မပိုင်ဆိုင်နိုင်တာသိရက်နဲ့ကို ငါရူးခဲ့သူပါ
———————————————————
"ငါကလျာ့ကိုလက်ထပ်ခွင့်တောင်းတော့မလားလို့"ထူးသစ်ခေါင်းပေါ်မိုးကြိုးပစ်ချခံလိုက်ရသလိုထူပူသွားတော့သည်။နဂိုတည်းကတောင်အဝေးကငေးကြည့်နေရတာကိုအခုသူကပိုင်ရှင်ပါရှိတော့မှာဆိုတော့ ဟင့်အင်း ထူးသစ်လက်မခံနိုင်ဘူး။
"အော်...တောင်းလေ မင်းတောင်းချင်ရင်"ရင်ထဲကခံစားချက်ကိုမျိုသိပ်ရင်းချစ်ရသူပျော်ဖို့သာတွေးလိုက်ပါသည်။ထူးသစ်ဆိုတဲ့ကောင်ကRaiiပျော်ရွှင်မှုကိုအသက်ထက်တန်ဖိုးထားတဲ့ကောင်မို့။
"ဘယ်နေ့တောင်းမယ်စဥ်းစားထားလဲ"ဟင့်အင်း မသိချင်ဘူး။ဒါပေမယ့်လည်းအကျင့်မကောင်းလှတဲ့ပါးစပ်ကအလိုလိုမေးပြီးပြီ။
"မနက်ဖန်တောင်းမယ်လေ သူလက်ခံတာနဲ့စေ့စပ်ပွဲပါတစ်ခါတည်းလုပ်ဖို့စီစဥ်လိုက်မယ်""အော် မင်းအဆင်ပြေရင်ပြီးတာပဲ"
အင်း မင်းအဆင်ပြေရင်ပြီးပြီမို့ မင်းပျော်ဖို့သာအဓိကမို့လို့။စုတ်ပြတ်သက်နေတဲ့ငါ့နှလုံးသားကတစ်စစီကြေမွသွားလည်းကိစ္စမရှိတော့ဘူး။မင်းသာပျော်နေပေး။
အဲ့နေ့ညကထူးသစ်ရဲ့အိပ်ရေးပျက်ညတွေထဲကတစ်ညဖြစ်ခဲ့ပါသည်။ရင်ထဲကပူလောင်မှုကိုအရက်နဲ့လည်းဖြေလို့မရခဲ့ပါ။မူးရင်မေ့သွားမယ်ထင်ခဲ့ပေမယ့် မူးမှပိုသတိရပြီးပိုခံစားရသည်။ကိုယ်ကအရူးရင့်နေပြီးမှ။
>>>>>>>>>>>>>>>>>>>
"Will you marry me? "
ပြုံးပြုံးလေးနဲ့ခေါင်းငြိမ့်လိုက်ပါသောကောင်မလေးကြောင့်ရပ်ကြည့်နေသည့်လူအုပ်ကြီးမှဟေးခနဲအော်ကာပျော်နေကြပါသော်လည်းလူအုပ်ထဲမှာတစ်ယောက်ကတော့တိတ်တိတ်လေးမျက်ရည်ကျမိပါသည်။အင်း....မင်းပျော်နေတာပဲလေ။တန်ပါတယ် ငါ့မျက်ရည်တွေကိုစတေးပြီးမင်းအပြုံးတွေကိုမြင်ခွင့်ရခဲ့တယ်။*စေ့စပ်ကြောင်းလမ်းခြင်း*
နေ့စဥ်သတင်းစာရဲ့တစ်နေရာမှသတင်းတစ်ပုဒ်ကသာမန်ဆိုပေမယ့် ထူးသစ်အတွက်ကတော့ကမ္ဘာပျက်မယ့်သတင်းလိုပဲ။
YOU ARE READING
ချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့။(season One Complete)
Romanceချစ်သူသာပြန်ချစ်ခဲ့သည်ဆိုပါစို့....ကမ္ဘာပေါ်မှာမင်းကအချစ်ခံရဆုံးလူသားဖြစ်အောင်ကိုယ်ကချစ်ပေးမှာ အခုတော့........