အချစ်နဲ့ပတ်သက်ရင်လူတွေတိုင်းဟာဆယ်ကျော်သက်
"Hello"
"----"
"Aww. ..အဲ့တာဆိုကျွန်တော်လိုက်ခဲ့မယ်လေ"
"-------"
"အင်း 6နာရီခွဲလောက်လာခဲ့မယ်လေ Raiiနဲ့အဲ့ကျမှတွေ့ကြတာပေါ့"ထူးသစ်နေ့ခင်းဘက်ခဏအိပ်နေတုန်းRaiiဆီကဖုန်းလာသည်။ဒါကသူ့ဆီRaiiဘက်ကစပြီးဆက်သွယ်တာဒုတိယအကြိမ်မြောက်။ပထမအကြိမ်တုန်းကထူးသစ်နဲ့ဂိမ်းဆိုင်မှာချိန်းထားသည်ကြောင့် ရှာမတွေ့သဖြင့်ဖုန်းဆက်လှမ်းမေးခြင်း။ခုတစ်ယောက်ကRaiiကောင်မလေးခရီးသွားလို့ထူးသစ်နဲ့clubသွားပြီးကဲမယ်ဟုဆိုလာခြင်းဖြစ်သည်။ ကိုယ်ကချစ်ရသူမို့သူ့ပါးစပ်ကထွက်သမျှစကားတိုင်းက ကိုယ့်အတွက်အမိန့်သာ။
>>>>>>>>>>>>
"Raii ငါဒီမွာ"Dance floorနဲ့အနီးကဝိုင်းတစ်ခုမှာနေရာယူထားပြီးRaiiကိုထိုင်စောင့်နေရာမှ ဝင်လာသည့်Raiiကြောင့် လက်ပြကာလှမ်းအော်လိုက်သည်။
"Sorryငါနောက်ကျသွားတယ် မင်းဘာမှမမှာရသေးဘူးလား?"
"Omm မင်းဘာသောက်မလဲမသိလို့ ငါလည်းခုဏကမှရောက်တာလေ"
"Aww. ..အဲ့တာဆိုငါပဲမှာလိုက်မယ်"
Beerနဲ့တခြားစားစရာသောက်စရာတစ်ချို့မှာပြီးသီချင်းစည်းချက်အတိုင်းခေါင်းလေးလှုပ်နေသည့်Raiiက ကလေးတစ်ယောက်လိုချစ်စရာလေးပင်။ထူးသစ် Raiiကိုပြုံးပြီးသာကြည့်နေမိသည်။
အတန်ငယ်သောက်ပြီးသောအခါတွင်တော့Raiiတစ်ယောက်မူးနေပါပြီ။ဖွင့်းမျှသီချင်းမြူးမြူးများကိုလိုက်အော်ဆိုကာ လူကသာထိုင်နေပေမယ့်တစ်ကိုယ်လုံးကတော့လှုပ်ယွနေပါသည်။ အင်း အမူးသမားလေးကအသည်းယားစရာကောင်းနေသည်မှာတော့အမှန်ပါ။DJမှ remixလုပ်ထားသောအိမ့်ချစ်ရဲ့သီချင်းတစ်ပုဒ်ကိုဖွင့်တော့လည်း အော်ဆိုနေပြန်ပါသည်။ဒီလူသားလေးကိုအသည်းယားလို့ဘယ်လိုလုပ်ရပါ့မလဲ။
"အားလုံးကို ပြတ်သွားအောင် မင်းဖြတ်ရင်ဖြတ် ဒါမှမဟုတ်ရင်မင်းဂွေးကိုဖြတ်!"
ဟဲ့!ဘယ်လိုတောင်ဆိုလိုက်တာလဲRaiiရယ် ထူးသစ်ခမျာငမ်းနေတာတောင်ရပ်ပြီးအော်ရယ်မိပါသည်။ ဘာတဲ့ ဒါမှမဟုတ်ရင် မင်းဂွေးကိုဖြတ်တဲ့ ဟားဟားဟား
"Raiiရယ် ဘယ်လိုဆိုလိုက်တာလဲကွာ ငါဂွေးတောင်တိုသွားသလိုပဲ ဟားဟား"
"သိဝူး သိဝူး ငါသွားကဘီ ဘိုင်းရီ"
KAMU SEDANG MEMBACA
ချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့။(season One Complete)
Romansaချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့....ကမ္ဘာပေါ်မှာမင်းကအချစ်ခံရဆုံးလူသားဖြစ်အောင်ကိုယ်ကချစ်ပေးမှာ အခုတော့........