Part -1

460 12 0
                                    

Kwon Jiyong! ! ဟူသော ဒေါသသံအတိ လွှမ်းမိုးလျှက် ညနေခင်းလေးဟာ မလှပနိုင်တော့>

"Appa! ကျွန်တော့်ဘက်ကိုကြည့်ပါဦး မေမေ့နေရာမှာတခြားဘယ်သူ့ကိုမှအစားမထိုးနိုင်ဘူး"
ခပ်တင်းတင်းလေသံနှင့် Jiyong အော်ပြောမိသည်။
သို့သော် ဖခင်ဖြစ်သူထံမှ ဖြေရှင်းချက်တစ်စုံတစ်ရာမကြားရ

Jiyong မှာ မိခင်ဖြစ်သူ ဆုံးပါးပြီး တစ်နှစ်ပင်မပြည့်သေး
ဖခင်နောက်အိမ်ထောင်ပြုမည်ဟူသောသတင်းကြောင့် အကြီး
ကျယ်ပေါက်ကွဲတော့တယ်

"Jiyong ya! Appa မင်းကိုပြောပြီးပြီ appa ဆုံးဖြတ်ပြီးပြီ သားလက်ခံလာမှာပါ appa တို့ မိသားစု
လေး တစ်ခု ထပ်ဖန်တီးကြရအောင်Jiyong " ဥက္ကဋ္ဌ Kwon က ခပ်အေးအေးပြောသော်လည်း Jiyong မှာ
အလွန်ပင်ခါးခါးသီးသီးငြင်းပယ် သောမျက်နှာထားမှာ ယခုထိပင်

အဟက်! ခနဲ့တဲ့တဲ့ အပြုံးတစ်ခု Jiyong ဖန်တီးလိုက်ပြီး

"ကျွန်တော့်အမေကို မချစ်ဘဲ အိမ်ကပေးစားလို့ ယူခဲ့ရလို့
အမေကျန်းမာရေးမကောင်းတဲ့ချိန် တစ်ချက်လေးတောင်
ဂရုမစိုက် ဘဲ နေပြီး အမေ့ကိုတမင်များ Appa သေစေချင်ခဲ့တာလား '' ခနဲ့တဲ့တဲ့ပြောသည်

Kwon Jiyong! ခပ်တင်းတင်းအော်သံနှင့်အတူ ''ခွပ်''
ဥက္ကဋ္ဌKwon၏လက်သီးပြင်းပြင်းတစ်ချက် Jiyong ၏ ပါးသို့ကျရောက်လာသည် ထိုးချက်ကြောင့် နေရာတင် ယိုင်သွားပေမဲ့ Jiyong ပါးဆောင်က သွေးအချို့ကို လက်ဖြင့် တို့ကြည့်ကာ မဲ့ပြုံးတစ်ချက်ပြုံးပြီး

"Appa နောက်အိမ်ထောင်ပြုလိုက်လေ တစ်ခုတော့သိထားပါ Appa ရဲ့ နောက်မိန်းမ ဆိုတဲ့ တစ်ယောက် ပျော်ရွှင်ရလိမ့်မယ်လို့ မထင်နဲ့ "

Jiyong ခံပြင်းဒေါသထွက်ပြီး အိမ်မှထွက်လာခဲ့သည်
မျက်လုံးထဲက မျက်ရည်စတစ်ချို့ကတော့ ကျလုဆဲဆဲကို
ထိန်းထားလိုက်နိုင်သေးသည်။

Bar တစ်ခုထဲသို့ Jiyong ဝင်လာခဲ့သည် ရောက်ရောက်ချင်း အရက်ပြင်းပြင်းတွေကို မော့တော့သည်
ချွေးတွေလည်းထွက် နာကျင်မှု ခံပြင်းမှုနှင့်အတူ တစ်ခွက်ပြီးတစ်ခွက်မော့နေမိသည်။ မူးလာသလိုလို ရှိတာကြောင့် jiyong ရဲ့ အမြင်တွေတောင်ဝေဝါးလာရသည်။

Between us (Completed) Where stories live. Discover now