Chapter 3

3.2K 416 14
                                    

[Zawgyi]

ဆေးတစ်ချို့နဲ့ အလုပ်ရှုပ်နေတုန်း ကြားလိုက်ရတဲ့စကားကြောင့် ရန်လုံ နားထင်သွေးတတ်စောင့်ရတယ် ။

"ဘာပြောတယ် ရိပေါ် မင်းကလက်ခံလိုက်တယ်ပေါ့"

"ဟုတ်တယ် အကိုကြီး"

"ရိပေါ် မင်းရူးနေလား ထန်ပိုင်ရွမ်းဆီကို သူလျှိုလုပ်မယ်ပေါ့ မင်းအသက်ကိုမင်းမနှမြောဘူးလား "

"အကိုကြီးရာ ကျွန်တော်ကအဲ့လောက်ထိလဲ မဆိုးလှပါဘူး ကျွန်တော် ဘယ်လောက်တော်လဲ အကိုကြီးသိတာပဲ"

ခပ်နောက်နောက်ပြောလာတဲ့ ကောင်လေးက ဘာကိုမှဂရုမစိုက်သည့်ပုံ ။ တကယ် အကြောက်တရားကင်းမဲ့လိုက်တာ ။

"ရိပေါ် မင်းကိုနောက်နေတာမဟုတ်ဘူး သူတို့ကိုသွားမထိတာ ငါတို့အတွက် အန္တာရယ်အကင်းဆုံးပဲ အကိုကြီးပြောတာနားထောင်စမ်းပါ"

"ဒာပေမယ့် ကျွန်တော်လက်ခံပြီးသွားပြီလေ "

"ပြန်အကြောင်းကြားလိုက် မလုပ်တော့ဘူးလို့"

"ဟာ အဲ့လိုလုပ်လို့ရမလား အဲ့ဒီဗိုက်ပူပူ အရာရှိချုပ်က လက်ခံပြီးမှမလုပ်ရင်ကျွန်တော့်ကိုရန်ရှာလာမှာပေါ့"

ရန်လုံသက်ပြင်းသာချနိုင်တော့သည်။ ဟုတ်တော့လည်းဟုတ်တယ် ။ သူလဲပြောသာပြောရတယ် ။ တကယ်ဆို အရာရှိချုပ်လိုလူမျိုးတွေက ပစ်မှတ်ထားပြီဆို ရှောင်လို့မရဘူး ။ ပြောချင်တာက ရိပေါ်ကိုလာရှာပြီးဆိုကတည်းက ရိပေါ်ကိုလက်ခံလာအောင်နည်းမျိုးစုံနဲ့လုပ်မှာ။ သိမ်းသွင်းလို့မရရင်ခြိမ်းခြောက်မယ် ။ ရိပေါ်ကလက်ခံလိုက်ပြီးမှ မလုပ်ရင်လည်းအသက်ပါ အာမခံနိုင်မှာမဟုတ်ဘူး ။ တကယ် ဆုပ်လည်းဆူး စားလည်းရူးပဲ ။

တကယ်ဆို ဒီကောင်လေးကို အပြင်မှာ အဲ့လိုတွေလျှောက်လုပ်နေတာကို တားခဲ့သင့်တာ ။ အခုတော့ ကံစီမံရာပဲပေါ့ ။
သွေးသားမတော်ဆက်ပေမယ့် ညီငယ်လိုချစ်ရတဲ့ ရိပေါ် အန္တာရယ်ကင်းကင်းနဲ့ ထန်ပိုင်ရွမ်းဆီက ပြန်ထွက်လာနိုင်ဖို့ပဲဆုတောင်းရတော့မယ် ။

"ဒါဆို ရိပေါ် မင်းအကိုကြီးကိုကတိပေး"

"အင်း ပြောလေ"

Some Reason [Complete]Where stories live. Discover now