Unicode
"'''""ငါ့အကြောင်း လိုက်မေးနေတာလား ဟမ်? ပညာနတ်ဘုရား""""
>>>>>>>>><<<<<<<<<<
Ding Ji တစ်ယောက် သူ ကိစ္စကြီးတစ်ခုလုပ်ရန် ကြံစည်နေသည်ဟု ထုတ်ပြောပြီးချိန်မှစ၍ နောက်ထပ် မည်သည့်မုမန့်ကိုမျှ မမျှဝေတော့ချေ။
တစ်နေ့တစ်နေ့ သူ့မုမန့်မှအကြောင်းအရာ ဆယ်ခုလောက်
အောက်ထစ်မျှဝေသည့် ကိုလေအိုးကို ထိုသို့ဖြစ်စေသည်မှာ တစ်ခုခုပင်။Lin Wuyu ၏ ခွဲခြမ်းစိတ်ဖြာမှုကိုအခြေခံ၍ပြောရလျှင် အနှီကိစ္စကြီးမှာ ဖရဲသီးရောင်းသည့်ကိစ္စတော့ လုံးဝမဖြစ်နိုင်ချေ။
ဤသည်ကိုတွေးမိခိုက် Lin Wuyu ကိုယ့်ကိုယ်ကိုယ် အလွန်သဘောအခွေ့ကာ မအောင့်နိုင်ဘဲ ရယ်သံထွက်သွားသည်။
"မင်း အဆင်ပြေပါတယ်နော်"
"အေး.."
Lin Wuyu ချောင်းဟန့်သည်။Lao Lin က ပိုဒီယမ်မှသည် သူ့ဘက်တစ်ချက်ဝေ့ကြည့်ပြီး ဆက်ပြောသည်။
"ဒုတိယအစမ်းစာမေးပွဲကို မင်းတို့ဖြတ်ကျော်ပြီးပြီပဲ.. တတိယအစမ်းစာမေးပွဲကိ မဖြတ်ကျော်
နိုင်စရာ ဘာမှမရှိဘူး။ မင်းတို့ရဲ့ ပုံမှန် အားစိုက်မှုကိုဆက်ထိန်းထား.....အချိန်ပေး""ဇီရာနဲ့ ငရုပ်သီးမှုန့်လေး နည်းနည်းထပ်ဖြူး...."
Lin Wuyu က တီးတိုးဟာသလုပ်သည်။"အခုတလော တော်တော်လေးမြူးနေတာပဲ"
Chen Mang က သူ့ကိုကြည့်လာ၏။"ခါတိုင်းလည်း မှိုင်တွေမနေပါဘူး"
Lin Wuyu ပြုံးသည်။"ခါတိုင်းနဲ့ကို မတူလို့"
Chen Mang က သူ့ကို ခေတ္တစိုက်ကြည့်၍ သက်ပြင်းချသည်။
"မင်းရဲ့ အခုလိုပုံကို ငါ တကယ်မနာလိုဖြစ်တယ်။ ဉာဏ်ကောင်းတဲ့လူတွေကပဲ အခြားသူတွေထက် စိတ်ခံစားချက်အခြေအနေကို ထိန်းနိုင်စွမ်း ပိုကောင်းနေသလား?""မပြောတတ်ဘူး..ဘာပဲဖြစ်ဖြစ်
ဒီစွမ်းရည်ကို ငါလေ့ကျင့်တဲ့နည်းကတော့...."
Lin Wuyu သူ့ပုခုံးကို ပုတ်သည်။
"ဘယ်သူမှ စမ်းကြည့်ချင်မှာမဟုတ်ဘူး"________
တတိယအကြိမ်အစမ်းပြီးလျှင် အရေးပါသည့်စာမေးပွဲ တစ်ခုမျှမရှိတော့ချေ။
ဤသည်မှာ အခြေခံကျကျပြောရလျှင် သူတို့၏ လေ့လာမှုရလဒ်များအပေါ်
နောက်ဆုံးစစ်ဆေးသည့်
စစ်ဆေးရေးဂိတ်ဖြစ်ပြီးအခက်ခဲဆုံတစ်ခုမဟုတ်
၊ သို့သော် အလွန် အရေးပါသည်။
YOU ARE READING
Unbridled [Myanmar Translation]
Teen FictionTitle: Unbridled Author(s): Wu Zhe 巫哲 Translator: Mel's Translations Group (🔺translated by their permission 🔺) Credit to cover photo owner. Year 2019 Status in COO 101 Chapters + 3 Extras (Completed) Original Publisher jjwxc English Publisher N/A ...