Chapter 9

2.5K 315 18
                                    

[Zawgyi]

ကျောက်စိမ်းနဲ့လုပ်ထားတဲ့ဆွဲပြားလေး ငွေမျှင်ရောင်ကြိုးလေးပေါ်မှာ သေသပ်လှပစွာတည်ရှိနေတယ် ။ ဘဝမှာ မြတ်နိုးရသူတွေ့တဲ့အခါ ဒီပစ္စည်းလေးကိုပေးလိုက်ပါ ဆိုတဲ့ စကားသံတစ်ချို့က သူ့နားပတ်ပတ်လည်မှာ ဝိုင်းလည်နေတယ် ။
ဒီစကားက ဘယ်သူပြောခဲ့တာလဲသူမသိဘူး။ သူမမှတ်မိခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ ဒာပေမယ့် သေချာတာကတော့ ဒီပစ္စည်းလေးကိုပေးရမယ့်သူက ပေါ်လာခဲ့ပြီ ။

ရိပေါ် က ခပ်အေးအေးလေးပြုံးတယ် ပြီးတော့သူ့ရင်ထဲမှာလည်းခပ်နွေးနွေးလေး။

................

အစည်းအဝေးပွဲမှာ ထိုင်နေတာကြာပြီ။ ထုံးစံအတိုင်း လေပေါလွန်းတဲ့ ကျောင်းအုပ်ဆရာကြီးကြောင့် ဆရာတွေ၊ဆရာမတွေ စိတ်ညစ်လေပြီ။ ထိုထဲမှာ ရှောင်ကျန့်လည်းအပါအဝင်ပေါ့ ။ တစ်ချို့ဆို အိပ်တောင်ငိုက်နေကြပြီ ။

"ပြီးတော့ ဒီရက်ပိုင်း ပွဲတစ်ခုရှိတယ်"

ပွဲဆိုတာနဲ့ စောစောက ပျင်းနေတဲ့ ဆရာတွေကလည်း တတ်ကြွလာပြီး အိပ်ငိုက်နေတဲ့သူတွေကပါ မျက်လုံးတွေပြူးပြဲကုန်ကြသည်။ ရှောင်ကျန့်ကတော့ပိုလို့ပင် စိတ်ညစ်သွားတယ် ။

"မနက်ဖြန်ည ဘူလျှန် စားသောက်ဆိုင်မှာ ဖျော်ဖြေပွဲနဲ့အတူ ဆရာတွေအကုန်လုံးကို ဧည့်ခံချင်လို့ပါ "

အားလုံးက တဝိုးဝိုး တဝါးဝါးနဲ့သဘောကျနေကြပေမယ့် ရှောင်ကျန့်မျက်နှာလေးကတော့ အရင်လိုတင်းမာနေဆဲပဲ။

"ဒါနဲ့ ဘာအတွက်လဲ"

အားလုံးပျော်နေတဲ့အချိန် ထမေးလိုက်တဲ့ ရှောင်ကျန့် ဆီ အားလုံးရဲ့အာရုံကကျရောက်လာတယ် ။

"အာ..အဲ့တာက ဝန်ကြီးချုပ်ရဲ့တူက ဒီလ အမှတ်ကောင်းလို့တဲ့ ကူညီပေးခဲ့တဲ့ ဒီကျောင်းကို ကျေးဇူးဆပ်တာတဲ့"

ရှောင်ကျန့် မျက်ခုံးတွေကပင့်တတ်သွားတယ် ။ ဝန်ကြီးချုပ်လုပ်ပေးတာလား။ ဖြစ်နိုင်လို့လား။ ဒီလောက်ကပ်စေးနဲတဲ့ ဝန်ကြီးချုပ်က ဒီလောက်လူအများကြီးကို တာဝန်ယူမယ်ဆိုတော့ ။

Some Reason [Complete]Tempat cerita menjadi hidup. Temukan sekarang