Chapter 6

2.7K 360 16
                                    

[Zawgyi]

ယောင်းဟွား ဆောင်ကြာမြိုင် ၊

လီဖန်းသူ့ပေါင်ပေါ်မှာထိုင်နေတဲ့ မိန်းမလှလေးရဲ့မျက်နှာကို လက်နဲ့ပွတ်ဆွဲလိုက်တယ် ။ မိန်းကလေးကတော့ မျက်လုံးတွေမှိတ်လို့ နမ်းမည်အထင်နဲ့ရှေ့တိုးလိုက်ပေမယ့် လီဖန်းက ရုတ်တရက်မေးခွန်းတစ်ခုကိုမေးလိုက်တယ်။

"ကိုယ့်ကို တစ်ခုလောက်ကူညီပေးမလား"

ကောင်မလေးက မျက်လုံးကိုပြန်ဖွင့်လို့ ရှက်ပြုံးလေးနဲ့ပြန်ဖြေတယ်။

"အကို့ ကိုသာဆိုဘာမဆိုကူညီပေးမှာပေါ့"

လီဖန်းကကျေကျေနပ်နပ်ကြီးပြုံးတယ်။ ကောင်မလေးကတော့ လုပ်ငန်းစချင်နေပြီထင်ပါရဲ့ လီဖန်းရဲ့အင်္ကျီကိုဆွဲပြီး အတင်းနမ်းဖို့လုပ်ပြန်တယ်။ လီဖန်းကခေါင်းကိုလွှဲပြီး ရှောင်လိုက်တော့ မိန်းကလေးက မျက်နှာပျက်လို့သွားတယ်။

"အာ သွေ့ပုချိ ကိုယ်ဒီနေ့စိတ်မပါလို့ နောက်တစ်ခါမှ "

မိန်းကလေးက အလိုမကျသည့်ဟန် မျက်မှောင်တွေကြုံ့လို့ လီဖန်းကိုယ်ပေါ်ကဆင်းသွားတယ်။

"မင်း ကိုယ်ပြောတာကို ကူညီရင် ကိုယ်မင်းနဲ့အိပ်ပေးမယ်"

"ဘာကူညီရမှာလဲ"

လီဖန်း မိန်းကလေးအနားကိုကပ်လို့တိုးတိုးလေးပြောလိုက်တော့ ကောင်မလေးက နှုတ်ခမ်းလှလှလေးတွေကွေးညွှတ်လို့ ။

"ဒီလောက်လေးကို ဖြစ်စေရမယ်"

"ကောင်းပြီလေ ဒါဆို ကိုယ်သွားဦးမယ်"

လီဖန်း မိန်းကလေးရဲ့မေးလေးကိုပွတ်ဆွဲသွားတော့ မိန်းကလေးကသဘောအကျကြီးကျနေလေရဲ့ ။
ချင်လင်ရှန်း .. ၊
သူမက အပျော်မယ်တစ်ယောက် ဒာပေမယ့် ယွင်လီဖန်းကို မြင်ပြီးထဲက ဘယ်သူ့ဆီမှမလိုက်တော့ဘူး ။ သူမ လီဖန်းကိုတကယ်သဘောကျတယ်။ ဆိုတာထက် သူမကလီဖန်းကိုချစ်နေတာ ။ ဒီလိုပွေရှုပ်တဲ့သူကို သူမက ချစ်တယ်။ မိန်းကလေးတစ်ယောက်ကို တစ်ညပဲသုံးတယ်ဆိုတဲ့လူက သူမ နဲ့နှစ်ကြိမ်မကအိပ်ဖူးတယ်။ ကျေနပ်တယ် ။ လီဖန်းလိုဆွဲဆောင်မှုရှိတဲ့သူကို သူမ သဘောကျတာမဆန်းပါဘူး။ လီဖန်းကအပျော်အပါးမက်ပြီး အလုပ်မလုပ်ဘူး ပြောရရင်အရည်အချင်းမရှိဘူး ။ ဒာပေမယ့် သူမက သဘောကျတယ် ။
သူမ ကအတွေးလွန်ပြီးသား ။ ယွင်လီဖန်းက သူမအပိုင်ပဲဖြစ်လာရမယ်လို့ ။

Some Reason [Complete]Where stories live. Discover now