Chapter 16

2.3K 217 5
                                    

[Zawgyi]

ထန်အိမ်တော် ...၊

အလုပ်သမားများစွာနဲ့ အလုပ်ရှုပ်နေတဲ့ ထိုနေရာက အိမ်တော်ရဲ့ ဒုတိယ သခင်လေး ထန်ပိုင်ရွှမ်းရဲ့ မွေးနေ့ပွဲအတွက်ပြင်ဆင်နေခြင်းဖြစ်တယ် ။ အိမ်ဦးခန်းမှာ ထိုင်နေတဲ့ အိမ်တော်သခင်ကြီးက အလုပ်သမားတွေကို မှာကြားရေးလုပ်နေလေတယ် ။ အပေါ်ထပ်က ဆင်းလာတဲ့ သားဖြစ်သူကို တွေ့တော့ သခင်ကြီးက ဝမ်းသာအားရ ခေါ်တယ်။

" ပိုင်ရွှမ်း သားလေး လာပါဦး အဖေ့ဆီကို "

သားနှစ်ယောက်ရှိတဲ့ထဲ အငယ်လည်းဖြစ် သူ့ခြေရာကိုလည်း လိုက်နိုင်တဲ့ သူမို့ သခင်ကြီးကသိပ်ချစ်ပါတယ် ။ အကြီးကောင်လေးကိုလည်း ချစ်ပေမယ့် နူးညံ့နေတာကြောင့် သိပ်ပြီးအားရပုံမရဘူး ။ ဒါကြောင့်လည်း သားငယ်ကိုသာ အမြဲတမ်း ဦးစားပေးဖြစ်တယ် ။ ထန်သခင်ကြီးက အဲ့လိုလည်း အတ္တကြီးသေးတယ်။ အခုလည်း သားငယ်ပိုင်ရွှမ်းရဲ့ ၁၈နှစ်ပြည့်မွေးနေ့ကို အကြီးအကျယ်ပြင်ဆင်နေခြင်းဖြစ်တယ် ။

"သားငယ် ဘယ်သွားမလို့လဲ "

"ကျွန်တော့်မွေ့နေ့ပွဲကို သူငယ်ချင်းတစ်ယောက်ဖိတ်ချင်လို့ "

"သူငယ်ချင်း ? ငါ့သားက သူငယ်ချင်းရှိတယ်ပေါ့ ၊ ဘာလဲ အပြင်ကျောင်းမှာ၁နှစ်လေးထားလိုက်တာ သူငယ်ချင်းတောင်ရသွားတယ်ပေါ့ "

"အင်း ဒါပေမယ့် အဖေ စိတ်ချပါ ၊ သူက အိမ်တော်အသိုင်းအဝိုင်းက မဟုတ်ပေမယ့် တစ်ကယ်ရိုးသားတဲ့ သူပါ ၊ ကျွန်တော့်အပေါ်လည်းကောင်းတယ် ၊ သူ့ကိုတော့ ဖိတ်ပါရစေနော် "

နဂိုတည်းက အချစ်ဆုံးသားလည်းဖြစ် ၊ အသည်းအသန်လည်းတောင်းဆိုနေတာကြောင့် ထန်သခင်ကြီးက ပြုံးပြုံးနဲ့ပဲ လက်ခံပေးလိုက်တယ်။

"ကောင်းပြီလေ ဒါဆိုလည်း တစ်ယောက်ပဲနော် သား "

"ဟုတ်ကဲ့ပါ အဖေ တစ်ယောက်ထဲပါပဲ ဒါဆို သား သွားလိုက်ဦးမယ်"

"အေးပါကွာ"

ထွက်သွားတဲ့ သားငယ်ကို ကြည့်ရင်း ထန်သခင်ကြီးက သဘောတကျနဲ့သာ။ ထန်အိမ်တော်က သားနှစ်ယောက်ရှိပေမယ့် ပထမသားက စာပေကလွဲရင် ဘာမှစိတ်မဝင်စား ၊ ထန်အိမ်တော်ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဝင်မပါ ၊ လောဘလည်းမရှိ နူးညံ့တတ်သူမို့ ထန်သခင်ကြီးက အားမရခြင်းတွေနဲ့သာ။ ဒုတိယသား ကတော့ ဖအေ့ခြေရာနင်းတယ်ပဲပြောရမယ် ။ အိမ်တော်စီးပွားရေးတွေထဲ ၁၅နှစ်လောက်ထဲက ဝင်ကူညီရင်း အခုဆို လုပ်ငန်းတွေကို နားလည်သလောက်ရှိနေပြီ ။ ဖအေနဲ့တူပြီး လောဘလည်း ရှိသူမို့ သခင်ကြီးက သားငယ်ကိုပိုလို့ သဘောကျပြီး အလေးပေးတယ် ။ နှစ်ယောက်လုံးက မိခင် မတူ ၊ မိခင်နှစ်ယောက်လုံးကလည်း ဆုံးပါးသွားပြီမို့ သခင်ကြီးကသူ့သားတွေကို သူ့စိတ်တိုင်းကျ အကွက်ထဲကိုသွင်းတယ် ။ သားငယ်က သိမ်းသွင်းလို့အောင်မြင်ခဲ့ပေမယ့် သားကြီးကတော့ လုံးဝ မရတာမို့ လွှတ်ထားလိုက်ရတယ် ။

Some Reason [Complete]Onde histórias criam vida. Descubra agora