ဒဿဆန်ဆန်ရူးမိုက်ခြင်း
--------------------------------------------
အခုဆိုRaiiနောက်ကိုRaiiမသိအောင်ထူးသစ်လိုက်နေတာ တစ်ပတ်ရှိပြီ ဘယ်နေ့တွေမှာဘယ်ကိုသွားတတ်တာလဲဆိုတာလည်းသိနေပြီ။ ဘာအကြောင်းကြောင့်လိုက်နေသလဲဆိုတာတော့ထူးသစ်သာသိမယ်ထင်တယ်။
"ကိုယ်တစ်ကြိမ်တစ်ခါလောက်တော့ရူးမိုက်သင့်သလားအချစ်"
ခပ်တိုးတိုးရေရွတ်သံနဲ့အတူမျက်နှာထက်နေရာယူလာသည်က အဓိပ္ပါယ်ဖော်မရသော အပြုံးတစ်ခု။ငယ်ငယ်က ရာမမင်းသားလက်ထဲကသီတာဒေဝီကိုလုသွားတဲ့ဒဿဘုရင်ကိုအရမ်းမုန်းမိပေမယ့် အခုမှကိုယ်ချင်းစာမိပါရဲ့။ လူတိုင်းကကိုယ်ချစ်တဲ့လူကိုပိုင်ဆိုင်ချင်ကြသည်ချည်းပဲလေ။ဒဿလည်းသူချစ်တဲ့သီတာကိုပိုင်ဆိုင်ချင်တာအပြစ်မမည်ပါ။ မင်းဒဿရေ....ကျွန်တော်တော့ခင်ဗျားကိုကိုယ်ချင်းစာမိပါပြီဗျာ။
ဒီရက်ပိုင်းအတွင်း ထူးသစ်ရဲ့အလုပ်က မနက်ရှစ်နာရီထိုးတာနဲ့Raiiရဲ့အိမ်ရှေ့ခပ်လှမ်းလှမ်းကနေRaiiထွက်အလာကိုစောင့်မယ်။ရင်ခုန်ခြင်းတွေကိုအဖော်ပြုရင်းပေါ့။ ပြီးရင်တော့ Raiiရဲ့ခပ်ခွာခွာကနေ Raiiမသိအောင်တောက်လျှောက်လိုက်မယ်။ အဝေးကနေအပြုံးလေးကိုငေးကြည့်ရင်း။ ဒီတိုင်းလေးကျေနပ်ချင်ပေမယ့် အတ္တတို့ကြောင့် ဤလူသားကိုထူးသစ်ပိုင်ဆိုင်ချင်ပြန်ရော။ အင်း....ခက်တယ်။
"Raiiရယ် မင်းအပြုံးတွေကသာကိုယ့်အတွက်ဆိုဘယ်လောက်ကောင်းလိုက်မလဲ?"
စကားသံအဆုံးမျက်ဝန်းမှစိုစွတ်သောခံစားချက်နဲ့ပေါက်ခနဲကျလာတဲ့မျက်ရည်တစ်စက်။ နေမြင့်လို့အရူးရင့်ခဲ့ပြီထင်ပါရဲ့။ ကိုယ့်နှလုံးခုန်သံကတောင် Raii လို့မြည်ပြီးတမ်းတမိသည်အထိပါပဲ ချစ်ရသူ။
>>>>>>>>>>>>>>>>>"မင်းအစားငါပင်ပန်းလိုက်တာ ထူးသစ်ရာ"
ခံစားချက်တွေကိုသူငယ်ချင်းဆီဖုန်းဆက်ရင်ဖွင့်မိတော့ သူငယ်ချင်း မင်းမြတ်ကငြီးသည်။"ငါ...ငါလည်းဘယ်တတ်နိုင်ပါ့မလဲကွာ ချစ်မိမှတော့ ငါကိုယ်တိုင်အစပျိုးခဲ့တဲ့အချစ်ပင်ကို ပန်းပွင့်တဲ့အထိစိုက်ရတော့မှာပေါ့"
"ငါနားလည်ပါတယ်ထူးသစ်ရဲ့ ဒါပေမယ့်မင်းခံစားနေရတာကိုမြင်နေရတာ ငါတို့ပင်ပန်းတယ်ကွ အရင်လိုပျော်ပျော်လေးနေစမ်းပါကွာ နော် မင်းလိုလူအတွက်ရည်းစားမရှားပါဘူး သူ့ကိုမေ့လိုက်တော့ကွာ နော်"
YOU ARE READING
ချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့။(season One Complete)
Romanceချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့....ကမ္ဘာပေါ်မှာမင်းကအချစ်ခံရဆုံးလူသားဖြစ်အောင်ကိုယ်ကချစ်ပေးမှာ အခုတော့........