Chapter 2. (U)

3.8K 518 4
                                    

ကျွန်တော် အစ်ကိုနဲ့စတွေ့ခဲ့တာ အထက်တန်းပထမနှစ်။

စတွေ့ချိန်မှာပဲ အစ်ကို့ကိုချစ်မိတယ်။ အဲ့အချစ်က လျှို့ဝှက်သိုသိပ်စွာနဲ့ ကျွန်တော့်ရင်ကိုလှိုက်စားတယ်။ ချယ်ရီပန်းပင်အောက် အိပ်စက်နေတဲ့အစ်ကိုက သိပ်လှတယ်။

By My Side

"သြော် မင်းလည်း နေ့လည်စာလာစားတာလား"

ပင်စည်ကိုမှီအိပ်နေတဲ့ကျောင်းသားက မတ်မတ်ထိုင်ပြီး သူ့ကိုမေးတယ်။ သူဘာမှမဖြေဘဲ လှည့်ထွက်ခဲ့တယ်။

"ဟေး နေဦးလေ!"

ကျွန်တော်က ဂေး။ အဲ့ကိစ္စကိုလည်း အလယ်တန်းတည်းက သဘောပေါက်ခဲ့တာ။ ကျွန်တော် ဖွင့်ပြောဖူးတဲ့ကျောင်းသားက လူတိုင်းကိုလိုက်ဖြန့်တယ်။ အဲ့လိုဖြန့်တဲ့ရလဒ်အနေနဲ့ ဝမ်ရိပေါ်က ဂေး။ ဂေးတွေက ရွံဖို့ကောင်းတယ်။ ဂေးတွေကစိတ်ပျက်စရာပဲဆိုတဲ့ စကားသံတွေကြား တစ်ယောက်တည်းဖြစ်ခဲ့တယ်။ အဲ့အချိန်တည်းက သူငယ်ချင်းမထားဘူး။ မိတ်ဆွေလာဖွဲ့လည်း လက်မခံဘူး။

အခုလည်း ဒီကျောင်းနောက်ဘက်ကို ဘယ်သူမှမရှိဘူးအတွေးနဲ့ရောက်လာတာ အဲ့မှာစမှားတာပဲ။ လှည့်ထွက်တဲ့ခြေလှမ်းတွေကို ထိုကျောင်းသားက သွားခွင့်မပေး။ လက်ကောက်ဝတ်ကို ဖမ်းဆွဲတယ်။ ရိပေါ်ကလည်း ဖမ်းဆွဲတဲ့လက်ကိုခါထုတ်တယ်။

"ဆောရီး... အစ်ကို ကျွန်တော်နဲ့မပတ်သက်တာ ပိုကောင်းလိမ့်မယ်"

အနက်ရောင်မျက်ဝန်းက ရိပေါ်ကိုနားမလည်သလိုကြည့်တယ်။ ချောမောတဲ့မျက်နှာပြင်ဟာ နှုတ်ခမ်းအောက်က မှဲ့နက်လေးကြောင့် ပိုမိုတင့်တယ်လျက်။ ရိပေါ် ထိုသူဆီကအကြည့်လွှဲဖို့ မျက်လွှာချလိုက်မိတယ်။

"အဲလောက်ယဉ်ကျေးစရာမလိုပါဘူး ငါလည်းပထမနှစ်ပဲ repeater ဆိုပေမယ့်လို့"

"အာ..?"

"မင်းဘယ်အတန်းကလဲ ငါ့နာမည်ရှောင်းကျန့် မင်းနာမည်ရော ဘယ်လိုခေါ်လဲ"

ဒီလူဘာလဲဟ။ ဝေးဝေးနေဖို့ပြောတာကို နာမည်မိတ်ဆက်လိုက်သေးတယ်။ ရိပေါ် အဲ့လူကို စိတ်ပြောင်းဖို့ စကားလမ်းကြောင်းလွှဲလိုက်တယ်။

By My Side ||ZhanYi||Where stories live. Discover now