သူအချစ်ကိုရဖို့ဆို
————————————
ထူးသစ်ဒီနေ့စိတ်ရောကိုယ်ပါလန်းဆန်းနေသည်။အကြောင်းရင်းကတော့ညကကြည့်သည့်ဇာတ်ကားအကြောင်း။ ဇာတ်ကားထဲမှာမင်းသားကမင်းသမီးကိုတသ်ဖက်သတ်ကြိုက်ပြီးအတင်းလိုက်ရာမှချစ်သူဖြစ်သွားကြသည့်ဇာတ်လမ်းလေး။သူလည်းဇွဲမလျော့ဘဲကြိုးစားရင်Raiiအချစ်ကိုရနိုင်ကောင်းပါရဲ့။*step one=ရင်းနှီးမှုရယူခြင်း*
စာအုပ်လေးထဲချရေးလိုက်သည့်ခေါင်းစဥ်နှင့်အတူရင်းနှီးစေရန်နည်းလမ်းများ။ ထို့နောက်တွင်တော့အစွမ်းကုန်ပြင်ဆင်ပြီးထူးသစ်Raiiရှိတာအရပ်ဆိုထွပ်လာခဲ့သည်။
"Raii...."
"မင်း....ဘာလာရှုပ်ပြန်ပြီလဲထူးသစ် ငါမင်းကိုပြောပြီးသားနော်"
မျက်နှာမြင်ရုံနဲ့တောင်ဒေါသထွက်နေပါရောလားချစ်ရသူရေ။
"ဟိုးထား Raii. .Raiiကလည်းကိုယ်ကအခုအဲ့ကိစ္စကြောင့်မဟုတ်ပါဘူးကွာ ဒီတိုင်းRaiiနဲ့ခင်ချင်လို့ Raiiအချစ်ကိုမရရင်တောင်သူငယ်ချင်းတော့ဖြစ်ခွင့်ရှိတယ်မှတ်လားဟင်"ဟုတ်ပြီထူးသစ်။မျက်နှာကိုအတတ်နိုင်ဆုံးငယ်ထား။ဒါမှRaiiကသနားပြီးလက်ခံမှာ။
"အော...အဲ့လိုဆိုရင်တော့ရပါတယ် သူငယ်ချင်းဖြစ်လို့ရတယ် အဆင့်မကျော်ရင်ပေါ့"
"Ok အဲ့တာဆို ကိုယ်နဲ့Raiiကအခုသူငယ်ချင်းဖြစ်သွားပြီနော် အခုတော့ကိုယ်သွားလိုက်အုံးမယ် စျေးဝယ်ရအုံးမှာမို့လို့ bye"
ပျော်သည်။ခင်မင်မှုလေးရလာသောကြောင့်။ရှေ့လျှောက်ကိုယ်မင်းကိုဘယ်လိုခြွေမလဲဆိုတာစောင့်ကြည့်ထားပါအချစ်ရေ။
>>>>>>>>>>>>>>>>"အဲ့တော့အခုမင်းအချစ်ကလေးနဲ့သူငယ်ချင်းဖြစ်သွားပြီပေါ့?"
မင်းမြတ်ရဲ့အမေးကို အရှေ့ကbeerခွက်ကိုမော့သောက်လိုက်ရင်း ပြုံးပြုံးကြီးခေါင်းညိမ့်ပြလိုက်သည်။
"ဟားဟား ထူးသစ်ရဲ့အခွက်က ဂုဏ်ဆာနေတဲ့အခွက်နဲ့ ဟားဟားဟား"
"ရီထားစမ်းပါမင်းမြတ်ရာ မကြာတော့ပါဘူး Raiiဆိုတာထူးသစ်ရဲ့သက်ဆိုင်သူဖြစ်လာတော့မှာ"
KAMU SEDANG MEMBACA
ချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့။(season One Complete)
Romansaချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့....ကမ္ဘာပေါ်မှာမင်းကအချစ်ခံရဆုံးလူသားဖြစ်အောင်ကိုယ်ကချစ်ပေးမှာ အခုတော့........