Final Ep 👬❣️

749 92 20
                                    

<<< At Junkyu Home >>>

^^သားရယ် ဘာလို့အလောတကြီးထပြန်မယ်လုပ်ရတာလဲ^^
^^သားဘွဲ့လည်းယူပြီးပြီဆိုတော့
အမေရိကားမှာပဲအေးဆေးပြန်နေချင်လို့ပါ^^
^^သားပြောတော့အဆိုတော်ဖြစ်ချင်တာဆို
ဟိုကနေတောင်တကူးတကပြန်လာပြီး
ကျောင်းတက်ထားတာကိုး^^
^^သား အဆိုတော်မလုပ်ဖစ်တောင်အနုပညာအလုပ်တော့ဆက်လုပ်သွားအုန်းမှာပါ
အခုကသားတကယ်ဒီမှာမနေချင်တော့လို့ပါ^^
^^အင်းပါဒါဆိုလည်းသားသဘော
မနက်ဖန်မနက်လေယာဉ်လက်မှတ်ဝယ်ပေးထားမယ်^^
ရုတ်တရက်ကြီးအမေရိကားပြန်တော့မယ်ဆိုတော့
မိဘတွေကလည်းစိတ်မကောင်းရုံကလွဲပြီး
တားမရတဲ့အဆုံး ဘာမှမတက်နိုင်ခဲ့ဘူးပေါ့...
_____________________________________
<<< At Coffee Bay >>>
Jaehyuk : hyung ရုတ်တရက်ကြီးကျွန်တော်တို့ကိုချိန်းတာဘာလို့လဲ အယ်ခြေထောက်မှာလည်း
ပတ်တီးကြီးနဲ့ ဘာတွေဖြစ်တာလဲ hyung
Junkyu ဖုန်းဆက်ပြီး လူစုံတက်စုံတွေ့ရအောင်ဆိုပြီးပြောလိုက်တာကြောင့် Jaehyuk အပြင်
Asahi,Yoshiနဲ့Junghwanတို့ပါရောက်နေကြသည်။
Junkyu : ဘာမှမဖြစ်ပါဘူး hyung
အဆင်ပြေပါတယ် အခုတွေ့ချင်တာကမနက်ဖန် hyung အမေရိကားပြန်တော့မှာဒီကိုပြန်လာဖို့က
လည်းသိပ်မသေချာဘူး အဲ့ဒါပြောချင်လို့ပါ...
All : Humm ??
Asahi : ရုတ်တရက်ကြီး ဘာဖြစ်တာလဲ
ငါတို့ Ent မှာ Debut ဖို့ကရော
Junkyu : ငါမင်း appa နဲ့တွေ့ပြီးအကုန်ပြောပြပြီးပါပြီ
Junghwan : Waeee ဘာလို့ရုတ်တရက်ကြီး
ထွက်သွားမှာလဲ ကျွန်တော်တို့ကိုထားခဲ့ပြီးတော့....
Jaehyuk : Ruto ရောသိလား
Junkyu : ဟင့်အင်းမပြောပါနဲ့ Ruto ကိုလုံးဝမပြောပြပါနဲ့နော် ကျေးဇူးပြုပြီး
Yoshi : ငါတော့ဘာမှသိပ်ထွေထွေထူးထူး
မသိပေမယ့် ကိုယ့်အတွက်အရာရာက်ို
စွန့်လွှတ်မယ့်သူမျိုးဆိုတာ အရမ်းအဖိုးတန်တယ်
ပြီးတော့ အဲ့လိုအချစ်မျိုးကလည်းရှားတယ်
Junkyu မင်းသေချာစဉ်းစားသင့်တယ်
Jaehyuk : ဟုတ်တယ် hyung တို့က
တကယ်ချစ်ကြတာပဲ hyung ဆုံးဖြတ်ချက်ကို
ပြင်ဆင်လို့ရပါသေးတယ်
Junkyu : hyung ကလည်း Ruto ကောင်းဖို့ဆို
ဘာမဆိုလုပ်မှာပဲ အဲ့လိုပဲ Ruto ကလည်း hyung နဲ့နီးရဖို့ဆိုဘာမဆို စွန့်လွှတ်မှာပဲ
hyung တို့နှစ်ယောက်က စွန့်လွှတ်ပုံချင်း
တူပေမယ့်ရည်ရွယ်ချက်ခြင်းမတူကြဘူးလေ...
Jaehyuk : ဒါပေမယ့်လည်း hyung
စဉ်းစားကြည့်ပါအုန်း ခုလိုထွက်သွားတော့ရော
နှစ်ယောက်လုံးပျော်ရမယ်ထင်လား....???
Jaehyuk စကားကြောင့် Junkyu လည်း
တိတ်ဆိတ်သွားရင်းပတ်ဝန်းကျင်လေထုတစ်ခုလုံးလည်းတိတ်ဆိတ်သွားရင်း....
____________________________________
<<< At Ruto Room >>>
^^Ruto ဘယ်လဲ ညနေစောင်းနေပြီ ဘယ်သွားမို့လဲ^^
^^ကျွန်တော် Junkyu hyung က်ိုရှာမှဖြစ်မယ်^^
^^Rutoရယ်သူပြောထားတယ်လေ
မင်းရှာမတွေ့နိုင်တဲ့နေရာကိုထွက်သွားတယ်ဆိုပြီးတော့ပြောထားတယ်လေကွာ^^
^^ဒါပေမယ့်အချ်ိန်တွေမလွန်သေးပါဘူး hyungရယ် ကျွန်တော့်ကိုပေးသွားပါ^^
Yedam လည်းဘယ်လိုမှတားမရတော့တာနဲ့
အကြပ်ရိုက်နေတုန်းJihoonတို့အခန်းထဲဝင်လာကြသည်။
Jihoon : Ruto ခဏထိုင်အုန်း hyungတို့ပြောစရာရှိတယ်
Hyunsuk : စိတ်အေးအေးထားပီး ခဏထိုင်ပါအုန်း Ruto ရယ် နော်
Ruto လည်း အသက်ဝဝတစ်ချက်ရှုလိုက်ရင်း
ထိုင်လိုက်တော့....
Hyunsuk : Ruto တကယ်ပဲ ဒီ အလုပ်ကို
ဆက်မလုပ်ချင်တော့ဘူးလား
Ruto : ကျွန်တော်အရမ်းဖြစ်ချင်ခဲ့တဲ့အိပ်မက်ပါ hyungရယ် ဒါပေမယ့် Junkyu hyung နဲ့အခုလိုဝေးပြီးတော့မှဖြစ်ရမယ်ဆိုနေပါစေတော့
Hyunsuk : Ruto ကတကယ်
ဆုံးဖြတ်ချက်ပြတ်သားနေတာပဲ
Junkyu ကိုအဲ့လောက်တောင်ချစ်တာလား
Ruto : အဲ့ထက်တောင်ပိုပါသေးတယ် hyung ရယ်
Hyunsuk : ဟုတ်ပြီဒါဆိုလည်း Ruto အခု သွားပါ
ရတယ် hyung တို့ခွင့်ပြုတယ်
All : Hyunsuk hyung!!!! ဘယ်လိုလုပ်....
Ruto : Gomawor hyung
Ruto ပြောပြီးအခန်းထဲက
အမြန်ပြေးထွက်သွားခဲ့သည်။
ကားပေါ်ရောက်တာနဲ့ ruto ခေါင်းထဲ
ဝင်လာတဲ့နေရာက Junkyu hyung ရဲ့အိမ် 🏘️
Ruto ကားကိုအရှိန်တင်မောင်းလိုက်ရင်း
Junkyu အိမ်ဆီတန်းတန်းမတ်မတ်လာခဲ့သည်။
_____________________________________
တီတီ(ကားဟွန်းတီးသံ)
ဟွန်းတီးသံကြောင့်ခြံစောင့်ကတံခါးလာဖွင့်တာနဲ့ Ruto ကားကိုတရှိန်ထိုးအိမ်ထဲ
ထိုးမောင်းသွားလိုက်ပြီး...
^^hyung hyung^^
^^ဟင် Ruto ပါလား သား ဘာဖြစ်လာတာလဲ^^
^^မား Junkyu hyung ရှိလားဟင်^^
^^ခုပဲအပြင်ထွက်သွားတာ သားရဲ့
သားနဲ့အဆက်သွယ်မရှိဘူးလား^^
^^ဘယ်ကိုသွားတာလဲဟင်မား^^
^^အဲ့ဒါတော့မသိဘူး သားရယ် သူမနက်ဖန်
အမေရိကားအပြီးပြင်တော့မယ်လို့တော့ပြောတယ်
သားကိုမပြောဘူးလား^^
^^ဗျာ!!!!^^
^^ဘာတွေဖြစ်ကြလို့လဲပြသနာတစ်ခုခုရှိကြလို့လား^^
^^မဟုတ်ပါဘူး ဒါဆိုသားသွားလိုက်အုန်းမယ်နော်^^
Junkyu အမေရဲ့မေးခွန်းကိုတောင်သေသေချာချာဖြေချိန်မရှိပဲ အိမ်ထဲကမြန်မြန်လှည့်ထွက်လာပြီး
ကားကိုမြန်မြန်မောင်းထွက်လာခဲ့သည်။
လမ်းတစ်လျှောက်လုံးလည်းမျက်ရည်တွေက
ထိန်းမနိုင်အောင်ကျလာရသည်။
^^hyungရယ်တကယ်ပဲဘယ်မှာသွားရှာရမှာလဲ^^

It's Always YOUWhere stories live. Discover now