part(33)z+u End

20K 1K 64
                                    

Zawgyi

Love is..❤ part(33)

စိုင်း အိမ်မပြန်ဘဲ ရှိုင်းရဲ့အိမ်မှာဘဲ အိပ်သည်။ သော်လေးကို သူ့အဖွားတို့ခေါ်သိပ်ကြသောကြောင့် ရှိုင်းရှိရာအခန်းထဲ စိုင်းဝင်လိုက်သည်။ အခန်းထဲသို့ ရောက်တော့ ရေချိုးခန်းထဲက မျက်နှာသစ်ပြီး ထွက်လာသော လူသားလေး။ ရေသီးလေးတွေတွဲလွဲခိုနေပုံက လုံးဝ ဆွဲဆောင်မှု အပြည့်။ သူဝင်လာတာတွေ့တော့ တစ်ချက်အံ့သြ သွားပြီးနောက် ပြုံးပြလာသည်။ စိုင်းလဲ ပြုံးပြလိုက်သည်။

"အကို သော်လေးရော"

"အမေတို့က ခေါ်အိပ်မယ်တဲ့."

"အော်"

စိုင်း ခုတင်တစ်ဖက်မှာရပ်နေတဲ့ ရှူိငိးဆီသွားလိုက်ပြီး မျက်နှာလေးကို လက်နဲ့ မော့စေကာ နှူတ်ခမ်းပါးပါးလေးတစ်စုံကို နူးညံ့စွာစားသုံးလိုက်သည်။

မျက်နှာချင်းနီးကပ်နေသောကြောင့် မျက်နှာသစ်ဆပ်ပြာအနံ့လေးတောင်ရနေသည်။ ခနနေတော့ ထိုကောင်လေးက စိုင်းရဲ့ နှုတ်ခမ်းများကို ပြန်လည်တုန့်ပြန်နမ်းလာသည်။ စိုင်း နှူတ်ခမ်းတစ်စုံလုံးကို ငုံထွေးလိုက်ပြီး အနမ်းတွေကို အဆုံးသတ်လိုက်သည်။

ရှူိင်းက်ူ ကြည့်လိုက်တော့ မျက်နှာလေးနီရဲနေပြီး ခေါင်းကိုငုံ့ထားသည်။ စိုင်း ရှိုင်းရဲ့အရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်သည်။ အိတ်ကပ်ထဲက ကတ္တီပါဘူးအဖြူရောင်လေးကို ထုတ်ပြီး အဖုံးဖွင့်လိုက်တော့ လက်စွပ်လေးနှစ်ကွင်းက လက်ကနဲပေါ်လာသည်။

စိုင်း လက်စွပ်တစ်ကွင်းကို ယူလိုက်ကာ ရှူိင်းရဲ့လက်သကြွယ်လေးတွင် ဆင်ယင်ပေးလိုက်သည်။ စိန်လေးတစ်ပွင့်သာပါပြီး ပလက်တီနမ်အစစ်ဖြင့်လုပ်ထားသော လက်စွပ်လေးသည် အခုမှ ပိုင်ရှင်တွေ့သွားကာ ရှိုင်းရဲ့လက်သကြွယ်တွင် ဝံ့ကြွားစွာနေရာယူလေသည်။

"ကိုယ် ငယ့်ကို ပေးဖို့ နိုင်ငံခြား မှာထဲက လုပ်ထားခဲ့တာ ပြန်လာရင် လက်ထပ်ခွင့်တောင်းမလို့။ ကိုယ်ပြန်ရောက်တော့ ငယ်က မရှိတော့ဘူးလေ။ အခုမှလက်စွပ်လေးက ပိုင်ရှင်အစစ်ဆီရောက်သွားတော့တယ်"

Love is..  (Complete )Where stories live. Discover now