Unicode
Chapter 3
Lin Wuyu တအောင့်ကြာ
စဥ်းစား၏။ ပြီးလျှင် ချောင်းဟန့်သည်။
"ကို..ကိုကြက်လား?">>>>>>>><<<<<<<<<<
မင်း လူတွေကို ဘယ်လို ရိုက်စားလုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့...။
Lin Wuyu ကစကားမဆို၊ အပြုံးနှင့်သာ...
ရိုက်စားသမား(လူလိမ်)
ကိုမူ တစ်ကြိမ်ထပ်ကြည့်ပြီးမှ သူ့ခေါင်းကို ပြန်လှည့်လိုက်သည်။"ဆက်ဟော"
အရူးက ဆိုသည်။
ကိုရိုက်စားက ဘာမျှပြောမလာ။
သူ့အကြည့်က မိမိကျောပေါ်တွင် ကျနေမှန်း Lin Wuyu ခံစားမိပါ၏။
လူကို ရိုက်စားလုပ်တော့မည်ဆိုပါက ရိုက်စားသမားအနေဖြင့် အခင်းဖြစ်ရာ၌ သားကောင်တစ်ဦးမှလွဲ၍ မည်သူ့ကိုမျှ အလိုရှိမည်မဟုတ်။ သို့ဆိုစေကာမူ သူ့အနေနှင့်လည်း ထွက်သွားရန် ရည်ရွယ်ချက် တစ်စက်မရှိ။ နောက်ထပ် ဘာဖြစ်လာမည်ကို သူ အဟုတ် စောင့်ကြည့်ချင်ပါသေးသည်။_______
"ဟေး..ဆက်ဟောလို့"
အရူးက ဆိုပြန်သည်။ တခဏ ခြားပြီးမှ ခပ်တိုးတိုး ထပ်ပေါင်းပြော၏။"အဲ့လူနဲ့ ပတ်သတ်ပြီး စိတ်ရှုပ်မနေပါနဲ့...သူနားထောင်ချင်ရင်လည်း ထောင်ပါလေ့စေ...မပူနဲ့သိလား...ဟောတာမမှန်လည်း ငါဘာမှပြောမှာမဟုတ်ဘူး"
"မရဘူး!"
ထိုစဥ်
ကိုရိုက်စားက ချက်ချင်း ထပြောသည်။"ပိုတောင် ပြောသင့်သေးတာ"
Lin Wuyu ခေါင်းကိုငုံ့၍ ရယ်မိလေပြီ။
"မင်းရဲ့ ပထမဆုံး သမီးရည်းစား
ဆက်ဆံရေးက ပြီးခဲ့
တဲ့နှစ်တုန်းက ..ဟုတ်ရဲ့လား?"
ကိုရိုက်စားက မေးသည်။"ဟုတ်လိုက်လေ!"
အရူး၏ အံ့သြတကြီးအသံက ထွက်ပေါ်လာ၏။"မင်းမှာ ရည်းစားရှိတယ်?"
ကိုရိုက်စား၏ လက်ထောက်ကလည်း အရမ်းကို
အံ့သြသွားပုံရ၏။" ပြောတိုင်းယုံတဲ့ ကောင်မလေးတွေဆိုတာ ခလုတ်တိုက်တိုင်း တွေ့တတ်တာမဟုတ်ဘူးလေ..."
" ခင်ဗျား ပြောပုံက.."
အရူးမှာ ဒေါပွသွား၏။"ငါ ပြောတာကို သဘောမတူကြဘူးလား? လူတွေကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်တာ မကောင်းဘူးဆိုပေမဲ့လည်းပေါ့။ ပြီးရင် ကိုကြက်ကိုပဲ ကြည့် ဘယ်လောက်ချောချော သူ့ကို ဘယ်သူမှမကြိုက်ဘူး.."
YOU ARE READING
Unbridled [Myanmar Translation]
Teen FictionTitle: Unbridled Author(s): Wu Zhe 巫哲 Translator: Mel's Translations Group (🔺translated by their permission 🔺) Credit to cover photo owner. Year 2019 Status in COO 101 Chapters + 3 Extras (Completed) Original Publisher jjwxc English Publisher N/A ...