Zawgyi
Love is..❤ part(23)
စပ် တစ်ယောက်ဆေးရုံမှာ သောင်တင်နေတာ ခုနဲ့ဆို တစ်ပတ်လောက်ရှိနေပြီဖြစ်သည်။
"ကိုကို ပါးစပ်ဟ အာ"
စပ်ရဲ့ လက်တစ်ဖက်က သိပ်လှူပ်ရှားလို့မရသေးတော့ နှိုင်း ကဘဲ ခွံကျွေးရသည်။အခုလဲ ဆန်ပြုတ်ကို ခွံကျွေးနေတာ တော်တော်ကြာနေပြီ စပ်က အတင်းပါးစပ်ကြီးပိတ်ပြီး မျက်နှာလွဲနေသောကြောင့် နှိုင်း စိတ်သိပ်မရှည်ချင်တော့။ အကောင်းတိုင်းသာဆို ခေါင်းတွေခေါက်ပြီး ဆံပင်တွေကျွတ်အောင်ဆွဲပြစ်လိုက်မည်။ အခုက လူမမာ ဖြစ်နေလို့ စိတ်ထဲကဘဲ ပြစ်မှားနေရသည်။
"ကိုကို ပါးစပ်ဟလို့ ပြောနေတယ်လေ"
"မစားဘူးကွာ"
"ကိုကိုကလဲ စိတ်မဆိုးနဲ့လေကွာ နောက်တစ်ခါမလုပ်တော့ဘူးလေနော်"
စပ် နှိုင်းကို စိတ်ဆိုးရတဲ့အကြောင်းက မနေ့ညက စပ်နဲ့တူတူလာမအိပ်သောကြောင့်ဖြစ်သည်။ ကုတင်အကျယ်ကြီးပါလို့ပြောသော်လည်း ခုတင်မှာလာမအိပ်ဘဲ ဆိုဖာပေါ်မှာ သွားအိပ်သောကြောင့်ဖြစ်သည်။ စပ် က နှိုင်း သူ့ဘေးနားမှာ မရှိရင်မအိပ်တတ်ဘူးဆိုတာ သိသိရဲ့နဲ့ သွားအိပ်တဲ့ အတွက် စပ် စိတ်ဆိုးပါသည်။
"မသိဘူးကွာ"
"ကိုကိုလဲ ကိုကိုအိပ်ရတာအဆင်မပြေမှာဆိုးလို့ပါ"
"ဘယ်သူကအဆင်မပြေဘူးပြောလို့လဲ"
"အာ ဟုတ်ပါပြီ နောက်နေ့တွေ ကိုကို့နားမှာဘဲ အိပ်မယ်နော် စိတ်မဆိုးနဲ့တော့နော် ဆန်ပြုတ်လေးသောက်ဦးနော်"
"ခွံကျွေး"
"အမ် ..အခုလဲ ခွံကျွေးနေတာဘဲလေ"
"အဲ့လိုမဟုတ်ဘူး ကလေးပါးစပ်နဲ့ခွံကျွေး"
"အာ ပေါက်ပေါက်ရှာရှာ ကိုကိုကလဲ"
"မကျွေးဘူးလား"
"ကျွေး.ကျွေးပါ့မယ် စိတ်တော့မကောက်ပါနဲ့"
"အွန်း"
နှိုင်း ခုတင်ပေါ်ဘေးတစ်စောင်းတတ်ထိုင်ပြီး ဆန်ပြုတ်တစ်ဇွန်းကို ပါးစပ်ထဲထည့်လိုက်သည်။ ပြီးတော့ စပ် မျက်နှာကို ကိုင်ကာ စပ်ရဲ့ ပါးစပ်အတွင်းသို့ထည့်ပေးလိုက်သည်။
YOU ARE READING
Love is.. (Complete )
RandomLove is just the word until you find someone to give it a Defination..