Chapter 3. (U)

3.5K 532 12
                                    

ကသိကအောက်မဖြစ်ဖို့ရယ် ဆက်ဆံရေးတွေ လွဲမချော်သွားဖို့ရယ်အတွက် သူ ကျွန်တော့်ကို ကျောခိုင်းထွက်သွားတယ်။

~ငါတို့ သူငယ်ချင်းတွေဟုတ်သေးတယ်မလား~

ထိုမေးခွန်းကို သူ အေးဆေးပြန်ဖြေခဲ့တယ်။ ကျောပေးထားတဲ့မျက်နှာမှာ ဘယ်လိုအမူအရာရှိနေလဲ ကျွန်တော်မမြင်ခဲ့ဘူး။

By My Side

"အိုက်ယား! နာလိုက်တာ"

တံခါးဖွင့်ပြီးအိမ်ထဲအဝင် ဖြစ်ကတတ်ဆန်းချထားတဲ့ ဘီယာဘူးခွံအိတ်ကို ခလုတ်တိုက်မိခြင်း။ သနားစရာခြေချောင်းလေးတွေ ထုံကျဉ်သွားရဲ့။

//အလုပ်ပင်ပန်းတာ ခလုတ်တောင်မရှောင်နိုင်တော့ဘူးပဲ//

စားသောက်ဆိုင်မှာ လတ်တလောအလုပ်ပိနေတယ်။ စားဖိုမှူးလက်ရာကောင်းမှု၊ စားပွဲထိုးတွေ ဧည့်ဝတ်ကျေမှုကြောင့် ဆိုင်လေးက နာမည်တော်တော်ရလာတယ်။ အီတလီစာကြိုက်သူတွေ တဟုန်ထိုးအားပေးကြတဲ့အခါ လက်မလည်အောင်အလုပ်များရဲ့။

အလုပ်ကိစ္စပြီးတဲ့နောက် ခေါင်းထဲရောက်လာတာ ရိပေါ်အကြောင်း။ မနေ့ညက သူ့ကို ရိပေါ် bj ပေးတယ်။ သူကလည်း ရိပေါ်ခံတွင်းထဲပြီးခဲ့တယ်။ ရိပေါ်ခေါင်းကို လက်နဲ့ဖိချပြီး...။

"အိုက်ယား... အမေရေ.."

ကိုယ့်ကိုကိုယ်စိတ်ပျက်မှုနဲ့ ရှောင်းကျန့် အခန်းတံခါးဆီ မျက်နှာအပ်မိတယ်။

ရူးမိုက်လိုက်တာ! ငါဘာတွေလုပ်ခဲ့တာလဲ။ ငါတို့ဘာတွေလုပ်ခဲ့တာလဲ။ သူငယ်ချင်းအချင်းချင်း အဲလိုမလုပ်ဘူးလေ! ဘာလို့အဲလောက်တောင်ရူးရတာလဲ။ လူမသိသူမသိမူးနေပါစေဦး ဘယ်သူမှ ကိုယ့်သူငယ်ချင်းကို bj မပေးဘူး။

ဝမ်ရိပေါ်က မူးနေလို့ထားဦး။ မမူးတဲ့သူက ငြိမ်ခံခဲ့တယ်တဲ့။ ဒီကိစ္စဖြစ်သင့်ရဲ့လား။ ဝမ်ရိပေါ်မရူးဘူး မင်းရူးတာ ရှောင်းကျန့်! မင်းရူးနေတာ!

"ရိပေါ်.. သူတကယ်ကြီး ငါ့ကို..."

ကျောပြင်တလျှောက် ကြက်သီးတွေထပြီး တံခါးနဲ့ခေါင်းနဲ့ တဒုန်းဒုန်းပစ်တိုက်မိတယ်။

By My Side ||ZhanYi||Where stories live. Discover now