Zawgyi
Love is..❤ part(29)🔞
Wedding ပြီးသွားတော့ သူငယ်ချင်းတွေ နှုတ်ဆက်ပြီး မားမားအိမ်မှာဘဲ လိုက်အိပ်ကြရန် စီစဉ်ပြီးသားဖြစ်သည်။ စပ်နဲ့ နှိုင်းကတော့ တစ်ထပ်တိုက်ပုလေးမှာ မင်္ဂလာဦးညလေးကို ဖြတ်သန်းကြမည်။
အကုန်လုံးပြန်သွားတော့ စပ်နဲ့ နှိုင်းဘဲ ကျန်ခဲ့သည်။
"ကလေး အိမ်ထဲသွားရအောင်လေ အပြင်မှာအေးတယ်"
"ဟုတ် ကိုကို"
အိမ်ထဲရောက်တော့ စပ် က နှိုင်းကို ဆွဲပြီး နံရံကိုကပ်လိုက်ကာ နှူတ်ခမ်းသားအိအိ တို့ကိုစားသုံးတော့သည်။ နှိုင်း က စပ် ရဲ့လည်တိုင်ကို ဖက်ကာ အလိုက်သင့်တုန့်ပြန်နေသည်။
တိတ်ဆိတ်သော အခန်းငယ်လေးအတွင်းမှာ နှူတ်ခမ်းချင်း ထိခတ်သံတွေက ကျယ်လောင်စွာ။ အချိန်တစ်ခုထိ နမ်းပြီးတော့ နှုတ်ခမ်းချင်းခွာလိုက်ကြသည်။
နှိုင်း က စပ် ရဲ့နဖူးလေးကို ငြင်သာစွာ နမ်းလိုက်သည်။
"ကိုကို ပျော်ရဲ့လားဟင်"
"အွန်း ကိုယ့်ဘဝမှာ ဒီအချိန်အပျော်ဆုံးဘဲ ကလေးငယ်"
"ကိုကို ပျော်တယ်ဆို ကျွန်တော် ကျေနပ်တယ်."
စပ် နှိုင်းရဲ့ နှာခေါင်းလေးကို ဖွဖွလေး ဆွဲညစ်လိုက်ပြီး
"အချွဲလေး ဒါတွေကို ဘယ်ကထဲ စီစဉ်ခဲ့တာလဲ ပြော"
"ဟီး သိပ်မကြာသေးပါဘူး ကိုကို့ကို surprise လုပ်ချင်လို့"
"ဒါဆို ကိုယ်တစ်ယောက်ထဲ မသိတာပေါ့"
"ဟီး ဟုတ်တယ် "
"ကိုယ့်မှာတော့ စိတ်ပူလိုက်ရတာ ကလေးရာ"
"စိတ်ပူစေမိလို့ တောငိးပန်ပါတယ်နော်"
Puppy မျက်လုံးလေးနဲ့ ပြောနေသောကြောင့် စပ် မှာ အရည်တွေပျော်ရတော့သည်။"အဟွန်း ဒါပေမယ့် အပြစ်ပေးမှာနော်"
"ဟမ်. ဘယ်လို အပြစ်ပေးမှာလဲ "
"ခနနေ အိပ်ရင်သိရမှာပေါ့ ကလေးရယ်"
"ဘာကို သိရမှာလဲ..အာ"
YOU ARE READING
Love is.. (Complete )
RandomLove is just the word until you find someone to give it a Defination..