Chapter 17

2.2K 221 7
                                    

[Zawgyi]

လျှိုဖုန်း ချစ်ရသူဆီက အဖြေရပြီး တစ်လအကြာမှာပဲ ရင်ကွဲစရာဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာတော့တယ် ။ ထန်အိမ်တော်ရဲ့ပထမသခင်လေးရဲ့ မွေးနေ့ပွဲကနေ လူသိထင်ရှား စေ့စပ်ပွဲတစ်ခုအဖြစ်အသွင်ပြောင်းသွားတယ် ။ ထန်သခင်ကြီးရဲ့ ရုတ်တရက် ချပြမှုကြောင့် အားလုံးက အံ့သြနေကြတယ် ။ သို့ပေမယ့် အားလုံးက ကြည်ကြည်ဖြူဖြူဂုဏ်ပြုလျှက်ပါပဲ ။ မကြည်ဖြူ ၊ ဂုဏ်မပြုနိုင်တာက ဝမ်လျှိုဖုန်းပဲ ။ စေ့စပ်ပွဲအကြောင်းကို ဝမ်သခင်ကြီးဖွင့်ဟကြေငြာလိုက်တော့ လျှိုဖုန်းချစ်ရသူရဲ့ မျက်နှာဟာ အံ့သြသွားဟန်မပြဘဲ ကန်ရေပြင်အတိုင်းငြိမ်သက်လျှက်ပဲ ။ ဒါဆို ယွီရှန်းက ဒီကိစ္စကို အစောကြီးထဲက သိနေတာပေါ့ ။ ဒါပေမယ့် .. သူကရော? သူ့ကိုကြဘာလို့မပြောပြတာလဲ ? ပြီးတော့ သူကရော ယွီရှန်းကိုလက်လွှတ်ရမှာလား ။ မဖြစ်နိုင်တာတွေ ! ဝမ်လျှိုဖုန်းက ထန်ယွီရှန်း ကို ဘယ်သောအခါမှလက်လွှတ်ပေးမှာမဟုတ်ဘူး ။ ဒီလူသားကို မရရတဲ့နည်းနဲ့ ရအောင်ယူမှာ ။

"ဘယ်လိုဖြစ်သွားတာလဲဆိုတာ ငါလဲမသိဘူး လျှိုဖုန်း ! ငါလဲ မနေ့ညက အဖေလူတွေကို အသိပေးတဲ့အချိန်မှ သိခဲ့ရတာ ၊ အကိုယွီရှန်းက ဒါကိုကြိုသိနေပုံပဲ ၊ ပြီးတော့ ငြင်းဆန်တာလည်း မတွေ့ရဘူး "

ပိုင်ရွှမ်းရဲ့ စကားတွေကြားမှာ အလူးအလဲ ဘဝပျက်နေသူက လျှိုဖုန်းသာ ။ သူ ဒီလူသားကိုသာလက်လွှတ်လိုက်ရရင် ရူးသွားမလားပဲ ။

"ငါ မင်းအကိုနဲ့ မနေ့ညမတိုင်မီ နေ့လယ်ခင်းလောက်ကတောင် တွေ့ဖြစ်သေးတယ် ၊ အားလုံးက အကောင်းတိုင်းပဲ ဒါပေမယ့် ဘာလို့ အကိုက ရုတ်တရက်ကြီး "

တစ်ဖြည်းဖြည်းနဲ့မိုးပြိုတော့မလို ဖြစ်လာတဲ့ သူငယ်ချင်းဖြစ်သူကြောင့် ပိုင်ရွှမ်းက ပုခုံးကိုဖိပြီး အားပေးပါတယ် ။

"စိတ်အေးအေးထားပါဦး လျှိုဖုန်းရာ ၊ ငါ အကိုယွီရှန်းကို သေချာမေးကြည့်ပါဦးမယ်"

"အင်းပါ ၊ မနက်ဖြန် ငါ့ကို လာတွေ့ဦးနော် "

"သိပါပြီ ဒါဆို ငါသွားတော့မယ် လျှိုဖုန်း"

Some Reason [Complete]Where stories live. Discover now