Chapter 5. (U)

3.6K 497 6
                                        

ကိစ္စတွေက ဘာလို့ဒီလောက်ထိ ရှုပ်ထွေးသွားတာလဲ။

ဖက်နမ်းခံရတုန်းက ဘာကြောင့်တွန်းမထုတ်နိုင်တာလဲ။

အစ်ကိုကပြောတယ်။ သူငယ်ချင်းတွေတောင် မဖြစ်နိုင်တော့ဘူးတဲ့လေ။ ကျွန်တော်ကိုယ်တိုင် ၁၀နှစ်လုံးလုံး အပြင်းအထန်ထိန်းသိမ်းခဲ့တဲ့ သူငယ်ချင်းတံတိုင်းက နောက်ဆုံးတော့ပြိုလဲသွားပြီပဲ။ ဒါပေမယ့် ကျွန်တော်တို့ သူငယ်ချင်းဆက်မဖြစ်နိုင်ဘူးဆိုရင် အတူဆက်ရှိလို့မရတော့ဘူး။

ကျွန်တော် အစ်ကို့အနားက ထွက်သွားရလိမ့်မယ်။

အကုန်လုံး ကျွန်တော့်အပြစ်တွေ...။ ကျွန်တော် စမှားခဲ့တာ..။

ကျွန်တော် အစ်ကို့ကိုချစ်မိတာကြောင့်။ ကျွန်တော့်အချစ်တွေ အစ်ကိုမြင်သွားတာကြောင့်။

By My Side

"မနေ့ကပြောဖြစ်တဲ့ နယူးယော့ခ်ကိစ္စ... ကျွန်တော်လက်ခံဖို့ဆုံးဖြတ်လိုက်ပြီ"

"အိုး..! ဝမ်းသာစရာပဲ ဆုံးဖြတ်ချက်မှန်တယ် မင်းလိုအရည်အချင်းနဲ့လူက သာမန်ပန်းဆိုင်လေးမှာ အလုပ်လုပ်နေရုံနဲ့မလုံလောက်ဘူး အခုလိုခြေလှမ်းချဲ့လိုက်တာသိပ်ကောင်းတယ်"

"ဟုတ်ကဲ့"

"ဒါနဲ့ ရုတ်တရက်ကြီး ဘာလို့စိတ်ပြောင်းသွားတာလဲ"

ရိပေါ်မျက်ဝန်းထဲ အတိတ်ကအမှတ်ရအချို့ ဖြတ်ပြေးသွားတယ်။

"တကယ်တော့ ကျွန်တော်အရင်က ပန်းတွေစိတ်မဝင်စားဘူး ဒါပေမယ့် မျက်လုံးထဲကထုတ်မရတဲ့ မြင်ကွင်းတစ်ခုရှိတယ် လူတစ်ယောက်က ကြွေကျနေတဲ့ပွင့်ဖတ်တွေအောက် အိပ်ပျော်နေတာ"

ချယ်ရီပင်အောက် အိပ်စက်နေတဲ့အစ်ကိုရယ်။ ပန်းပွင့်ဖတ်တွေကပ်ငြိနေတဲ့ အစ်ကို့ဆံပင်ရယ်။

"သူတစ်နေ့ ကိုယ်ပိုင်ဆိုင်ဖွင့်တဲ့အခါ တစ်ဆိုင်လုံးကို သူကြိုက်တဲ့ချယ်ရီပန်းတွေနဲ့ အလှဆင်ပေးချင်တယ် အဲဒီစိတ်နဲ့ကျွန်တော် ဒီအလုပ်စဖြစ်တယ် စလုပ်တည်းက အခုထိ သူဆိုင်ဖွင့်မယ့်အချိန်ကိုစောင့်နေခဲ့တာ ဒါပေမယ့်..."

By My Side ||ZhanYi||Where stories live. Discover now