Part-2

660 54 5
                                    

နောက်တစ်ကြိမ်တွေ့ဆုံမှုကရေစက်ကြောင့်ပါလို့ကိုယ်ယုံကြည်ထားပါရစေ...
-------------------------------------------------------------------------
     ထူးသစ် သူ့အရုပ်ကလေးနဲ့တွေ့ပြီးတစ်ပတ်ကြာတာတောင်ခုထိအရုပ်ကလေးကမျက်လုံးထဲကမထွက်သေး။မျက်လုံးထဲအမှုန်ဝင်နေရင်တောင်လေနဲ့မှုတ်ရင်ပြန်ထွက်အုံးမည်။အရုပ်ကလေးကတော့တုတ်နဲ့ကလော်ရင်တောင်မထွက်နိုင်ဘူးထင်ပါ့။အချိန်ပြည့်RaiiမှRaiiဖြစ်နေပြီ။သူငယ်ချင်းဖြစ်သူသီဟကတောင်ပြောသည်။*ကျန်တဲ့လူတွေကAကိုက်နေတာ မင်းကRaiiကိုက်နေတာ*တဲ့။အင်း....တကယ်သာကိုက်လိုက်ရရင်......အဟိ

        အတွေးနဲ့တင်လူကမချိုမချဥ်မျက်နှာဖြစ်နေပြီ။ထပ်တွေ့ချင်...ချင်.....ဟာ!!!ဟို ဟိုမှာ အချစ်ကလေး အသည်းကလေး။ စိတ်ချင်းဆက်နေတာများလား?အခုပဲသူ့အကြောင်းတွေးနေတာ သူနဲ့ပြန်တွေ့ပြီ။ ဒါဟာရေစက်ပါလို့ကိုယ်ယုံလိုက်မယ်အသည်းကလေး။

       "ဒီမှာ ညီ"
    ထူးသစ်အနောက်မှပြေးလိုက်သွားပြီးမှီလာတာနဲ့Raiiရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။
      "ဟုတ်ကဲ့ ကျွန်တော့်ကိုသိလို့လားဗျ"

      အခုလိုကျတော့လည်းကျွန်တော့်Raiiလေးကလိမ္မာယဥ်ကျေးနေပါလား?အင်း...ချစ်ဖို့ကောင်းလိုက်တာ

      "ဟို...ညီ တစ်ခုခုပြုတ်ကျခဲ့လို့ပါ"
      "ဟာ...ဘာကျခဲ့တာလဲမသိဘူး ငါ့နဲ့နော်"

     ပြောလည်းပြောလိုက်ရော သူ့ပစ္စည်းတွေသူပြန်စစ်ကြည့်နေသည်။ဒီလူကအကြံနဲ့ပြောတာကိုမသိရိုးလား?

      "ဘာကျခဲ့တာလဲဗျ ကျွန်တော်ရှာတာမတွေ့လို့"

       "ဘာကျခဲ့တာလဲဆိုတော့ ညီ့ကိုပေးမယ့်ကိုယ့်အချစ်တွေ"
   
     အမလေး ပြောရတာအရသာရှိလိုက်တာ

       "ဘာ!!! ခဗျား လူကိုဘာထင်နေလဲ? လက်သီးတောင်းနေတာလား? ကျပ်ပြည့်လား?"
       "လူကိုတော့ ကိုယ့်အနာဂတ်ခင်ပွန်းလောင်းလို့ထင်တယ် လက်သီးတော့မပေးနဲ့လက်ဝါးဖြန့်ပေး လက်ထပ်လက်စွပ်ပါတစ်ခါတည်းဝတ်ပေးမယ်"

       Ohh!!စကားနဲ့ကိုယ်တော့ကြည်နူးနေပြီ Raiiရေ

     အား လား လား...အချစ်ကလေးက ချစ်စရာကောင်းသလိုလက်သီးလည်းကောင်းတာပဲ လူကိုဆွဲထိုးလိုက်တာများ ကြယ်တွေလတွေတောင်မြင်သွားတယ် မင်းထိုးလိုက်တဲ့ပါးကတစ်ချိန်မှာမင်းနမ်းရမယ့်ပါးကွအသည်းရ မြန်မာကားထဲကစကားယူသုံးလိုက်မယ် ကြိုက်လို့

ချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့။(season One Complete)Where stories live. Discover now