Zawgyi
Love is..part (11)
"နှိုင်းသာလွန် ကိုယ်..မင်းကိုချစ်နေမိပြီထင်တယ်..မဟုတ်ဘူး..ချစ်နေခဲ့တာ..ကိုယ်...မင်းလေးကို အရမ်းချစ်တယ်..ဘေဘီ"
နှိုင်း တစ်ယောက် ကြောင်ပြီးကြည့်နေပြီးမှ သတိဝင်လာကာ စပ် အောက်ကနေထွက်ပြီး
" ခွပ်"
လက်သီးနဲ့ ထိုးလိုက်သည်။ အားပါသွားသဖြင့် စပ် မျက်နှာ ဘေးဘက်သို့လည်သွားသည်။ ခန္ဓာကိုယ်ကိုတော့ ထိန်းလိုက်နိုင်သည်။"ကျွန်တော် အဲ့လောက်တောင်လွယ်နေတဲ့ပုံစံပေါက်နေလို့လား ဟမ်..ကျွန်တော့်ကို ခဗျားတွေ့ဖူးတဲ့လူတေနဲ့ ယှဉ်နေတာလား ဒီတစ်ယောက်က လိုက်ရင်ရမာဘဲဆိုပြီး အလွယ်တွေးလိုက်တာလား"
လို့ပြောရင်း နှိုင်းတစ်ယောက် ဒေါသလဲထွက် ယောကျာ်းတစ်ယောက်က ရုတ်တရက် သူ့ကို ရီးစား စကားပြောတာကိုလဲ မကျေနပ်တဲ့တွက်ကော ရော ပေါင်းပြီးပြောရင်းနဲ့မျက်ရည်တွေကျလာသည်။
နှိုင်းရဲ့ မျက်ရည်တွေက စပ် နှလုံးသါး ကို ဓါးနဲ့အချက်ပေါင်းများစွာ ထိုးစိုက်နေသလိုပင်။ စပ် က အဲ့လိုဖြစ်စေချင်ခဲ့တာမဟုတ်။ အနဲဆုံးတော့ ထိုးခံရမည်ဆိုတာ သိထားသည်။ သူ စိတ်မထိန်းနိုင်လို့်သာ ဖွင့်ပြောခဲ့ပေမယ့် ခုလို အခြေနေမျိုးမှာ နှိုင်းကို တန်ဖိုးမထားရာရောက်သွားသည်။
"နှိုင်း ကိုယ်ရှင်းပြပါရစေ"
"ဘာမှလာရှင်းမပြနဲ့ ခဗျားလုပ်ရက်ကိုမြင်ပြီးတာတောင် ဘာတွေကိုရှင်းပြနေဦးမလို့လဲ..ဟမ်"
နှိုင်း ဘယ်လောက်ဒေါသထွက်နေလဲဆိုတာ နီရဲနေသောမျက်ဝန်းများမှတစ်ဆင့် သိနိုင်သည်။ ကျစ်ကျစ်ဆုပ်ထားသော လက်တွေကလဲ သွေးကြောတွေထောင်နေသည်။
" နှိုင်း ကိုယ် အဲ့လိုမရည်ရွယ်ပါဘူး ကိုယ်ပြောတာတော့ တစ်ချက်လောက် နားထောင်ပေးပါကွာ..နော်."
နှိုင်းက ဘာမှမပြောဘဲ ကြည့်နေသည်။ ထိုအခါမှ စပ်က ဆက်ပြောသည်။
"မင်း ယုံမလားတော့မသိပေမဲ့ ကိုယ်အခုအသက်အရွယ်ထိ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ရင်မခုန်ခဲ့ဘူး ကိုယ်ကိုရီးယားကို လာတဲ့ချိန်မှာ မင်း ကိုတွေ့ခဲ့တယ်။ စိတ်ကစားတယ်လို့ပြောရအောင်လဲ ကိုယ့် အသက်အရွယ်က စိတ်ကစားတဲ့အရွယ်မဟူတ်တော့ဘူး ။ ကိုယ် မင်းကိုတစ်ရက် မမေ့ခဲ့ဘူး။ မင်း ကိုယ့်အိမ်ကိုရောက်လာတဲ့ချိန်မှာ ကိုယ့်ခံစားချက်က ပိုပြီးသေချာသွားတယ် ကိုယ် မင်းကိုချစ်နေတယ်ဆိုတာ"
STAI LEGGENDO
Love is.. (Complete )
CasualeLove is just the word until you find someone to give it a Defination..