Don't forget to read story Description!
"ဗိုလ်ချုပ်ကြီးရှောင်းသည် အမျိုးသားဖြစ်သူဝမ်ရိပေါ်အား သေတစ်ဖန်သက်တစ်ဆုံးပေါင်းသင်းမည်ဟု သဘောတူပါသလား"
"သဘောတူပါတယ်"
ဖာသာရဲ့စကားအဆုံး နှစ်ဦးသားလက်စွပ်ချင်းဖလှယ်ကြသည်။
အမျိုးသားနှစ်ဦးလက်ထပ်သည်ဖြစ်ပါသော်လည်း သတိုးသမီးဝတ်စုံဝတ်ဆင်ထားသည့် ဝမ်ရိပေါ်။"အခုကစပြီး ခင်ဗျားကကျွန်တော့်ရဲ့လူနော်"
"အင်း"
လက်ထပ်ပြီးရက်များစွာကြာ စစ်တပ်ထဲရှိ ဗိုလ်ချုပ်ကြီးရှောင်းထံ တိုင်တန်းစာများမှာ အမြဲတစေရောက်လာတတ်သည်။
"ဗိုလ်ချုပ် ဗိုလ်ချုပ်ရဲ့ယောကျာ်းက သူများခြံထဲသွားဆော့နေတယ်"
"ဗိုလ်ချုပ် ကျွန်တော့်ဆံပင်ကိုလုပ်သွားတာကြည့်ပါဦး"
"ဗိုလ်ချုပ် စိုက်ထားတဲ့မုန်လာဥတွေအကုန် ဗိုလ်ချုပ်ရဲ့ယောကျာ်းကနှုတ်သွားတယ်"
"ဗိုလ်ချုပ် 。。。"
"ဗိုလ်ချုပ် 。。。"
"ဗိုလ်ချုပ် 。。。"
"ဗိုလ်ချုပ်。。。"
"ဝမ်ရိပေါ်ကိုသွားခေါ်လာခဲ့"
ဂါဝန်ဝါဝါလေးဝတ်ထားကာ လက်ထဲတွင်မုန်လာဥနှစ်ထုပ်အားကိုင်ဆွဲထားလျက် ရွံ့များပေနေသောမျက်နှာလေးဖြင့် ရောက်လာလေသည်။
"ခင်ဗျားကျွန်တော့်ကိုခေါ်တယ်ဆို ဘာဖြစ်လို့လဲ "
"ဒီနားလာဦး"
အလုပ်စားပွဲဘေးသို့ရောက်လာတော့ အိတ်ကပ်ထဲရှိပုဝါစအားထုတ်လို့ မျက်နှာတွင်ပေနေသော ရွံ့များကိုသုတ်ပေးလိုက်ပြီး။
"ဘာလို့ခေါ်တာလဲလို့"
"နေတွေပူတယ် ဦးထုပ်ဆောင်းပေးမလို့ခေါ်လိုက်တာ"
ခေါင်းသို့ဦးထုပ်အားဆောင်းပေးပြီး ကြိုးကိုပါသေချာစည်းပေးလိုက်လေသည်။
"အရေးမကြီးဘဲမခေါ်နဲ့ ကျွန်တော်မုန်လာဥတူးနေတယ်"
"အင်း"
တိုင်တောထားသောစစ်သားလေးတစ်စုရဲ့ရင်ထဲတွင်တော့
မချိတင်ကဲစွာနဲ့ အော်ဟစ်မိသည်က။ဗိုလ်ချုပ်ကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !!!!!!!!!
October 12 2020
4:53PM"ဗိုလ်ချုပ်ကြီးရှောင်းသည် အမျိုးသားဖြစ်သူဝမ်ရိပေါ်အား သေတစ်ဖန်သက်တစ်ဆုံးပေါင်းသင်းမည်ဟု သဘောတူပါသလား"
"သဘောတူပါတယ်"
"အင်း"
"ဗိုလ်ချုပ် 。。。"
"ဗိုလ်ချုပ် 。。。"
"ဗိုလ်ချုပ် 。。。"
"ဗိုလ်ချုပ်。。。"
"ဒီနားလာဦး"
"ဘာလို့ခေါ်တာလဲလို့"
"အင်း"
October 12 2020
4:53PM
YOU ARE READING
将军太喜欢她的丈夫 !
Random°Original Version° *Not Translation * • ZHANYI • General Xiao & His Husband Cross-dresser Wang Yibo. Common Name : ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် ! If you don't understand cross-dresser, get out of here ! I warn you one thing. I'm n...