"Ri ကိုယ့်ကို ကြည့်ပါဦး'' jiyong Seungri ၏ မေးဖျားလေးအား အသာယာ ကိုင်၍ တုန်ယင်အက်ကွဲနေသော အသံဖြင့်'' မင်းချက်ကျွေးတာတွေပဲ အမြဲစားခဲ့ရလို့ မင်းမှမဟုတ်ရင်
ကိုယ်အဆင်မပြေဘူး Ri '' ဝင်သက်ထွက်သက် မမှားအောင်ပင် Seungri အသက်ကို လုရှူနေရတာကြောင့် ''Hyung... ကျွန်တော်အိပ်ချင်တယ် '' တိုးညင်းသော အသံလေးကြောင့်
Jiyong သဘောပေါက်ပါသည် ''ဟင့်အင်း မရဘူး မအိပ်ရဘူး Ri ငါ့ခွင့်ပြုချက်မရှိပဲ မင်း...'' ပြောရင်း အသံမှာ တိမ်ဝင်သွားတော့သည် '' ငါပြောတာ နားထောင်မယ်ဆို
Hyung မင်းကို ချစ်တယ် အရမ်းချစ်တယ်Ri '' jiyong
ဒဏ်ရာအား လက်ဖြင့်ဖိထားသော်လည်း သွေးစက်တွေမှာ
အတားဆီးမရှိ စိမ့်ထွက်နေတာကြောင့် seungri ကို ဒီလိုပုံစံ မြင်နေရသည်မှာ သူ့ရင်ကို ဓားချက်ပေါင်းများစွာဖြင့် မွှန်းနေသလိုပင် ဆေးရုံကားရောက်လာသည်မို့ ''Ri ဆေးရုံသွားကြမယ် တောင့်ခံထားပါ Hyung ရှိတယ်နော်''ရင်ခွင်ထဲကကောင်လေးမှာ တဖြည်းဖြည်း ငြိမ်သက်လာတာကြောင့် Jiyong မှာ ပို၍ပင် တုန်လှုပ်လာရသည် ဆေးရုံကားပေါ်ရောက်သည်အထိ Ri လက်တွေကို ကိုင်ထားရင်း '' ချစ်တယ် Ri ကိုယ်မှားခဲ့ပါတယ် '' jiyong ဆေးရုံကားပေါ်မှဆင်းရာမှ
Emergency room ဆီသို့ အပြေးအလွှား
အခန်းရှေ့ ရောက်သည်ဖြစ်သောကြောင့် ကျစ်ကျစ်ပါအောင် ဆုပ်ထား ခဲ့သော ချစ်ရသူ၏ လက်လေးအား လွှတ်လိုက်ရလေသည် ။
ခွဲစိတ်ခန်း၏ ရှေ့ခုံလေးမှာ ထိုင်၍ jiyong သွေး
အလိမ်းလိမ်းလူးနေသော သူ့ကိုယ်သူတောင် သန့်ရှင်းရေး
မလုပ်နိုင် ခြေထောက်တွေလဲ အားမရှိတော့သလိုလို"ဘုရားသခင် ကျွန်တော်ရဲ့ ဖြစ်တည်မှု အပေါ်သက်ညှာမပေးလွန်းပါနဲ့ ကျွန်တော့်ကို ခေါ်သွားပါ
ကျွန်တော် ချစ်ရသူကို ကောင်းခြင်းများ ပြန်လည်ဆောင်ကျဉ်းပေးတော်မူပါ'' ဆုတောင်းနေရုံမှ တခြား သူမတတ်နိုင်တော့ ည 8 နာရီ လောက်မှ 11 နာရီလောက်ထိခွဲ စိတ်မှုက မပြီးသေး စိုးရိမ်သထက်
ပိုစိုးရိမ်ရသည် ထိုစဉ် ခွဲစိတ်ခန်းက တာဝန်ရှိဆရာ ဝန်ကြီး
ထွက်လာသောအခါ jiyong မှာ ပြာပြာသလဲ '' ဆရာ
အခြေအနေဘယ်လိုရှိလဲ ဆရာ'' ထိတ်လန့်နေသော မျက်ဝန်းတစ်စုံ ဖြင့် jiyong မေးမိသည်