Episode - 6

981 175 4
                                    

[ အဖေ  ကွာရှင်းစာချုပ်ယူလာပေးပါ ]

မည်သူနဲ့မှမတည့်တဲ့ရိပေါ်တို့သုံးယောက်က ပါတီပွဲကနေအလျင်အမြန်ထွက်လာတယ်။
ထပ်ပြီးသာနေလိုက်ရင် ရန်ပွဲဖြစ်လာမှာက မှန်းစရာမလိုအောင် သေချာတယ်။

အိမ်ကိုရောက်တဲ့အခါ ရိပေါ်ကအပေါ်အရင်တက်သွားတယ်။

ကျန်ခဲ့တဲ့ရှောင်းကျန့်က။

"အဖေ နားတော့လေ"

"အေးအေး မင်းတို့လည်းနားတော့ အဲဘယ်ရောက်သွားတာလဲ ရိပေါ်က"

"အပေါ်တက်သွားပြီ "

"ချစ်ဖို့ကောင်းလိုက်တဲ့ငါ့သား မင်းလည်းအနားယူတော့လေ"

"ဟုတ်ကဲ့ "

ရှောင်းကျန့်လည်းအပေါ်ထပ်သို့တက်လာခဲ့တယ်။

အခန်းတံခါးကိုဖွင့်လိုက်တော့ အဝတ်ဗီရိုကိုဖွနေတဲ့ရိပေါ်ကိုတွေ့တယ်။ အရောင်စုံပုံစံစုံနဲ့ဂါဝန်တွေက ကုတင်ပေါ်မှာပစ်တင်ထားခြင်းခံရတယ်။

"သူ့ဆီသွားမလို့လား "

"အင်း သွားမလို့ "

ဗီရိုထဲအမွှေမပြတ်ဘဲရှောင်းကျန့်ကိုဖြေနေတယ်။

ရှောင်းကျန့် ရိပေါ်ဖွထားနဲ့အဝတ်ပုံကိုကြည့်လို့။

"ဒါဆိုဂါဝန်ဝတ်သွားမှာပေါ့ "

ရိပေါ်ရဲ့လှုပ်ရှားမှုကရပ်တန့်သွားပြီး ရှောင်းကျန့်ဘက်လှည့်လာတယ်။

"မဝတ်လို့ကိုယ်တုံးလုံးသွားရမှာလား ဒါမှမဟုတ်ခင်ဗျားကငြိုငြင်တာလား "

လက်ပိုက်ကာမေးလာတဲ့ရိပေါ်။

"မဟုတ်ပါဘူး ကိုယ်ကဒီတိုင်းပဲမေးလိုက်တာ"

"ခင်ဗျားငြိုငြင်နေပြီမလား အခုတော့ ကျွန်တော်သိလိုက်ပြီ "

"ကိုယ်ပြောတာအဲ့သဘောမဟုတ်ဘူးလေ"

"အဖေရေ "

အခန်းတံခါးဝကရှောင်းကျန့်ကိုတွန်းတိုက်ပြီး ထွက်သွားတယ်။

"အဖေ ကျွန်တော့်ကိုကွာရှင်းစာချုပ်ပေးပါ"

အညောင်းပြေလှဲမလားလုပ်နေတဲ့ ဝမ်ပါပါးခမျာ သားဖြစ်သူရဲ့အော်သံကြောင့် ကွာရှင်းစာချုပ်အထပ်လိုက်ကိုင်ပြီး ထလာတယ်။

将军太喜欢她的丈夫 !Where stories live. Discover now