Chapter 22

288 37 27
                                    

Unicode

ဤသို့ဖြစ်ရခြင်းမှာ စင်စစ် ယခုတစ်ကြိမ် ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ မေးခွန်းများက ဟုတ်တိပတ်တိ ခက်ခဲနက်နဲခြင်းမရှိ၍ဖြစ်ကောင်းဖြစ်မည်။ သို့တည်းမဟုတ်.. သည်အတောအတွင်း Ding Ji ဘက်က သင်ခန်းစာများပြင်းပြင်းထန်ထန်ပြန်နွှေးခဲ့ရ၍ ဖြစ်ကောင်းဖြစ်မည်။ 
သို့သော်..
အင်္ဂလိပ်မေးခွန်းကို ဖြေဆိုပြီးနောက် စာမေးပွဲခန်းမှ ထွက်လာချိန်၊ Ding Ji ၏ရင်ထဲတွင် ခံစားချက်တစ်ဖြာ လှိုက်တက်လာပြီး ဖူကျုံးကျောင်းမှ ပညာနတ်ဘုရား Lin Wuyu ထံ ခြေဦးလှည့်ပြီး ဖြစ်ခဲ့ရခြင်းပေ။

သူ့ခြေလှမ်းများက မြူးကြွသွက်လက်နေခဲ့၏။

သူ မရမက တောင်းဆိုခဲ့၍ ယနေ့ သူ့အဖေ ကားဖြင့်လာမခေါ်...

ခြေကျင်လျှောက်၍ တိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေးပြန်လိုသည်။ ထို့နောက် အဖိုးအဖွားတို့နှင့် သက်သောင့်သက်သာအတူတူစားမည်။

"Ding Ji"
အော်လိုက်သံက အရှေ့မှ ပေါ်လာ၏။

စိတ်အေးလက်အေး လမ်းလျှောက်ပြန်မည့် သူ့အစီအစဥ်ကလေး ပျက်စီးသွားပြီမို့ သက်ပြင်းချလိုက်သည်။

Liu Jinpeng က အပြေးလာကာ သူ့ကို ဖက်၏။
"ဘယ်လိုလဲ..ကောလိပ်တန်းကို မင်းတက်ခွင့်ရမှာလား?"

သူ့ကျောင်းကိစ္စများနှင့်ပတ်သတ်၍ Liu Jinpeng ကို မပြောရသေးသည့်အတွက် Ding Ji အတော်နောင်တရသည်။
နေ့စဥ်လိုလို သူ ၄င်းနှင့် ပလာဇာငယ်လေးတွင် လမ်းသလား၍သာနေခဲ့မိသည်။

"ပါးစပ်ပိတ်ထားစမ်းပါ"
Ding Ji သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"နည်းနည်းလောက်ပိုပြီး မင်္ဂလာရှိရှိ မပြောတတ်ဘူးလား?"

"မင်းက ဘယ်လို မင်္ဂလာရှိတဲ့ စကားမျိုးကိုကြားချင်လို့လဲ?"
Liu Jinpeng က ချက်ချင်းတုန့်ပြန်သည်။
"Lin Wuyu ကို ကျွမ်းထိုးမှောက်ခုံလုပ်နိုင်ပါစေဆိုတဲ့ မင်္ဂလာလား.."

"ငါ လုပ်နိုင်တာပေါ့"
Ding Ji က Liu Jinpeng ၏ လက်မောင်းကိုပုတ်ကာ အားရကျေနပ်စွာ ခေါင်းငြိမ့်သည်။

"ဒီည မင်းအဖိုးအဖွားတွေဆီ နေဖို့ပြန်မလို့လား?"
Liu Jinpeng က သူနှင့်အတူတူ ရှေ့ဆက်လျှောက်သည်။

Unbridled [Myanmar Translation]Donde viven las historias. Descúbrelo ahora