part (22) z+u

12K 1K 31
                                    

Zawgyi

Love is.... ❤Part (22)

စပ် သတိရလာတော့ အရက်ပြန်အနံ့ရသဖြင့် ဆေးရုံရောက်နေမှန်း သိလိုက်ရသည်။

ထိုစဉ် နားထဲဝင်လာသော အသံလေး

"ကိုကို"
စိုးရိမ်တစ်ဝက် ဝမ်းသာတစ်ဝက်ဖြင့် ကြည့်နေသော ကလေးလေး။

"ကလေး"

"ကိုကို သတိရလာပြီ ဘယ်နားနာနေသေးလဲဟင် အာ ဟုတ်သားဘဲ ဆရာဝန်ခေါ်ရမှာပေါ့"

စပ် ထလိုက်တော့ ကျောဘက်က အောင့်ခနဲ
"ကိုကို အရမ်းမထနဲ့လေ ခုတင်ကို မြင့်ပေးမယ်"
ခုတင်ကို နှိုင်း အနေတော်လောက်မြင့်ပေးလိုက်သည်။

တစ်ယောက်ထဲ ပြာယာခပ်ပြီး ဆက်တိုက်ပြောနေသော နှိုငိးကို
"ကလေး ကိုယ့်ဆီလာပါဦး"
စပ် ကောင်းနေတဲ့ လက်တစ်ဖက်ဖြင့် နှိုင်းကိုခေါ်လိုက်သည်။

မနာစေရန် သတိထားပြီး ရင်ခွင်ထဲသို့ဝင်လာသော လူသားလေး။
"ကျွန်တော် အရမ်းကြောက်နေခဲ့တာ"
လို့ပြောပြီး ရှူိက်သံလေးထွက်လာသည်။

ကလေးဘယ်လောက်ကြောက်နေလိုက်မလဲ စပ် တွေးကြည့်တာနဲ့တင် ရင်နာရသည်။

"ကိုယ် တောင်းပန်ပါတယ် ကွာ နောက်ဆို ကလေးနားမှာဘဲ နေမယ်နော်"

"ဟင့်. တကယ်လား"

"တကယ်"

"အင့်. ဟင့်. ကတိနော် ထွက်သွားရဲထွက်သွားကြည့် ခြေထောက်တွေကို ရိုက်ချိုးပစ်မှာ"

"ကတိပါဗျာ ကတိ"
စပ် နှိုင်းရဲ့ လည်တိုင်လေးကိုမြတ်နိုးစွာနမ်းလိုက်ပြီး သူ လွမ်းခဲ့ရသောကိုယ်သင်းရနံ့လေးကို ပိုတိုးဖက်ကာ ရှူရှိုက်နေလိုက်သည်။

ရှိုင်း ဆေးရုံနားက Mini Martတစ်ခုမှာ လိုအပ်တာတွေဝယ်ပြီး ပြန်လာတော့ အဝင်ဝမှာ စိုင်းနဲ့တွေ့သည်။

" Hey ညီ ဘာတွေသွားဝယ်ထားလဲ"

"စားစရာအချို့နဲ့ လိုအပ်တာလေးတွေသွားဝယ်တာပါ"

"အင်း ညီနဲ့တောင် မတွေ့ဖြစ်တာ ကြာပြီနော်"

"ဟုတ် ငပလီကပြန်လာကထဲက ဆိုပါတော့"

"ဟူတ်တယ် အကိုလဲ အလုပ်တွေရှူပ်နေတာ"

"ဟုတ်ကဲ့ အကို ရှင်းစရာတွေကော ရှင်းပြီးပြီလား"

Love is..  (Complete )Where stories live. Discover now