Chapter 6

4.3K 892 4
                                    

Zawgyi

သင်္ချာချိန်တွင်...

"လုယီ သင်္ချာအဖြေလွှာစာရွက် တဝက်လောက်ကို ဘာမှမဖြေဘဲ အလွတ်ကြီးချန်ခဲ့တာ ဘာသဘောလဲ? မင်းအခုတလော ဘာလို့ဂနာမငြိမ်ဖြစ်နေရတာလဲ?" သင်္ချာဆရာမက သူ့ဘေးနားမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး သူ့ကိုဆိုဆုံးမနေတယ်။

"အော် အမ်~" လုယီက သူ့ကိုယ်သူ စားပွဲခုံအောက်ထဲ ရောက်လုနီးပါးဖြစ်အောင် ကိုယ်လေးကျုံ့နေလိုက်တယ်။ သူအခုချိန်မှာ ရေနက်ကြီးထဲရောက်နေပြီး အလွန်ပူပြင်းတဲ့ မီးလောင်ခံနေရတယ်လို့ကို ခံစားနေရတယ်။ သူရှက်လွန်းလို့ အငွေ့ပျံပြီး ပျောက်ကွယ်သွားချင်နေတယ်။ သူသင်္ချာချိန်တစ်ချိန်လုံး ဘာမှကိုမလုပ်ရဲဘူး။

ငါကမင်းကိုအချိန်တိုင်း ညီအကိုတစ်ယောက်အနေနဲ့ စဉ်းစားပေမယ့် မင်းရဲ့အတွေးတွေကတော့  အမြဲတမ်းငါ့ကို fuckချင်နေတယ်ပေါ့လေ။
မင်းငါ့ကိုfuckချင်တာနဲ့ ငါကမင်းကို နည်းနည်းလောက်ဖြစ်ဖြစ် လိုလိုလားလားပေးမယ်များ ထင်နေတာလား? ဒီသောက်ခံစားချက်ကြီးက ဘာကြီးလဲဟ?

လုယီက သူ့အဖြေလွှာပေါ်က နက်မှောင်ထင်းလင်းနေတဲ့ ၇၈ဆိုတဲ့ သူ့ရဲ့အမှတ်ကို စိုက်ကြည့်နေမိတယ်။ သူငိုချင်နေပေမယ့် မျက်ရည်တွေကတော့ ထွက်မလာခဲ့ဘူး။

"လုယီ မင်းရဲ့စာမေးပွဲအမှတ်က ဘယ်လိုဖြစ်ရတာလဲ? မင်းကောင်းကောင်း အိပ်မပျော်လို့လား ဟမ်? မျက်ကွင်းတွေကလဲ ဘာလို့ညိုနေတာလဲ?!" ဟိုချန်က သူ့ဆီကို တဝက်ပဲကျန်တော့တဲ့ နို့တခွက်ပေးရင်း မေးလာတယ်။

မင်း မင်းမေးရဲသေးတယ်ပေါ့လေ! ဒါတွေအားလုံးက မင်းကြောင့်ပဲမဟုတ်ဘူးလား?!
လုယီက နှုတ်ခမ်းကိုလျှာနဲ့ တချက်သပ်လိုက်ပြီး  အရင်ရက်တွေကအကြောင်းကို ပြန်စဉ်းစားလိုက်တယ်။ သူအမြဲတမ်း အိပ်ရာကနောက်ကျမှသာ နိုးပြီး ဟိုချန်သာ သူ့ကိုဆွဲခေါ်ပြီး မပြေးဘူးဆိုရင် သူကျောင်းပါ နောက်ကျဦးမှာ။ သူဇာတ်လမ်းတွေနဲ့ အော်ပရာဇာတ်တွေမှာပါတဲ့ မြောက်မြားလှစွာသော ဇာတ်ဝင်ခန်းတွေကို ပြေးမြင်ယောင်မိတယ်။ ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီးရဲ့ လက်လေးကိုဆွဲပြီး အတူတူပြေးကြတယ် သူတို့အဝတ်အစားတွေကလည်း လေနဲ့အတူတူ တဖျပ်ဖျပ်လွင့်နေကြမယ်။ အဲ့တာက သောက်ရမ်းကို ရိုမန့်တစ်ဆန်တာပဲ။

မင်းတို့နှစ်ယောက်ဘာတွေလုပ်နေကြတာလဲ?(မင်းတို့နှစ်ယောက်ဘာတွေလုပ်နေကြတာလဲ?)Where stories live. Discover now