Chapter 7

4.1K 832 18
                                    

Zawgyi

လုယီကဟိုခ်န္ကို ပိတ္ဆို႔တဲ့အေနနဲ႔ စားပြဲအလယ္မွာ စာအုပ္တစ္အုပ္ တင္ထားလိုက္ကတည္းက သူနဲ႔ဟိုခ်န္ကို ကမၻာနွစ္ခုခြဲလိုက္သလိုပါပဲ။ ဟိုခ်န္ကသူ႔ကို လက္နဲ႔မထိတထိ စေနာက္ေနတာေတြလည္း ရပ္သြားၿပီး သူတို႔ၾကားမွာ ေျပာစရာစကားမရွိ ျဖစ္ေနေတာ့တယ္။

ဒီရက္အနည္းငယ္အတြင္းမွာ လုယီဟာ ေနာက္ဆံုးေတာ့ သူ႔ရဲ႕စိုးရိမ္ေၾကာင့္ၾကေနမႈေတြကို ထိန္းခ်ဳပ္နိုင္သြားၿပီ။ အခုအေျခအေနႀကီးကို ေအးေအးေဆးေဆး ခြဲျခမ္းစိတ္ျဖာၾကည့္မယ္ဆိုရင္ လုယီဟာ ဟိုခ်န္ကေဂးတစ္ေယာက္ဆိုၿပီး မ်က္စိစံုမွိတ္မဆံုးျဖတ္သင့္ဘူး။ ဟိုခ်န္ေျပာလိုက္တဲ့ ကိစၥက စေနာက္ေနတာလည္း ျဖစ္နိုင္တာပဲ။ သူတစ္ျခားလူေတြကို တဖက္သတ္အထင္မလြဲသင့္ဘူး။

ဒီအေၾကာင္းေတြကို စဥ္းစားၿပီးေတာ့ လုယီက သူ႔ကိုယ္သူ တစ္ျခားေမးခြန္းတစ္ခု ေမးလိုက္တယ္။ ဟိုခ်န္က သူ႔ကိုယ္သူ ေဂးပါလို႔ ေျပာေနတယ္လို႔ သူကဘာလို႔ တထစ္ခ်ယံုၾကည္လိုက္ရတာလဲ? ဟိုခ်န္ေျပာကတည္းက စေနာက္ေနတာ ျဖစ္နိုင္တယ္ဆိုၿပီး သူဘာလို႔ အစကတည္းက မစဥ္းစားမိခဲ့ရတာလဲ? အဲ့တာက ျဖစ္နိုင္လို႔လား...

ေအးတာပဲ! သူဟိုခ်န္ကို ႀကိဳက္ေနတာ မဟုတ္ေလာက္ပါဘူး။ ဟိုခ်န္က ေဂးမဟုတ္ဘူးဆိုရင္ ဘယ္လိုလုပ္မလဲ? သူဒီလိုေတြလုပ္ေနမွာ မဟုတ္ဘူးမလား? (ဟိုဆိတ္လိုက္ ဒီဆိတ္လိုက္ နို႔ကိုလာဆိတ္လိုက္ လုပ္ေနတဲ့ ဟိုခ်န္ရဲ႕အျပဳအမူေတြကို ေျပာခ်င္တာပါေနာ္) အား! အကုန္လံုးက ဟိုခ်န္ရဲ႕အမွားေတြပဲ!

လုယီရဲ႕အေပၚက အခန္းေဖာ္က လုယီရဲ႕မ်က္နွာကို အိမ္သာသံုးတစ္ရွဴးလိပ္နဲ႔ ထပ္ပစ္ေပါက္လိုက္တယ္။ ၿပီးေတာ့ ေကာက္က်စ္တဲ့ပံုစံံ လူယုတ္မာေလသံနဲ႔
"အာသာေျဖေနတယ္ေပါ့"

လုယီက အခန္းေဖာ္ဆီကို ျပန္ပစ္ေပါက္လိုက္ၿပီး
"မင္းပဲအာသာေျဖ!"
လုယီကသူ႔ကိုယ္သူ သက္ေတာင့္သက္သာ ျဖစ္ေအာင္သာ ေနလိုက္ၿပီး သူ႔အေပၚက အခန္းေဖာ္ကို ထပ္မေနွာက္ယွက္ရဲေတာ့ဘူး။ ၿပီးေတာ့ သူ႔ကိုယ္သူေတြးလိုက္တယ္ : ဟိုခ်န္က တကယ္ေဂးဟုတ္လား မဟုတ္ဘူးလား ဆိုတာကို ရွင္းရွင္းလင္းေမးဖို႔ ငါအခြင့္အေရးတစ္ခုေလာက္ ရွာရမယ္။


Unicode

လုယီကဟိုချန်ကို ပိတ်ဆို့တဲ့အနေနဲ့ စားပွဲအလယ်မှာ စာအုပ်တစ်အုပ် တင်ထားလိုက်ကတည်းက သူနဲ့ဟိုချန်ကို ကမ္ဘာနှစ်ခုခွဲလိုက်သလိုပါပဲ။ ဟိုချန်ကသူ့ကို လက်နဲ့မထိတထိ စနောက်နေတာတွေလည်း ရပ်သွားပြီး သူတို့ကြားမှာ ပြောစရာစကားမရှိ ဖြစ်နေတော့တယ်။

ဒီရက်အနည်းငယ်အတွင်းမှာ လုယီဟာ နောက်ဆုံးတော့ သူ့ရဲ့စိုးရိမ်ကြောင့်ကြနေမှုတွေကို ထိန်းချုပ်နိုင်သွားပြီ။ အခုအခြေအနေကြီးကို အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် လုယီဟာ ဟိုချန်ကဂေးတစ်ယောက်ဆိုပြီး မျက်စိစုံမှိတ်မဆုံးဖြတ်သင့်ဘူး။ ဟိုချန်ပြောလိုက်တဲ့ ကိစ္စက စနောက်နေတာလည်း ဖြစ်နိုင်တာပဲ။ သူတစ်ခြားလူတွေကို တဖက်သတ်အထင်မလွဲသင့်ဘူး။

ဒီအကြောင်းတွေကို စဉ်းစားပြီးတော့ လုယီက သူ့ကိုယ်သူ တစ်ခြားမေးခွန်းတစ်ခု မေးလိုက်တယ်။ ဟိုချန်က သူ့ကိုယ်သူ ဂေးပါလို့ ပြောနေတယ်လို့ သူကဘာလို့ တထစ်ချယုံကြည်လိုက်ရတာလဲ? ဟိုချန်ပြောကတည်းက စနောက်နေတာ ဖြစ်နိုင်တယ်ဆိုပြီး သူဘာလို့ အစကတည်းက မစဉ်းစားမိခဲ့ရတာလဲ? အဲ့တာက ဖြစ်နိုင်လို့လား...

အေးတာပဲ! သူဟိုချန်ကို ကြိုက်နေတာ မဟုတ်လောက်ပါဘူး။ ဟိုချန်က ဂေးမဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ? သူဒီလိုတွေလုပ်နေမှာ မဟုတ်ဘူးမလား? (ဟိုဆိတ်လိုက် ဒီဆိတ်လိုက် နို့ကိုလာဆိတ်လိုက် လုပ်နေတဲ့ ဟိုချန်ရဲ့အပြုအမူတွေကို ပြောချင်တာပါနော်) အား! အကုန်လုံးက ဟိုချန်ရဲ့အမှားတွေပဲ!

လုယီရဲ့အပေါ်က အခန်းဖော်က လုယီရဲ့မျက်နှာကို အိမ်သာသုံးတစ်ရှူးလိပ်နဲ့ ထပ်ပစ်ပေါက်လိုက်တယ်။ ပြီးတော့ ကောက်ကျစ်တဲ့ပုံစံ လူယုတ်မာလေသံနဲ့
"အာသာဖြေနေတယ်ပေါ့"

လုယီက အခန်းဖော်ဆီကို ပြန်ပစ်ပေါက်လိုက်ပြီး
"မင်းပဲအာသာဖြေ!"
လုယီကသူ့ကိုယ်သူ သက်တောင့်သက်သာ ဖြစ်အောင်သာ နေလိုက်ပြီး သူ့အပေါ်က အခန်းဖော်ကို ထပ်မနှောက်ယှက်ရဲတော့ဘူး။ ပြီးတော့ သူ့ကိုယ်သူတွေးလိုက်တယ် : ဟိုချန်က တကယ်ဂေးဟုတ်လား မဟုတ်ဘူးလား ဆိုတာကို ရှင်းရှင်းလင်းမေးဖို့ ငါအခွင့်အရေးတစ်ခုလောက် ရှာရမယ်။

မင်းတို့နှစ်ယောက်ဘာတွေလုပ်နေကြတာလဲ?(မင္းတို႔နွစ္ေယာက္ဘာေတြလုပ္ေနၾကတာလဲ?)Where stories live. Discover now