Zawgyi
Part12
စပ် နှိုင်းဆီ လျှောက်လာတော့ နှိုငိးလဲ မတ်တပ်ထရပ်လိုက်မိသည်။ စပ်ရဲ့နောက်မှ ဝင်လာသော ရှယ်ယာရှင်ကြီး နှစ်ဦးကို တွေ့လိုက်တော့ အစည်းအဝေး ခန်းထဲမှာ ရှိတဲ့ရှယ်ယာရှင်တွေရဲ့ ခေါင်းပေါ်ကိုဆင်တတ်နင်းလိုက်သလိုပင်။
ရှယ်ယာရှင် တွေအကုန်လုံးက ထိုသူဋ္ဌေးကြီးတွေနဲ့ တစ်ယောက်မှမလွတ်။
စပ် က စားပွဲထိပ်ကိုသွား၍ သူရဲ့ ခက်ထန်အေးစက်သော မျက်နှာဖြင့်
"ကျွန်တော် ဘယ်သူလဲ ဆိုတာ အထူးတလည် မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်တယ်။ ခုလို ကျွန်တော်ရောက်လာတာကလဲ အားလုံး ကိုအသိပေးစရာရှိလို့ပါ။ Sat company နဲ့ Thar company ဟာ ပါတနာ company တွေဖြစ်သွားပါပြီ။ Thar company က်ု တခုခုလုပ်ရင် Sat company ကိုပါ တိုက်ရိုက်သက်ရောက်တဲ့အတွက် တစ်ခုခုဖြစ်ခဲ့မယ် ဆိုရင် မည်သူတစ်ဦးတစ်ယောက်ကိုမှ မငဲ့ညာပါဘူး။ စောနက အခန်းထဲမဝင်ခင်ကြားလိုက်တယ်။ နှိုင်းသာလွန် ကို CEOနေရာကဖြုတ်ချဖို့ဆို။အခု ကော နှူိင်းသာလွန် က်ု CEOနေရာ မပေးချင်တဲ့သူ ရှိရငိတစ်ခါထဲပြောပါ"
လို့ပြောတော့ ရှယ်ယာရှင် တွေဘက်မှ အသံတောင်ထွက်မလာ။"ကဲ အဲ့တာဆို company နှစ်ခုပူးပေါင်း ခြင်းကို အားလုံရှေ့မှာ စာချုပ်ချုပ်မယ်"
လို့ပြောတော့ သွေးခန့်က စာချုပ်တွေလာချပေးသည်။ရှယ်ယာရှင် တွေရှေ့မှာဘဲ လက်မှတ်ထိုးလိုက်ကြသည်။ စပ်ရဲ့ အရှိန်အဝါနဲ့ နှိုင်း ရဲ့ အရှိန်အဝါက မာန်ဟုန်ပြင်းတဲ့ နဂါးနှစ်ကောင်အလား။
ရှယ်ယာရှင်တွေလဲ နှိုင်းရဲ့ နောက်မှာ စပ်ရှိနေသည်ကို သိသောကြောင့် သူတို့ဘဝပျက်မည့် အကြောင်းကို မိုက်ရူးရဲစွာလုပ်မည်မဟုတ်။ ဆွေးနွေးစရာများပြီးတော့ အစည်းအဝေးကို ရပ်နားလိုက်သည်။
ရှယ်ယာရှင်တွေ အားလုံးပြန်သွားတော့ အစည်းအဝေး ခန်းထဲမှာ စပ်နဲ့ နှိုင်း ဘဲကျန်ခဲ့သည်။
စပ်က နှိုင်းကိုကြည့်ပြီး
"ညက အိပ်မပျော်ဘူးထင်တယ် မင်းလေးကို ကြည့်ရတာ သိပ်မလန်းသလိုဘဲ"
YOU ARE READING
Love is.. (Complete )
RandomLove is just the word until you find someone to give it a Defination..