Zawgyi
ဓာတုဗေဒဆရာရဲ့ ကြင်နာပုံပေါ်ပေမယ့် ရှည်လျားတဲ့ဝေဖန်ရေးတရားကို နားထောင်ခဲ့ရပြီးနောက်.....
ဒီရက်ပိုင်းအတွင်းမှာ ထူးထူးခြားခြား ဟိုချန်ကညဘက်တွေမှာ နံရံကျော်ပြီး အပြင်ထွက်မကစားတော့သလို မနက်စာကြည့်ချိန်နဲ့ မနက်ပိုင်းစာသင်ချိန်တွေမှာတောင် သူကအိပ်မနေတော့ဘူး။ ဟိုချန်နဲ့အဝေးကြီးမှာထိုင်တဲ့ ဝမ်ကျီးရှန်တောင်မှ ဟိုချန်ကခုတလော သံသယဖြစ်စရာကောင်းနေတယ်လို့ ခံစားနေရတယ်။
ဝမ်ကျီးရှန်က ညတိုင်းဟိုချန်နဲ့အတူတူ နံရံကိုကျော်ပြီး အပြင်ထွက်လည်နေကြတဲ့ အင်တာနက်ကိုစွဲလမ်းနေတဲ့ ကျောင်းသားအုပ်စုထဲက တစ်ယောက်ပဲ။ ဒီရက်ပိုင်း ဟိုချန်ကအပြင်မထွက်တော့ ဝမ်ကျီးရှန်က သေလောက်အောင်ဒေါကန်နေတယ်။ ဒါကြောင့်မို့ သူကဟိုချန့်ဆီကိုသွားလိုက်ပြီး "လူအိုကြီးဟို! လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းဘာတွေလုပ်နေတာလဲ? ငါတို့အုပ်စုထဲမှာ လူတစ်ယောက်လျော့နေတော့ ငါသေတော့မလိုပဲ မင်းမပါဘဲ ငါတစ်ခြားကောင်သုံးကောင်နောက် မလိုက်နိုင်ဘူး ငါနဲ့သူတို့ကသဟဇာတမဖြစ်ဘူးကွ!"
"ငါ့ကိုစကားလာမပြောနဲ့ ငါစာလေ့လာနေတာ!" ဆိုပြီး ဟိုချန်ရဲ့ခေါင်းကစားပွဲခုံရဲ့အောက်ကို ငုံ့သွားပြန်တယ်။
"ဘာတွေလေ့လာနေတာလဲ? မင်းကထပ်ပြီးလေ့လာစရာ လိုသေးလို့လား?!" ဝမ်ကျီးရှန်လည်း လိုက်ငုံ့ကြည့်လိုက်ပြီး ဟိုချန်ကိုင်ထားတဲ့ ကျောင်းစာမဟုတ်တဲ့ စာအုပ်သေးသေးလေးကိုမြင်တော့ ဆွဲယူလိုက်တယ်။"အိုး~~" ဝမ်ကျီးရှန်ရဲ့ ယင်နဲ့ယန်စွမ်းအားတွေ ပေါင်းစည်းထားသလားထင်ရတဲ့ ထူးဆန်းတဲ့အသံကျယ်ကြီးကြောင့် လုယီအပါအဝင် တစ်တန်းလုံးကကျောင်းသားတော်တော်များများက ဟိုချန့်ဘက်ကို တစ်ပြိုင်တည်း လှည့်ကြည့်လာကြတယ်။ လူတိုင်းက စာအုပ်ရဲ့နာမည်ကိုမြင်တော့ ကြောင်ကြည့်နေကြတယ်။
စာအုပ်ရဲ့နာမည်က 'ကောင်မလေးတစ်ယောက်ကိုရနိုင်မည့် နည်းလမ်းပေါင်းတစ်ရာ' တဲ့
ရှေ့ခုံAမှ(ကျောင်းသား) :
"ကြီးမြတ်လှတဲ့နတ်ဘုရားရေ အင်တာနက်ကြီးက အရမ်းတိုးတက်နေပြီလေ မင်းကဘာလို့ ဒီလိုစာအုပ်တွေသုံးနေရသေးတာလဲ ဟမ်!"
YOU ARE READING
Teen FictionBoth Zawgyi and Unicode. Not my own story, JUST TRANSLATION. All credit goes to original Author and Translator. Cover photo credits to owner.