အချိန်က ည12 နာရီလောက်ရှိပြီမို့ Ri. Jiyong ဘေးမှ ထကာ ''အာ ငါအိပ်ပျော်သွားတာပဲ Hyung ရော အရမ်းနာနေမလား မသိဘူး Lee Seungri ဒီစောက်သူံးမကျတဲ့ကောင်က စိတ်အလို လိုက်ပြီး Hyung ကတောင်းပန်နေတာတောင် ''ဟု jiyong အားတစ်ချက်ကြည့်ကာ ညည်းသံသဲ့သဲ့လေး ကြားရသည်
"Hyung'' Seungri Jiyong နဖူးပေါ် လက်လေးတင်ကြည့်တော့ ''ဟာ ပူခြစ်နေတာပဲ Hyung ဖျားနေပြီ ပြသနာပဲ ငါဆရာဝန်ခေါ်ရမလား ဘာလုပ်ရမလဲ
ငါ့အပြစ်တွေ ငါစောက်သုံးမကျလို့ ''တစ်ယောက်တည်း ကမ္ဘာ ပျက်နေသည့်seungri အောက်ထပ်သို့ဆင်းလာကာ
အိမ်ကလဲ ငှါးထားတာ မကြာသေးတော့ ပစ္စည်းတွေကလည်း စုံစုံလင်လင်မရှိ ရေခဲတစ်ချို့ကို အဝတ်စနဲ့ ထုပ်ပြီး အပေါ်ပြန်တက်သွားကာ Jiyong ရဲ့  နဖူး ပါးလေးတွေ ကပ်ပေးပြီး မျက်ရည်ကျရပြန်သည် ''ကျွန်တော် မနာကျင်စေခဲ့တာ အမှန်ပါ Hyung ကျွန်တော် တောင်းပန်ပါတယ်'' လက်ကောက်ဝတ်က ပွန်းရာ ပဲ့ရောတွေ မြင်တော့လည်း ရင်ထဲမှာတဆစ်ဆစ် Seungri တစ်ညလူံး Jiyong ဘေးမှာ ထိုင်စောင့်သည် မိုးလင်းခါနီးမှ အနည်းငယ်ငိုက်လာသော်လည်း Jiyong မျက်နှာလေးကို လက်ဖြင့်စမ်းကြည့်တဲ့အခါ အပူရှိန်ကမကျသေး ''ဆရာဝန်ခေါ်မှရမယ် ထင်တယ်''" Hello Dr.Kim ကျွန်တော်အကူညီလိုနေလို့ ''
"ဟုတ်ပြီ Seungri လာမကြိုနဲ့တော့ Dr လာခဲ့မယ် မင်းအစ်ကိုနားမှာသာ နေပေးလိုက် ''တဖက်က အသိဆရာဝန်၏ စကားကြောင့်Seungri မှာ တော်ပါသေးရဲ့ ဟု သက်ပြင်းချနိုင်တော့သည်
ခဏလောက်နေတော့
ခြံထဲ၌ ကားရောက်လာတော့ Seungri ထွက်ကြိုသည်
အခန်းထဲရောက်တော့ '' Dr က စမ်းသပ်ကြည့်ပြီး အဖျားက
သာမန်ပါ ပဲ စိုးရိမ်စရာမရှိဘူး pressure ကျနေတော့
အားနည်းနေတာ သူ့ကို အားရှိစေမဲ့ အစားအသောက်ပုံမှန်ကျွေး ပြီးရင် ဒီမှာတိုက်ရမဲ့ဆေးတွေ ''"ဟုတ် ကျေးဇူးတင်ပါတယ် '' ကျသင့်ငွေ ပေးပြီးနောက်
"ကဲဒါဆို Dr ပြန်တော့မယ် ခွင့်ပြုပါဦး '' Seungri က လိုက်ပို့မည် အလုပ်'' ရပါတယ် သား လိုက်မပို့နဲ့တော့ ''"ဟုတ် ကောင်းကောင်းသွားပါ ဆရာ'' ဟုသာနှုတ်ဆက်ပြီး
Jiyong ကိုကြည့်တော့ မျက်နှာလေးမှာ ဖြူဖျော့ဖျော့
နှုတ်ခမ်းပါးလေးတွေ ပေါက်ပြဲကာ သွေးစို့နေသည်ကို မြင်ပြန်တော့ ''နောက်မလုပ်တော့ပါဘူး Hyung ကျွန်တော် ကမကောင်းတဲ့ကောင် Hyung ကို နာကြင်စရာတွေပဲ ပေးမိတယ် Hyung ရဲ့ ဘဝကိုလည်း ဖျက်ဆီးတဲ့ကောင် ခွင့်မလွှတ်ပါနဲ့Hyung" jiyong ဘေး၌ တိုးတိုးလေးပြောတော့ jiyong အနည်းငယ် လူးလိမ့်လာပြီး ''အာ...'' သည်းသံသဲ့သဲ့လေး ကြောင့်
"Hyung နိုးပြီလား '' jiyong က Seungri ကိုကြည့်ကာ ''မင်း ငါ့နားကိုမလာနဲ့ ငါ့မျက်စိရှေ့မှာမနေနဲ့ ထွက်သွား" အဖျားဒဏ်ကြောင့် အားနည်းနေသော်လည်း
Seungri အား အော်ထုတ်သည် ''Hyung ကျွန်တော် အပြင်ထွက်ပေးပါ့မယ် ဒါမဲ့ Hyung စိတ်ကို ငြိမ်ငြိမ်ထားနော် မောနေမယ် မျက်နှာသစ်ဖို့ ကျွန်တော်ကူပေးမယ် လေ ပြီးရင်ကျွန်တော်သွားမှာနော်... ''