part 8

130 8 0
                                    

အပြင်ကပြန်ရောက်သည် ဖြစ်သောကြောင့် အချိန်ကလည်း
မှောင်စပြုနေပြီ ဖြစ်သည်

Seungri က ဧည့်ခန်းထဲတွင် computer တစ်လုံးနဲ့အလုပ်ရှုပ်နေသောJiyong အား ကြည့်ရင်း
"Hyung ထမင်းစားဖို့ပြင်ရတော့မလား '' .
Jiyong က Seungri အားမော့တောင်မကြည့်
အလုပ်ဆက်လုပ်နေ၍ ''အင်း '' ဟုသာ ပြန်ဖြေသည်

"Hyung ပြင်ပြီးပြီ လာတော့'' လို့ ခေါ်တာကြောင့်
Jiyong နေရာမှ ထလာပြီး '' မင်းမစားဘူးလား''

မမေးစဖူး အမေးကြောင့် Seungri ပျော်မိပါသည်
အရင်ကဆို Jiyong စားပြီးမှသာ Ri စားတတ်သည်
မေးဖို့ မပြောနှင့် Seungri မရှိသလိုပင် မသိချင်ယောင်
ဆောင်တတ်တဲ့Kwon Jiyong

"Hyung အရင်စားပါ '' ခပ်ပြုံးပြုံး ပြန်ဖြေတော့
"စကားရှည်တယ် လာစား'' Seungri အားတစ်ချက်မော့ကြည့်၍ ခပ်ဆတ်ဆတ် ပြောသည်ကြောင့်

"ဟုတ် '' Seungri တစ်ယောက်တည်း ရေရွတ်မိပါသည်
ထမင်းစားရမှာတောင် ခပ်လန့်လန့်ပဲ Seungri ကပဲ နည်းနည်း စားပြီးအရင်ထသွားသည်

ဒီတစ်ညတော့ Seungri ကြည်နူးမိပါသည်
Jiyong နဲ့အတူ တစ်ဝိုင်းတည်း ထိုင်စားဖူးခဲ့ပြီ
သူ့အပေါ် အရင်ကထက် jiyong ရဲ့ဆက်ဆံပုံလေးတွေ
အနည်းငယ် ပြောင်းလဲ လာသည်ကြောင့် သူကြည်နူးရပြန်သည်

နောက်တစ်နေ့မနက် Seungri အလုပ်သွားဖို့ ပြင်ဆင်ပြီး
ထွက်လာခဲ့သည် jiyong ဒီနေ့ ရုံးမသွားဘူး ဆိုတာသိရလို့
သူ့ရဲ့နေ့စဉ် အလုပ်တွေkwon Jiyong အတွက် စီစဉ်ပေးခဲ့ ပြီးဖြစ်သည်

Seungri အလုပ်လုပ်နေကျ ကော်ဖီဆိုင်မှာ အလုပ်ပြီးလို့
ဒီနေ့စောစော အိမ်ပြန်မည်ဟု တွေးကာ သီချင်းတစ်အေးအေးနဲ့ ပစ္စည်းတွေ သိမ်းကာ

"ကျွန်တော် ပြန်ပြီ ဦးလေး '' ဆိုင်ရှင်အား နှုတ်ဆက်ကာ
ထွက်လာခဲ့တော့သည် ညနေ ခင်းလေးလမ်းလျှောက်ချင်သည်မို့ Taxi မငှါးပဲ Ri ပြန်လာခဲ့သည် လမ်းကြားတစ်ခုထဲ ချိုးအဝင် လူငါးယောက်လောက် မျက်လုံး စူးစူးရဲရဲနှင့် စိုက်ကြည့်နေသောကြောင့် Seungri နောက်ပြန်လှည့်မည်အလုပ် မျက်နှာချင်းအနေအထား အရ
အင်္ကျီ အနက် နှင့် ဒေါင်ကောင်းကောင်း အမျိုးသားတစ်ဦး
"မင်း အသားမနာချင်ရင် အေးဆေးလိုက်ခဲ့''ဟု ခါးကြားထဲမှာ
သေနတ်အား မျက်စပစ်ပြ၍ Ri အားပြောသည်

Between us (Completed) Where stories live. Discover now