Episode - 4

1.1K 195 3
                                    

[ ကျွန်တော့်ရှေ့မှာသန်မာဖို့မလိုပါဘူး ]

ဒီနေ့လည်းအရင်နေ့တွေထက်မခြားနားပေမဲ့ ထူးထူးဆန်းဆန်းဖုန်းတစ်ကောလ်ဝင်လာခဲ့တယ်။
ဖုန်းဝင်လာတော့ ရိပေါ်ရုံးခန်းထဲကနေထွက်သွားပြီး မုန်လာဥတွေကိုစိတ်ပေါက်ပေါက်နဲ့ သွားဖျက်ဆီးနေတယ်။

လေ့ကျင့်ကွင်းထဲမှာ လေ့ကျင့်နေရတဲ့စစ်သားတွေကိုမြင်တော့ ဂါဝန်စအားခါးနားသို့ချည်ပြီး ပေါက်တူးသေးလေးကိုကိုင်လို့ လက်ပိုက်ကာကြည့်နေတယ်။

အခုမှအသစ်ဝင်လာပုံရတဲ့စစ်သားသုံးလေးယောက်က အပါးခိုနေတာမြင်တော့ ရိပေါ် မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်မိတယ်။

မင်းတို့နဲ့ငါနဲ့တွေ့ကြသေးတာပေါ့။

စားဖိုဆောင်တန်းဘက်သွားလို့ အပိုင်းပိုင်းဖြစ်နေတဲ့မုန်လာဥတွေကို သွားပေးပြီးပြန်လာခဲ့တယ်။

မိမိတို့အခန်းထဲရောက်တော့ အလျင်လိုနေဟန်ရှိတဲ့ရှောင်းကျန့်ကိုတွေ့ရသည်။
အမူအရာကင်းမဲ့တဲ့မျက်နှာမှာ တုန်လှုပ်ဝမ်းနည်းမှုကိုတစွန်းတစတွေ့လိုက်တယ်။

"ခင်ဗျားဘာလုပ်နေတာလဲ"

ယူနီဖောင်းကိုဝတ်နေပြီး ကြယ်သီးတပ်နေတာကလည်း တလွဲတချော်တွေ။

"ကိုယ်အပြင်သွားရမယ် "

မူမမှန်တာကိုရိပ်မိပေမဲ့ ဘာမှမမေးပေ။ အနားသို့သွားကာဖြင့် ကြယ်သီးသေချာတပ်ပေးလိုက်သည်။

"ဘယ်နှစ်ရက်ကြာမလဲ"

"နှစ်ရက်လောက်"

"ကောင်းပြီ ခင်ဗျားကိုယ့်ကိုယ်ကိုဂရုစိုက်"

ဝတ်စုံအားပြန့်နေအောင်လုပ်ပေးပြီး။

"ခင်ဗျားလက်ထောက် လင်းဖုန်းကိုခေါ်သွား ဒီနေရာကိုကျွန်တော်ဂရုစိုက်လိမ့်မယ်"

"အင်း ပင်ပန်းတာမလုပ်နဲ့"

နဖူးထက်သို့အနမ်းပေးကာဖြင့် ရှောင်းကျန့်ထွက်သွားတော့သည်။

ရိပေါ်သူ့ရဲ့ဝတ်စုံတွေထဲ မဝတ်တာကြာတဲ့ယူနီဖောင်းကို လှန်လှောရှာဖွေနေတယ်။

将军太喜欢她的丈夫 !Where stories live. Discover now