"Lee Seungri " ခေါ်သံကြားလို့ Seungri ခြေလှမ်းများတန့်သွားကာ နှောက်လှည့်ကြည့်တော့ Kwon Jiyong ဖြစ်နေသောကြောင့် "ကျွန်တော့်ကို ခေါ်တာလား Hyung " Jiyong က "Lee Seungri ဆိုတာ ဒီအိမ်မှာ ဘယ်နှစ်ယောက်များရှိလို့ လဲ သေချာပေါက်မင်းပဲပေါ့ "လေသံမှာ ခပ်ထန်ထန် မျက်နှာထား တင်းတင်းကြောင့်Seungri သဘောပေါက်ပါသည် သူ့ကို
တစ်နည်းနည်း အခက်တွေ့အောင်လုပ်တော့မယ် ဆိုတာ "အာ.. ကျွန်တော့်ကို ဘာခိုင်းမလို့လဲ Hyung'' Seungri ကတော့ ခပ်အေးအေး ပင် အလိုက်တသိပြန်ပြောသည်။"မင်း ငါ့ကားကိုရေဆေးပေးရမယ် ပြီးရင် ငါ့ခြံထဲကအပင်တွေ
ရေလောင်းပေးရမယ် ပြီးရင် ဒီနေ့ အိမ်မှာ ဒယ်ဒီတို့မရှိဘူး အလုပ်ကိစ္စနဲ့ အပြင်သွားတယ် အဲ့တော့ ငါစားဖို့သောက်ဖို့ မင်းလုပ်ပေးရမယ်" Jiyong က ခပ်ပြတ်ပြတ်ပြောသည်။"အလုပ်သမားတွေ ခွင့်ယူသွားလို့လား Hyung '' Seungri က တကယ်မသိသော မျက်နှာထားဖြင့် မေးသည် ။
Jiyong က မဲ့ပြုံးတစ်ချက်ဖြင့် " အလုပ်သမားတွေမရှိတော့ဘူး ငါဖြုတ်ပစ်လိုက်ပြီ ဒီအလုပ်တွေအကုန်မင်းလုပ်ရမယ် ဒယ်ဒီ့ကိုလဲ ပြောပြီးပြီ
Seungri က သားခိုင်းတာ ဆို အကုန်မယ်ပြောတယ်လို့ "Jiyong တမင် Seungri အား အနိုင်ယူချင်သောကြောင့် ဒီအလုပ်တွေ လုပ်ခိုင်းခြင်းဖြစ်သည်သို့သော် Seungri မငြင်း
"ဟုတ်ကဲ့ Hyung ကျွန်တော် လုပ်ထားလိုက်ပါ့မယ်"ဟုပြောကာ မျက်နှာတစ်ချက်မပြတ်
"ကျွန်တော် နားလည်ပါတယ်လေ Hyung က သူဋ္ဌေးသား
လိုတိုင်းတရတဲ့ ဘဝ မှာနေလာတာ သူ့အဖေ နောက်အိမ်ထောင်ပြုတာကို ဘယ်ကျေနပ်ပါ့မလဲ ရပါတယ်Hyung ဒီLee Seungri ဆိုတဲ့ကောင်အတွက်ဒီလောက်ကတော့အသေးအဖွဲပါ "Seungri တစ်ယောက်တည်း ရေရွတ်မိသည်။
ကားရေဆေးလည်း ပြီးပြီ အပင်တွေလည်းရေလောင်းပြီးပြီ
ဆိုတော့ စားဖို့သောက်ဖို့ ''ဟာ ငါချက်တာကို မကြိုက်ဘူးဆိုပြီး ဒီလူ့ဂွစာက ရစ်ရင်ပြသနာပဲ Lee Seungri ရေ တကယ်ပါ "ဟု သက်ပြင်းချရင်း
လုပ်စရာရှိတာ လုပ်ပြီး အပေါ်ထပ်Jiyong အခန်းရှေ့ရောက်တော့ တံခါးခေါက်ကာ "Hyung စားဖို့ကျွန်တော်အကုန်လုပ်ပြီးပြီ " ထိုခါမှ တံခါးဖွင့်ကာ အောက်ထပ်သို့ Kwon Jiyong ဆင်းလာပြီး ဟင်းပွဲတွေအား ခပ်မြည်းကာ "ငါ မင်းချက်တာတွေမစားနိုင်ဘူး ငါ့အတွက် အပြင်မှာ တစ်ခုခုသွားဝယ်ပေး " Seungri သဘောပေါက်ပါသည် သူကြိုတွေးထားသလိုပါပဲ Kwon Jiyong ပြသနာရှာပြီဆိုတာ အချိန်ကလည်း နေ့လည် 12 နာရီထိုးခါနီးပြီမို့ Seungri တစ်မနက်လုံး ဘာမှမစားရသေး သူ့အလုပ်တွေအကုန် လုပ်ပေးနေရတာ အခုလဲ အပြင်သွားခိုင်းပြန်ပြီ " ဟုတ်ကဲ့ Hyung ကျွန်တော် သွားဝယ်ခဲ့ပါ့မယ်" ဟုသာ တစ်ချက်မငြိုငြင် ခပ်သွက်သွက် သွားသည် ။