Chapter 11

2.7K 334 21
                                    

[Zawgyi]

ရှောင်ကျန့် မျက်လုံးတွေကို အားယူကာဖွင့်လိုက်တယ်။ ညက သောက်ထားတဲ့အရှိန်ကြောင့် သူ့ခေါင်းက အနည်းငယ်မူးဝေနေတယ်။ ညကအရမ်းမူးခဲ့တာမျိုးမဟုတ်ဘူး တစ်ခါမှ မသောက်ဖူးတာမို့ ခံနိုင်ရည်မရှိခဲ့တာ ။ ညကအကြောင်းတွေက ခေါင်းထဲတန်းစီပြီး ဝင်လာပြန်တော့ ရှောင်ကျန့်ရင်ဘတ်လေးက နိမ့်ချည်မြင့်ချည်နဲ့ ဒေါသထွက်နေတာလား ကြောက်နေတာလား မသဲကွဲ ။

ရှောင်ကျန့် မျက်လုံးကို စုံမှိတ်လို့ စိတ်လျော့လိုက်တယ်။ ပြီးတာနဲ့ ထဖို့ပြင်လိုက်တော့ သူအလက်တွေကိုတစ်စုံတစ်ယောက်ကဆုပ်ကိုင်ထားပြီး သူ့ကုတင်ဘေးမှာ ခေါင်းမှောက်အိပ်နေတဲ့သူတစ်ယောက်ကိုတွေ့တယ်။ နူးညံ့နေတာမျိုး မဟုတ်ပေမယ့် မကြမ်းတမ်းတဲ့အသားအရေမျိုးနဲ့ ရိပေါ်မျက်နှာက အတော်ကိုကြည့်ကောင်းတယ် ။ သူ့လက်တွေကို ဆုပ်ကိုင်ထားတဲ့ လက်တွေက လွှတ်ပေးမယ့်ပုံမပေါ်ဘူး ။ ညက ရိပေါ်ကြောင့် သူလွတ်မြောက်ခဲ့တာ ။ သူ ရိပေါ်ကို ကျေးဇူးတင်ရမှာပေါ့ ။

တစ်ခဏအတွင်းမှာ ခေါင်းထောင်ပြီး နိုးလာတဲ့သူကြောင့် အတော်ပဲဖြစ်သွားတယ် ။ ဘုရားရေ ! အခုမှသတိရတယ်။ ရိပေါ်က တစ်ညလုံးဒီနေရာမှာထိုင်လျှက်သားအိပ်နေခဲ့တာလား ။ ဘယ်လောက်တောင်ခါးတွေနာနေလိမ့်မလဲ ။

"ရိပေါ်..မင်း ညက တစ်ညလုံး ထိုင်ပြီးအိပ်နေတာလား"

"ဟင့်အင်း မဟုတ်ပာဘူး ကျွန်တော် မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတာပါ"

ဘုရား ! ပိုဆိုးသွားပြီ ။ တစ်ညလုံးမအိပ်ခဲ့ဘူးလား ။

"ဒါဆို မင်းတစ်ညလုံးမအိပ်ခဲ့ဘူးပေါ့"

"...."

"ဝမ်ရိပေါ် မင်းဟာလေ မင်းကိုငါ..."

ရှောင်ကျန့် ပြောမယ့်စကားတွေကထွက်မလာခဲ့တော့ ။ သူညက ရိပေါ်ကိုဘယ်မှမသွားဖို့ တောင်းဆိုခဲ့မိတာလေ ။ အဲ့အကြောင်းပြန်အစမဖော်ချင်ဘူး ။ သူ့ရဲ့ အဲ့ပုံစံကို ရိပေါ်မေ့ဖျောက်လိုက်ရင်ကောင်းမယ်။

"မင်းအခန်းထဲပြန်သွားအိပ်တော့ ရိပေါ် "

ရှောင်ကျန့် ရဲ့အေးစက်စက်လေသံကြောင့် ရိပေါ်မျက်ခုံးတွေကတွန့်ချိုးကုန်တယ်။

Some Reason [Complete]Donde viven las historias. Descúbrelo ahora