Chapter 5

2.9K 396 37
                                    

[Zawgyi]

အနီရောင်ကျောက်တွေစီခြယ်ထားတဲ့ လက်စွပ်လေးကို ကြည့်ရင်း သူ့နှုတ်ခမ်းတွေရဲ့အပြုံးကတောက်ပနေတယ်။

........

အမိုးမပါတဲ့ကားလေးက ဦးတည်ရာနေရာဆီရောက်လာခဲ့ပြီ ။ တစ်လမ်းလုံး အရှေ့ကိုမကြည့်ဘဲ သူ့ကိုသာငေးကြည့်နေတဲ့ကောင်လေးကို တကယ်အံ့သြတယ် ။ ကားတွေဘာတွေမတော်တဆဖြစ်ရင်ဘယ်လိုလုပ်မလဲ ။ တခြားသူတွေဆို သူ့ကို စေ့စေ့တောင်မကြည့်ရဲတာ ဒီကောင်လေးကတော့ အကြောက်အလန့်မရှိလိုက်တာ .. ။

ကားထဲက ထွက်ခါနီး လက်ကိုလှမ်းဆွဲတာကြောင့် အကျင့်အတိုင်း ပုတ်ထုတ်လိုက်မိတယ် ။

"အာ..တောင်းပန်ပါတယ် ကျွန်တော်က ခင်ဗျားအိတ်မေ့ကျန်ခဲ့မှာစိုးလို့ "

မျက်နှာပျက်ခြင်းမရှိဘဲ ပြုံးပြရင်း ပြောလာတဲ့ကောင်လေးကြောင့် ရှောင်ကျန့် တကယ်ပင် စိတ်မကောင်းဖြစ်မိတာအမှန် .။ နေပါဦး ! ရှောင်ကျန့်ကဘာတွေဖြစ်နေတာလဲ ။

ဘာစကားမှပြန်မပြောဘဲ အိတ်ကိုဆွဲပြီး လှည့်ထွက်လာလိုက်တယ် ။ ကောင်လေးကဘယ်လိုဘယ်ပုံကျန်နေခဲ့လဲ သူမသိဘူး ။ သိလည်းမသိချင်ဘူး ။

အိမ်ကြီးထဲရောက်တာနဲ့ တိတ်ဆိတ်မှုက ကြီးစိုးနေတယ် ။ အခုချိန်လောက်ဆို ထန်ပိုင်ရွှမ်းက သူ့အခန်းထဲမှာ ဘာမှန်းမသိတဲ့အလုပ်ဆိုတာတွေလုပ်နေလောက်ပြီ။ ဒီနေ့ ရှောင်ကျန့် ပြန်လာတာ အရင်နေ့တွေကထက် နောက်ကျတယ် ။ ဗိုက်လည်းဆာနေပြီ ။

အခန်းထဲကို အရင်သွားပြီး အိတ်ကိုနေရာတကျထားပြီး အင်္ကျီတွေချွတ်လဲလိုက်တယ် ။ ပေါ့ပေါ့ပါးပါး ဝတ်စုံဝတ်ပြီးတာနဲ့ အောက်ကိုဆင်းပြီး ညစာဝိုင်းကိုသွားလိုက်တယ် ။

"ဦးလေးလီ ကျွန်တော်ဗိုက်ဆာပြီ"

အိမ်တော်ထိန်းလီက မီးဖိုချောင်က အလုပ်သမားတွေကို ရှောင်ကျန့်စားဖို့ပြင်ဆင်ခိုင်းတော့တယ် ။

ဖိနပ်ရှုပ်သံနဲ့အတူ အိမ်ထဲဝင်လာတဲ့ကောင်လေး ခြေလှမ်းတွေက တရွတ်တိုက်ဆွဲနေသလို လေးလံနေတယ် ။ အခန်းထဲဝင်ဖို့လုပ်တော့ မျက်လုံးထောင့်က ထမင်းစားဝိုင်းလေးကိုမြင်မိတယ် ။

Some Reason [Complete]Donde viven las historias. Descúbrelo ahora