး🤍Ruto လည်း ဒီကောင်လေးရဲ့သီချင်းမှာနစ်မြောနေပြီး အသက်မရှုတမ်းရပ်ကြည့်နေမိသည်။
သီချင်းပြီးတာနဲ့မျက်ရည်တွေလည်းကျနေတဲ့
Junkyuလေး
Ruto လည်း Junkyu ငိုတာကို ပထမဆုံးမြင်ဖူးတာမို့ အံ့ဩမိသည်။
Ruto : အဟင်းအဟင်းး
(သူရောက်နေတယ်ဆိုတာသိအောင်
အသံပေးလိုက်တာပါနော်😆)
Junkyuလည်းငိုနေတာမသိသာအောင်
မျက်ရည်တွေမြန်မြန်သုတ်လိုက်ပြီးး....
^^အယ် Ruto ပါလား ဘယ်ထဲကရောက်နေတာလဲ ??^^
^^အခုမှ^^
^^Aww ဘာလာလုပ်တာလဲ^^
^^ဟို လာလေ့ကျင့်တာ^^
^^ဟင်ဒါကVocal Roomလေ^^
^^ဟုတ်တယ် ဒါပေမယ့်ဖြတ်သွားတုန်း
သီချင်းဆိုသံကြားလို့ဝင်လာတာ^^
^^Aww ဘလိုလဲ hyung ဆိုတာကောင်းလား^^
^^ကြားဖူးသမျှထဲအဆိုးဆုံးပဲ^^
Ruto ကတော့ အမြဲတမ်း ခံစားချက်ထက်
မာနကိုဦးစားပေးတတ်တဲ့သူမို့အနိုင်အထက်
ပြန်ပြောလိုက်ပေမယ့်Junkyuကတော့မျက်နှာလေး
ချက်ချင်းငြိုးကျသွားသည်။
^^အင်းပါ သိပါတယ် hyung ကထင်သလောက်
လည်းမတော်ပါဘူးကိုယ့်ဟာကိုယ်အထင်ကြီးနေမိတာ^^
ပြောပြီးတာနဲ့မျက်ရည်တွေအလုံးလိုက်ကျလာတဲ့
Junkyu
Ruto လည်း Junkyu ငိုတာကို
ဆက်မကြည့်နိုင်တော့တာနဲ့
အခန်းပြင်ထွက်လာခဲ့သည်။
အခန်းအပြင်သာထွက်လာခဲ့ပေမယ့် အခန်းနားက
တစ်ဖွားမှမခွါပဲတံခါးပေါက်ကနေJunkyuငိုနေတာကိုကြည့်နေခဲ့မိသည်။
Junkyuလေးကလည်းရှိုတ်ကြီးတငင်နဲ့
ငိုနေရှာသည်။ခဏနေတော့Jihoonကိုဖုန်းဆက်ပြီး
^^Jihoon ya!!ငါကမတော်ဘူးမလား^^
^^Junkyu ya!!ရုတ်တရက်ကြီးဘာဖြစ်တာလဲ
အသံလည်းမကောင်းပါလားခုဘယ်မှာလဲ
ဘာဖြစ်လို့လဲ^^
^^ငါခုထိကျောင်းမှာပဲလေ့ကျင့်နေတာ^^
^^Junkyu ya!!မင်းကတော်ပြီးသားပဲ
အေးဆေးပေါ့စိတ်ပူမနေနဲ့အားမငယ်နဲ့^^
^^Jihoon ya!!မင်းသိလား??ငါ့ကို
တစ်ယောက်ယောက်ကပြောတယ်^^
^^ဘယ်သူကလဲ ဘာပြောလို့လဲ^^
^^ငါသီချင်းဆိုတာ အဆိုးဆုံးပဲတဲ့^^
^^ဘယ်သူကပြောတာလဲ ငါနဲ့တွေ့မယ်^^
^^ဒီလိုပါပဲ မင်းကိုပြောပြလိုက်ရတော့ပေါ့သွားပြီ
ငါအိမ်ပြန်တော့မှာမို့ဖုန်းချပြီနော်^^
^^အေးးအိမ်ကောင်းကောင်းပြန်ဂရုစိုက်^^
Ruto လည်း Junkyu ထွက်လာတော့မှာမို့နံရံ
နောက်ကွယ်ပြီးပုန်းနေလိုက်သည်။
Junkyuလေးကလွယ်အိတ်လေးလွယ်ပြီး
လေးလံတဲ့ခြေလှမ်းတွေနဲ့ကားပါကင်ကို
လျှောက်လာသည်။Rutoလည်းနောက်ကနေ
မသိမသာလေးလိုက်လာခဲ့သည်။
Junkyu က နားပါးတာကြောင့်သူ့နောက်က
ခြေသံကိုကြားနေရတော့လှည့်ကြည့်လိုက်သည်။
^^ဟင် Ruto ^^
^^နောက်ကလိုက်တာမဟုတ်ဘူးနော်
ကျွန်တော်လည်းကိုယ့်ကားဆီကိုယ်သွားနေတာ^^
^^အင်းပါ^^
Junkyuကအေးအေးဆေးဆေးပဲပြန်ပြောပြီး
ကားပေါ်တက်သွားလေသည်။ခါတိုင်းဆို
တက်တက်ကြွကြွနဲ့စကားတွေအများကြီး
ပြောတဲ့ကောင်လေးကခုလိုတိတ်ဆိတ်
သွားတော့လည်းRutoမနေတတ်ပြန်။
________________________________
<<The Next Day>>