Unicode
TN/ ပြင်ဖို့တစ်ခုရှိတာ ပြောချင်လို့ပါ။ အရှေ့မှာ Ding Ji
နဲ့ Liu Jinpeng ရဲ့ အပြန်အလှန်ပြောစကားတွေကို 'ခင်ဗျားနဲ့ကျွန်တော်'လို့ သုံးထားခဲ့ပါတယ်။ Liu Jinpeng က Ding Ji အရင်ကျောင်းထွက်ခဲ့တယ်ဆိုတော့ နည်းနည်းကြီးမယ်ထင်လို့ပါ။ ဒါပေမဲ့
Ding Ji ကို Liu Jinpeng က 'မင်းနဲ့ရွယ်တူပဲထင်တယ်'လို့ ပြောခဲ့တဲ့ Lin Wuyu ရဲ့ ဒိုင်ယာလော့ဂ်ကြောင့်ရော၊ Ding Ji နဲ့ Liu Jinpeng က
သိပ်ခင်တဲ့သူငယ်ချင်းတွေဖြစ်တာရောကြောင့် 'မင်းနဲ့ ငါ' လို့ သုံးရင်ပိုသင့်တော်မလား စဥ်းစားမိလို့။ ရှေ့ရှေ့ကအပိုင်းတွေမှာ ပြန် edit ဖို့လုပ်ပေမဲ့ ဓာတ်ပုံတွေပါနေတာရယ်၊ ယူနီကုတ် ဇော်ဂျီကွဲနေတာရယ်ကြောင့် အဆင်မပြေလို့ သွားမပြင်တော့ဘူးနော်..ကျေးဇူးပြုပြီး ကိုယ်ဘာသာပြင်ဖတ်ပေးကြပါ။ sorry ပါ။___________________________
""""အနည်းဆုံးတော့ Lin Wuyu က အမျိုးသားတွေကြိုက်ပေမည့် သူက ယောက်ျားစစ်စစ်ဖြစ်သည်မဟုတ်လား"""''
>>>>>>>>>>><<<<<<<<<<<
Lin Wuyu သူ့အဆောင်သို့ပြန်ရောက်ချိန် အခန်းထဲတွင်မည်သူမျှမရှိ။ ယခုအချိန်ဆို သူတို့အားလုံး စားဆောင် သို့မဟုတ် စာသင်ခန်းတွေထဲတွင် ရှိနေလိမ့်မည်။
သူ မျက်နှာပေါ်က ပိတ်ကျဲကို ဆွဲခွာပြီး မှန်ထဲတွင်ကြည့်လိုက်သည်။ ဒဏ်ရာက အနာဖေးတက်နေပြီဖြစ်ကာ ကြည့်ရသည်မှာ အဆင်ပြေသည်။ သိပ်ကြောက်စရာမကောင်း။
သူ့ဖုန်းက အသံမြည်လာသည်။
Ding Ji ဆီက ပို့လာသည့် မက်ဆေ့ချ်တစ်စောင်ဖြစ်သည်။
__ မင်းရဲ့ဒဏ်ရာကို ဆေးရုံ ဒါမှမဟုတ် ဆေးခန်းမှာ ထပ်သွားပြသင့်တယ်နော်။ မျက်နှာသစ်တဲ့အခါ ရေမစိုစေနဲ့။
__ ဒါဆို ငါက သစ်ရင် တပတ်အခြောက်နဲ့သစ်ရမှာလား?
__ ဒီ အိုင်ကျူနဲ့ ပညာနတ်ဘုရားတစ်ယောက်လို့ မင်းက အခေါ်ခံနေတုန်းလား?
ရယ်မော၍ Lin Wuyu ရေချိုးခန်းဝင်ခဲ့သည်။ သူ ရေချိုးဖို့လို၏။
သို့သော် သူ၏ ပညာနတ်ဘုရားဟူသော ဘွဲ့နှင့် ထိုက်တန်မှုရှိစေရန် ဘုံပိုင် ပိုက်ခေါင်းကို ပထမဆုံးဖွင့်လိုက်ပြီး ပလုတ်ကျင်းလိုက်သည်။ ထို့နောက် တပတ်တစ်ခုယူကာ ရေမှာနှစ်၍ ပြတ်ရှရာတစ်ဝိုက် အနှံ့တို့လိုက်သည်။ ထို့နောက် တစ်ဝက်သုတ်၊ တစ်ဝက်သစ်ဖြင့် မျက်နှာသစ်လိုက်၏။
KAMU SEDANG MEMBACA
Unbridled [Myanmar Translation]
Fiksi RemajaTitle: Unbridled Author(s): Wu Zhe 巫哲 Translator: Mel's Translations Group (🔺translated by their permission 🔺) Credit to cover photo owner. Year 2019 Status in COO 101 Chapters + 3 Extras (Completed) Original Publisher jjwxc English Publisher N/A ...