Chapter 0

11.5K 596 27
                                    

[Zawgyi]

အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးအောက်မှာ လူတစ်ခုက တစ်စုံတစ်ခုကို မြေတူးပြီးမြှုပ်နေကြတယ် ။ ဘာရယ်မှန်းတော့မသိပေမယ့် ထိုအရာကို လူနှစ်ယောက်လောက် ဆွဲမပြီး တူးပြီးသား မြေကြီးထဲပစ်ထည့်လိုက်တယ် ။ ပြီးတာနဲ့..မြေကြီးကို ပြန်ဖုံးလိုက်ကြတယ် ။

"ဂျိန်း"

ရုတ်တရက် မိုးကရွာချလာပြီး..မိုးခြိမ်းသံတွေဟာ ဆူညံ့သွားခဲ့တယ် ။ထိုလူတစ်စုထဲက တစ်ယောက်က အရှေ့ဆုံးမှာရပ်နေတဲ့ ရှပ်အပြည့်ဝတ်ထားတဲ့လူကို ထီးလှမ်းစောင်းပေးတယ် ။

ထိုလူရဲ့ တင်းတင်းဆေ့ထားတဲ့နှုတ်ခမ်းတစ်ဖက်က ကွေးညွတ်လို့သွားတယ် ။ လျှပ်စီး လပ်တဲ့ တခဏမှာ ပေါ်ပေါက်လာတဲ့ သူ့မျက်နှာဟာ ချောမောမှုအပြည့် ။ ချောမောတဲ့မျက်နှာနဲ့မှ မလိုက်ဖက် ရက်စက်တတ်တဲ့ ထိုလူက အဲ့ဒီ နေရာမှာရှိတဲ့လူတွေရဲ့ ခေါင်းဆောင်ပင်ဖြစ်တယ် ။

"ပြီးသွားပါပြီ သခင်"

"ဟုတ်ပြီ သွားကြတာပေါ့"

ခပ်အေးအေးစကားရဲ့နောက်မှာ ထိုလူက ခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ကားဆီလျှောက်သွားပြီး အထဲဝင်လိုက်တယ် ။ စောစောက ထီးဆောင်းပေးနေတဲ့ လူကလည်း ကားမောင်းတဲ့နေရာကိုတတ်လို့သွားတယ် ။ ထို့နောက်တော့ ကားအနက်ရောင်တစ်စီးက မိုးရေတွေနဲ့အတူ မောင်းထွက်သွားခဲ့တယ် ။

အပြင်က လူတွေကလည်း ကိုယ်စီကားနဲ့ အနောက်ကနေ လိုက်၍သွားတော့တယ်။

ထန်ပိုင်ရွမ်း...၊

ကျွန်းနဲ့လုပ်ထားတဲ့ ခုံကြီးပေါ်မှာ ခြေထောက်တစ်ဖက်ချိတ်၍ ထိုင်နေတဲ့လူတစ်ယောက် ။ ထိုလူက ဒီနယ်ရဲ့အာဏာရှိသူတစ်ဦး ။ အိမ်တော် ကြီး ရဲ့အရှင်သခင် ။ အရာရှိများကိုတောင် ထိန်းချုပ်ထားနိုင်တဲ့လူတစ်ယောက်ပင် ။ အသက်ကြီးလားဆိုတော့ မကြီးပါ ။ ၃၆နှစ်သာ ရှိတဲ့ ထိုလူက ရက်စက်ကြမ်းကြုတ်ပြီး အေးစက်တယ် ။ အလုပ်လုပ်ရင် ပြတ်သားပြီး စကားအများကြီးမပြောတတ်ဘူး ။

မိန်းမလည်း မရှုပ်သလို ချစ်သူဆိုတာလည်း မရှိ ။ သူ့ကို လိုချင်တဲ့ မိန်းကလေးများစွာရှိနေပေမယ့် ဘယ်သူမှအနားမကပ်ရဲကြ ။ ထိုလူက အရှုပ်ဇယားတွေလဲ စိတ်မဝင်စားသလို သူ့အသားကို တစ်ခါနာအောင်လုပ်ရင် ၁၀ခါလောက်ပြန်ပြီးလက်စားချေတတ်တဲ့သူမျိုး ။ သူ့နာမည်က ထန်ပိုင်ရွမ်း ....။

Some Reason [Complete]Where stories live. Discover now