part 5

96 11 0
                                    

Seungri က Company ကိစ္စများကို ဥက္ကဋ္ဌ Kwon ၏ မန်နေဂျာ ဖြစ်သူ Mr.Han ထံ အပ်ထားသည် Mr.Han မှာ စိတ်ချရသည် jiyong ရဲ့ စေ့စပ်ပွဲကိစ္စ နှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်မှ မဟရဲကြ

"ငါ အိမ်ပြန်ချင်တယ် ဒီအခန်းထဲမှာ မနေနိုင်တော့ဘူး'' jiyong အပြောကြောင့် Seungri က ''ဟုတ်ကဲ့ Hyung ဒီတစ်နေ့တော့ သည်းခံပေးပါနော် မနက်ကျရင်

ကျွန်တော်အားလူံး စီစဉ်ထားလိုက်မယ် ပြီးရင် အိမ်ပြန်ကြမယ် Hyung ကိုဒီလိုနေရာမှာ ကျွန်တော် အမြဲ
ပိတ်မထားရက်ပါဘူး '' Seungri ရဲ့ အဖြေကြောင့်

Jiyong စိတ်သက်သာသလိုပင် ''Hyung ပိန်သွားတယ်'' Seungri က စိတ်မကောင်းသော အမူအရာဖြင့် '' ကျွန်တော့်ကြောင့်ပါ Hyung ပင်ပန်းရပြီ''
ဟု သက်ပြင်းချကာ

"မင်းပြန်တော့ ငါအိပ်ချင်ပြီ" ခပ်တင်းတင်း အသံဖြင့်Jiyong ပြောတော့ ''ခဏလေးပါ Hyungရယ်
မျက်နှာလေး ကြည့်မဝသေးလို့ပါ '' Seungri jiyong အား ပြုံးပြကာ ပြောသော်လည်း jiyong မှာ မျက်နှာ လွှဲပစ်သည် ''ဟုတ်ပါပြီ ကျွန်တော် အခန်းပြင်ပြန်ပါတော့မယ် Hyung အနားယူတော့ Good Night Hyung ''
ဟုဆိုကာ ထွက်လာခဲ့တော့သည်။

ဒီညလဲ ပြတင်းပေါက်မှန်ကနေ ကြယ်လေးတွေကိုကြည့်ရင်း

"ဘာတစ်ခုမှ မပိုင်ဆိုင်ရတဲ့ ဒီLee Seungri ရဲ့ ဘဝမှာ
Kwon Jiyong ဆိုတဲ့ လူသားကိုတော့ အပိုင်လိုချင်မိတယ်ကွာ'' ဟု ခပ်ပါးပါး ပြုံးရင်း ရေရွတ်မိသည် နံနက်မိုးလင်းတော့ Seungri ကားအရန်သင့် ပြင်ဆင်ထားပြီး Jiyong အခန်းတံခါးကို ခေါက်ကာ ''Hyung အရန်သင့်ဖြစ်ပြီ သွားကြမယ် ''ဟုပြောမှ အခန်းထဲက ထွက်လာတဲ့Kwon Jiyong

အင်္ကျီအဖြူလက်ရှည် ဘောင်းဘီအနက်ရောင်ရှည်
ဖြူဖွေးကြည်လင်နေသော မျက်နှာလေးက တောက်ပပ Seungri ခဏ ငေးကြည့်ပြီး ''ကျွန်တော့်ရဲ့ Jiyong က ချောလိုက်တာ ''ဟု စိတ်ထဲကပဲ ပြောမိသည်

"လာသွားကြမယ်Hyung ''ကားတံခါးဖွင့်ပေးတော့ ကားထဲ၌ Jiyong ဝင်ထိုင်ကာ သူ့ph ပဲ ကြည့်နေတော့သည်
Nana နဲ့လည်း အဆက်သွယ်ပြတ်သွားပြီ သူလဲငါ့ကိုမုန်းသွားလောက်ပြီ ဒါတွေအကုန် Lee Seungri ကြောင့် တွေးရင်းဒေါသထွက်လာတော့သည်

အိမ်ရှေ့ရောက်တော့ Seungri က ကားတံခါး ဖွင့်ပေးကာ

"Hyung အရင်သွားနှင့် ကျွန်တော် ပစ္စည်း တွေသယ် ပြီးလိုက်ခဲ့မယ် '' ဟုပြောကာ အိမ်သော့ထုတ်ပေးသည်

Between us (Completed) Where stories live. Discover now