Zawgyi
စပ်နဲ့နှိုင်း မနက်စာ စားပြီးတော့ နှိုင်းရဲ့အိမ်သို့ထွက်လာလိုက်သည်။ အဝတ်အစားတွေက ဘယ်ကထဲက ထည့်ထားလဲမသိ။ အကုန်အဆင်သင့်ပင်။"ကျွန်တော့်ကားကို ကျွန်တော်ဘဲမောင်းလိုက်မယ်လေ"
"ငါမှမင်းအိမ်ကိုမသိတာ တော်ကြာ မင်းက လမ်းလွဲတွေမောင်းပြီး မျက်စဖျောက်သွားရင်ဘယ်လိုလုပ်မလဲ"
နှိုင်း တစ်ယောက် စိတ်ထဲကနေ ပိုစိုးပက်စက်ကျိန်ဆဲနေလိုက်သည်။ စပ် လိုလူက သူ့အိမ်ကိုမသိဘူး ဆိုတာ လုံးဝမဖြစ်နိုင်။ တမင်တသက်သက် ညစ်နေခြင်းသာ။ သို့သော် အပြင်မှာတော့
"ကောင်းပြီ ကျွန်တော် ခဗျားတို့ကားနဲ့လိုက်ပြီး လမ်းပြပေးမယ်" ဆိုပြီး ကားအရှေ့ခန်းမှာသွားထိုင်လိုက်သည်။
စပ်က
"ကားအရှေ့ခန်းမှာ မထိုင်နဲ့ အနောက်မှာလာထိုင်""အမ် ကျွန်တော်က လမ်းပြပေးရဦးမာလေ အနောက်ခန်းမှာ ထိုင်ရင်သေချာပြလို့ရမှာမဟူတ်ဘူးလေ"
"ရတယ် ထိုင်မာသာထိုင်စမ်းပါ"
နှိုင်း စူပုတ်ပုတ်နဲ့ကားအရှေ့ခန်းမှဆငိးပြီးနောက်ခန်းသို့ပြောင်းထိုင်လိုက်သည်။နှိုင်းရဲ့စိတ်ထဲမှာ ထိုလူကြီးကို နရင်းတေကျိပိတ်အုပ်နေတာဘယ်နှခါမှန်းမသိတော့ *အပြင်မှာမလုပ်ရဲလို့နော် ဟင်းဟင်း *သူ့ဘာသာတွေးရင် ဒေါသထွက်နေတာ ကားထွက်တာတောင်မသိလိုက်။
စပ်က ဘေးနားတွင်ထိုင်နေပြီး အလိုမကျဟန်နဲ့စူပုတ်နေသော ကောင်လေးကို သဘောကျစွာကြည့်လိုက်သည်။
စူပုတ်လဲစူပုတ်ချင်စရာဘဲလေ သူ့အနားမှာထိုင်စေချင်လို့ သူသက်သက်ညစ်ထားတာမဟုတ်လား ဘာကြောင့်မှန်းမသိ ထိုလူသားလေးကိုတွေ့ရင် စချင်နောက်ချင်စိတ်က ထိန်းမရ။ စနောက်လို့ စူပုတ်နေတဲ့မျက်နှာလေးက လုံးဝချစ်စဖွယ်အတိ။
နှိုင်းမှာ လမ်းတောင်မညွှန်ပြလိုက်ရ သူတို့အိမ်သို့တန်းတန်းမတ်မတ်ကြီးကို ဆိုက်ရောက်လာသည်။
ဒေါ်ဒေဝီမြိုင်ကလဲ ခြံထဲသို့ ကားနှစ်စီး ဝင်လာတာတွေ့သည်။ ပထမကားက သူ့သားရဲ့ကားဖြစ်သော်လည်း နောက်မှပါလာတဲ့ကားက ဘယ်သူလဲ အရေအတွက် အကန့်သတ်နဲ့ ထုတ်ထားတဲ့ကားကိုတောင် စီးနိုင်တာဆိုတော့ တော်တော်အခြေနေကြီးတဲ့ လူတစ်ယောက်ဘဲဖြစ်ရမည်။ ဒေါ်ဒေဝီမြိုင် အတွေးစတို့ကိုဖြတ်ပြီး အိမ်ရှေ့သို့ထွက်လာလိုက်သည်။
YOU ARE READING
Love is.. (Complete )
RandomLove is just the word until you find someone to give it a Defination..