Part(7)

345 44 6
                                    

            "တစ်ဖက်သတ်အချစ်ဟာဖြူစင်ပေမယ့်ရင်မှာနာကျင်တယ်"
___________________________

     မနေ့ကRaiiနဲ့အတူclubမှာပျော်ပြီးသွားတည်းက ထူးသစ်တစ်ကိုယ်လုံးနာကျင်နေတာမှအရမ်းပဲ။အမူးသမားလေးကိုထိန်းရတာရော ကွေးနေအောင်ကထားတာရောကြောင့် လူကသေးသေးလေးတောင်မလှုပ်ချင်တော့ပါ။

       နေမကောင်းဖြစ်ချင်နေတဲ့ကိုယ့်အကြောင်းကိုယ်သိတာကြောင့် ဆေးသောက်ပြီးအိပ်ဖို့ခုတင်ပေါ်တက်ကာလှဲလိုက်ပေမယ့် ထမြည်လာသည့်ဖုန်းကြောင့် မထချင်ပဲထရပြန်ပြီ။

       "Hello"
       "------"
       "အာ...ဟုတ်ကဲ့ ပြောပါမကလျာ ကျွန်တော်ထူးသစ်ပါဗျ"
        "-------"
         "ဟုတ်ကဲ့ ရပါတယ် ကျွန်တော်ခဏနေထွက်လာခဲ့ပါမယ်ဗျ"

         အင်း...နေမကောင်းချင်လို့အိပ်ပါမယ်ဆို ကျွန်တော့်Raiiရဲ့ချစ်သူကဖုန်းဆက်ပြီးမေးစရာရှိပါတယ်ဆိုတာကြောင့်အပြင်ကသွားရအုံးမည်။ဘယ်ဘဝကဝဋ်ကြွေးတွေပါလိမ့်။ ကိုယ်ချစ်တဲ့သူကပြန်မချစ်သည့်အပြင် သူ့အချစ်ရေးကိုပါ ကိုယ်ကကူညီပေးနေရသည်။
>>>>>>>>>>

         "မကလျာ ဘာများ?"

          "ထူးသစ်ကိုတော့အားနာပါတယ် ခုလိုကြီးခေါ်တွေ့ရလို့လေ"

          "မဟုတ်တာပဲမကလျာရယ် ရပါတယ် မေးချင်တာကိုပွင့်​ပွင့်လင်းလင်းမေးလို့ရပါတယ်"

         "မနေ့က ကိုနဲ့ ကိုထူးသစ်တို့ clubသွားခဲ့ကြတာလား?"

     ဟင်!သူကဘယ်လိုသိတာလဲ?
   
         "အာ...အဲ့တာက ဟုတ်တယ်ဗျ Raiiကclubမသွားရတာကြာလို့သွားရအောင်ဆိုတာနဲ့....."

        "အော်....နောက်တစ်ခုထပ်မေးချင်လို့ရလား ကိုထူးသစ်?"

    ဘာများထပ်သိချင်ပြန်ပြီလဲ?

        "ဟုတ်ကဲ့ မေးပါ"

        "ထူးသစ်က ကို့ကိုကြိုက်နေတာဆို? ကိုနဲ့သူ့သူငယ်ချင်းတစ်ယောက်ပြောတာကြားမိလို့"

     ဗုဒ္ဓေါ!! ဝန်ခံလိုက်သင့်လား? ငါဘာလုပ်ရမလဲ?

        "ထူးသစ်?"
      ထူးသစ်ဘက်ကဘာမှမပြောလာသည်ကြောင့်ထင်သည် ကလျာကထပ်၍ခေါ်လာတော့

ချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့။(season One Complete)Donde viven las historias. Descúbrelo ahora