Zawgyi
ညနေခင်းစာကြည့်ချိန်တွင်
လုယီဟာ တစ်ချိန်လုံး အတွေးပင်လယ်ထဲမှာ နစ်မြုပ်နေခဲ့တယ်။ တစ်နာရီလောက် ရောက်ရာပေါက်ရာ အတွေးတွေနဲ့ အတွေးပင်လယ်ထဲ နစ်လိုက်မြုပ်လိုက် ဖြစ်ပြီးသောအခါ သူကသိချင်နေတဲ့ မေးခွန်းတွေများလွန်းလို့ အတွေးပင်လယ်ထဲ နစ်မြုပ်နေရပြီလို့ ခံစားရတာကြောင့် ဟိုချန့်ကို လှမ်းကြည့်လိုက်တယ်။
ဝှက်သယ်ဖက်! ဟိုချန်က ကောင်မလေးတွေကို အမဲလိုက်သလိုလိုက်ဖို့ နည်းလမ်းပေါင်း၁၀၀ စာအုပ်ကို ထပ်ဖတ်နေတုန်းပဲ။ ဟိုချန်အခုစိတ်ဝင်တစား ဖတ်နေတဲ့နေရာကို လှမ်းကြည့်မိတော့ စာရွက်ထိပ်မှာ ခေါင်းစဉ်ကြီးက ပြူးပြဲနေတာပဲ
__ကောင်မလေးကို သူမမမျှော်လင့်ထားလောက်တဲ့ အရှိန်နဲ့တကယ်ကို ပူလောင်ပြင်းပြတဲ့ အနမ်းပေးရမယ် တဲ့လုယီနည်းနည်း စိတ်ဆိုးသွားတယ်။ ဟိုချန်ပြောတော့ သူတို့တွေ ခွေး၂ကောင်အတူတူ လုပ်ကြမယ်ဆိုပြီး သဘောတူထားကြတယ်လေ။ အခုတော့ ဒီသူ့ဘေးကခွေးက သူ့ရဲ့ခွေးလေးဘဝကို အဆုံးသတ်ချင်နေတာပဲ! လုယီက မနာလိုသဝန်တိုမှုတွေ အပြည့်အသိပ်ထည့်ထားတဲ့ စာရွက်တစ်ရွက်ကို ဟိုချန့်ဆီ လှမ်းပေးလိုက်တယ်။
__ခွေးကောင်! အထီးကျန်တဲ့ဘဝမှာ မနေနိုင်တော့ဘူးလား?!ဟိုချန်ကစာကို အကြာကြီး စူးစိုက်ကြည့်နေပြီး တစ်အောင့်ကြာတော့မှ သူ့ဘောပင်နဲ့ ကြောင်ခြစ်လက်ရေးအကြီးကြီး တစ်လုံးပြန်ရေးပေးလာတယ်။
__အင်းဖာ့ခ်! လုယီက စာရွက်ကို ချေမွလိုက်ပြီး သူ့အံဆွဲထဲ ပစ်ထည့်လိုက်တယ်။ သူ့ရဲ့ရူပဗေဒစာအုပ်ကို ဆွဲထုတ်လိုက်ပြီး စိတ်မပါတပါနဲ့ ရှုပ်ထွေးပွေလီလှတဲ့ အဖြေတွေကို ခပ်သော့သော့ စတွက်တော့တယ်။ အဖြေတွေတွက်ပြီးသွားတဲ့ အခါမှာတော့ ရွေးချယ်တဲ့မေးခွန်း၅ခုမှာ ၄ခုလောက်က အဖြေတွေမှားနေတယ်။ ဟိုချန်ကတော့ စားပွဲရဲ့ထောင့်မှာ အိပ်တောင်ပျော်နေရှာပြီ။
ဒီပျင်းစရာကောင်းလှတဲ့ ညနေခင်းစာကြည့်ချိန်ကြီး ပြီးတဲ့အခါမှာတော့ ဟိုချန်ကအခုထိ ခုံပေါ်မှာ ဖြည်းဖြည်းမှန်မှန်နဲ့ အိပ်မောကျနေတုန်းပဲ။ ကျောင်းသားတွေ သူတို့ပစ္စည်းတွေကို သိမ်းနေကြတဲ့ ဆူညံသံတွေကတောင် သူ့ကိုမနှောက်ယှက်နိုင်ဘူး ထင်ပါရဲ့ အခုထိ နိုးမလာသေးဘူး။ လုယီကသူ့ကို ဖြည်းဖြည်းလေး တို့ကြည့်လိုက်တယ်။ ဟိုချန်က မလှုပ်လာဘူး။ လုယီက ထပ်တို့ပြန်တယ်။ ဟိုချန်ကလည်း တုပ်တုပ်မှတောင် မလှုပ်လာပြန်ဘူး။ မကြာခင် ကျောင်းသားတွေကုန်တော့မယ်။ ဒီအကောင်က ဝက်များဝင်စားလာတာလား? လုယီက ထပ်တို့ဖို့ သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ပေမယ့် သူ့လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က ဖမ်းဆွဲလိုက်တယ်။ ပြီးတော့ သူကအောက်ကို ဆွဲချခံလိုက်ရတယ်။ အဲဒီနောက်မှာတော့ လုယီဟာ ဟိုချန်ရဲ့မျက်နှာကို အနီးကပ် မြင်လိုက်ရပြီး ဟိုချန်ရဲ့ နူးညံ့တဲ့ နှုတ်ခမ်းတွေကိုပါ ရုတ်တရက် ထိတွေ့လိုက်ရတော့တယ်။ သူ့ရဲ့နှုတ်ခမ်းတွေက စိုစွတ်နေတဲ့ ပွင့်ဖတ်လေးတွေနဲ့ ပွတ်တိုက်နေရသလိုမျိုး မရေမရေခံစားချက်ကြီးနဲ့။
YOU ARE READING
Teen FictionBoth Zawgyi and Unicode. Not my own story, JUST TRANSLATION. All credit goes to original Author and Translator. Cover photo credits to owner.