အချစ်ကဘာလဲမေးရင်မင်းလို့ပဲကိုယ်ဖြေမိမှာ
————————————————
"အဆင်ပြေသွားမှာပါကွာမင်းကလည်း""ဟင့်အင်း ငါ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာကွ ငါကတော့သူ့ကိုချစ်လိုက်ရတာ"
မင်းခံစားနေရတာကိုငါတဂယ်မမြင်ရက်ဘူးRaiiရယ်။သစ္စာမရှိတဲ့သူ့ဆီမှာခစားနေရတာထက် မင်းတစ်ယောက်ထဲပဲမြင်တဲ့ငါ့ဆီမှာဘုရင်လိုစံစားပါလားကွာ?
အခုကRaiiကထူးသစ်အိမ်မှာလာfeelနေတာဖြစ်သည်။Raiiရဲ့ကောင်မလေးကိုနောက်ကောင်လေးတစ်ယောက်ကားပေါ်တက်သွားသည်ကိုRaiiကိုယ်တိုင်မြင်ခဲ့သည်ဆိုကာထူးသစ်အိမ်ကိုရောက်လာပြီးအခုငိုနေပြန်သည်။ဒီကကောင်ကသူ့မျက်ရည်တစ်စက်ကျရင်ကမ္ဘာပျက်တာမသိရိုးလား?
"အေးပါကွာ နားလည်မှုလွဲတာဖြစ်မှာပါ အခုမင်းလည်းပင်ပန်းနေပြီအိပ်မလားပြန်မလား?"
"ငါမင်းဆီမှာပဲဒီညအိပ်လိုက်တော့မယ်"ဒီညတော့ချစ်ရသူမျက်နှာလေးကိုတစ်ဝကြီးကြည့်ရတော့မှာမို့ထူးသစ်ပျော်ပါသည်။သူအိပ်ပျော်နေတုန်းလေးသူ့မျက်နှာလေးကြည့်ပြီးသူမသိပေမယ့်ချစ်ကြောင်းပြောပြချင်မိသည်။ဒီလောက်တော့သူ့မှာအခွင့်အရေးရှိတယ်မှတ်လား?
>>>>>>>>>>>>>>>>
အိပ်ယာထက်အိပ်ပျော်နေတဲ့Raiiကချစ်စရာအတိ။ထူးသစ်မှာတော့Raiiမျက်နှာလေးထိုင်ကြည့်ပြီးနှုတ်ခမ်းများကပြုံးလို့။"သိပ်ချစ်တယ်Raii။ချစ်တာထက်မြတ်နိုးတာ။ဒါတွေမင်းမသိတာလား?သိရက်နဲ့မသိချင်ယောင်ဆောင်နေတာလားကွာ?ဟင်? မင်းပျော်နေရင်ငါကြေကွဲရလည်းအဆင်ပြေတဲ့အတွက်ဒီတိုင်းလေးပဲနေနေတာပါ။ငါခံစားရတာနဲ့တန်အောင်တော့မင်းကပျော်နေပေးနော်"
အိပ်ပျော်နေတဲ့Raiiရဲ့ဆံပင်လေးတွေကိုသပ်တင်ပေးရင်းတိုးတိုးလေးပြောနေမိသည်။Raiiဆိုတာထူးသစ်အတွက်ဖြစ်တည်လာခြင်းမဟုတ်တဲ့ထူးသစ်ရဲ့အချစ်ဆုံးလူသားလေး။
ထို့နောက်တွင်တော့Raiiနှဖူးလေးကိုညင်ညင်သာသာအနမ်းပေးပြီးအခန်းထဲမှထူးသစ်ထွက်လာခဲ့ပါသည်။
ထိုနေ့ညက အိပ်မက်ထဲမှာတစ်ယောက်ယောက်အနမ်းပေးတာခံရတဲ့ကောင်လေးရယ်၊ချစ်ရသူနဲ့ဝေးဖို့သေချာနေတဲ့အနာဂတ်ကိုတွေးပြီးမျက်ရည်တွေကျနေခဲ့ရတဲ့ကောင်လေးရယ်တစ်မိုးအောက်မှာရှိခဲ့ကြသည်။လမင်းကြီးကတော့ငိုနေတဲ့ကောင်လေးကိုသနားလို့ထင်ပါရဲ့ တိမ်တွေကြားထဲပြေးဝင်လို့။
~~~~~~~~~~~~~~~~~
တဂယ်ကဒါလေးပြောချင်လို့တိုတိုလေးupလိုက်တာ။ဒီဟာလေးကိုနောက်နှစ်ပိုင်းသုံးပိုင်းလောက်မှာဇာတ်သိမ်းပြီးတော့season 2လေးရေးပေးရမလား?သဘောတူမတူပြောသွားကြပါအုံး။SEဆိုတော့ကိုယ်စဥ်းစားထားတဲ့plotထူးသစ်လေးအပေါ်အရမ်းရက်စက်နေရာကျသလားလို့season 2ထပ်ရေးပေးချင်လာလို့။ ဒါဒါတို့သဘောထားကိုပြောသွားကြနော်
YOU ARE READING
ချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့။(season One Complete)
Romanceချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့....ကမ္ဘာပေါ်မှာမင်းကအချစ်ခံရဆုံးလူသားဖြစ်အောင်ကိုယ်ကချစ်ပေးမှာ အခုတော့........