Chapter 9

4.1K 881 51
                                    

Zawgyi

အခုရက်ပိုင်းအတွင်းမှာ လုယီဟာ ရုပ်ရှင်ဧကရာဇ်ကြီးတစ်ယောက်လို ဖြစ်ခဲ့သမျှကိစ္စအားလုံးကို မသိဟန်ဆောင်နေခဲ့ရပါတယ်။ ရှေ့ရက်အနည်းငယ်က ထိတ်လန့်စရာကိစ္စကြီးကို တကယ်မရှိခဲ့သယောင်ဆောင်ပြီး ဟိုချန်နဲ့ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနေရတုန်းပါပဲ။

အသက်မဲ့နေတဲ့ညတစ်ညမှာ လုယီဟာ နောက်တစ်ကြိမ်ထပ်ပြီး အိပ်ရာပေါ်မှာ မရပ်မနားလူးလွန့်နေပြန်တယ်။ ဟိုတစ်နေ့က ဟိုချန်ပြောလိုက်တဲ့စကားတွေက လုယီရဲ့နားထဲမှာ ပဲ့တင်သံတွေလို စကားလုံးတစ်လုံးချင်းစီတိုင်း ထပ်ခါထပ်ခါ ပြန်ကြားယောင်နေတုန်းပဲ။ တကယ်တော့ ဟိုချန်ကသူ့ကို ကြိုက်နေတယ်လို့ ခံစားနေရတာတွေအားလုံးက သူစိတ်ကူးယဉ်ပြီး အတွေးလွန်နေခဲ့တာပဲ။ ဟိုချန်သူ့ကို ညီအကိုလို ဆက်ဆံနေတာတွေအားလုံးက ရိုမန့်တစ်ဆန်နေတယ်ဆိုတဲ့ ထိတ်လန့်စရာစိတ်ကူးတွေက လုယီရဲ့အတွေးတွေထဲမှာ ထိရောက်စွာရစ်နှောင်ထားတုန်းပဲ။ သူနဲ့ဟိုချန်ရဲ့ အရင်တုန်းက ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် သေချာပြန်စဉ်းစားကြည့်ပြီးတော့ လုယီဟာ သူ့ခေါင်းကိုစောင်နဲ့ အုပ်မိလိုက်တော့တယ်။ သူ့ရဲ့မျှော်လင့်ချက်တွေအားလုံးက ဖုန်မှုန့်တွေဖြစ်သွားရှာပြီ။

မေမေရေ!!! မေမေ့ရဲ့ ချစ်လှစွာသောသားလေးက ဒီနှစ်ပတ်အတွင်းမှာ ပြန်ဖြောင့်လို့မရတော့အောင်ကို ကွေးသွားခဲ့ပြီ။
Wuwuwu~~~
yingyingying~~~ (ငိုနေတဲ့အသံပါ)

လုယီအပေါ်ကအခန်းဖော်က သူ့ဆီကို အိမ်သာသုံးတစ်ရှူးနှစ်လိပ်ကို လှမ်းပစ်ပေးလိုက်ပြီး စိတ်တိုနေတဲ့ပုံနဲ့
"အာသာဖြေလိုက်တော့!"
(တစ်ရှူးလိပ်တွေ ပစ်ပေါက်ပေးနေတဲ့ အကြောင်းအရင်းကို အခုမှပဲ သဘောပေါက်တော့တယ် XD)

လုယီက တစ်ရှူးနှစ်လိပ်အပြင် နောက်တစ်လိပ်ပါထည့်ပေါင်းပြီး ဖျတ်ခနဲ ပြန်ပစ်ပေးလိုက်ကာ
"မင်းအဖေက အသည်းကွဲနေတာကွ!"

အပေါ်ကအခန်းဖော်ရဲ့စိတ်တွေဟာ အကြီးအကျယ် တုန်လှုပ်သွားတယ်။ လုယီရဲ့အဖြစ်က ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲ? သူတောင်အခုထိ အချစ်နဲ့မတွေ့ရသေးခင်မှာ လုယီလေးက အသည်းတောင်ကွဲနေပြီပေါ့လေ? အပေါ်ကအခန်းဖော်က လုယီဘက်ကိုလှည့်လာပြီး အချိန်အနည်းငယ်လောက် စဉ်းစားနေတယ်။ သူ့ရဲ့ခွေးဘဝလေးကို ပြန်ရသွားရှာတဲ့ သူ့ရဲ့အောက်ကအခန်းဖော်လေးကို သေချာဂရုစိုက်ပေးရမယ်လို့ သူဆုံးဖြတ်ချက်ချလိုက်တယ်။ (singleဘဝကို ခွေးဘဝလို့သုံးထားတာပါ)

မင်းတို့နှစ်ယောက်ဘာတွေလုပ်နေကြတာလဲ?(မင်းတို့နှစ်ယောက်ဘာတွေလုပ်နေကြတာလဲ?)Where stories live. Discover now