[ Possessive ဖြစ်သောယောကျာ်း ]
စီညံစွာထွက်ပေါ်နေတဲ့ စစ်သားတွေရဲ့ချီတက်ဆန္ဒပြတဲ့အသံအား ကြားတော့ အိပ်ရာထက်မှရိပေါ်က ခေါင်းအုံးအားနားတွင်ဖိကပ်လို့ မရမကပြန်တိုးအိပ်နေလေသည်။
ဘေးတစ်ဖက်သို့လက်ကစမ်းကြည့်တော့ ကင်းလွတ်နေတဲ့တစ်နေရာ။
ခေါင်းအုံးအားဖယ်ခွာလို့ အခန်းကိုဝေ့ဝဲကြည့်တော့ မည်သူမှမရှိ။စောင်ကိုခြေထောက်ဖြင့်ကန်လို့ အိပ်ရာထက်ခြေကားယားလက်ကားယားနေနေတုန်း လူတစ်ယောက်က အထုတ်မျိုးစုံဆွဲကာဖြင့် အခန်းထဲဝင်လာလေသည်။
ပြန့်ကျဲကာရူပ်ပွနေသည့်အိပ်ရာအားတစ်ချက်ကြည့်လို့
ပါလာသည့်အထုတ်များအား ပန်းကန်တစ်ခုချင်းစီဖြင့်ထည့်ပြီး ရိပေါ်ဆီရောက်လာခဲ့သည်။အရင်ဆုံးပြန့်ကျဲနေသည့်စောင်တွေကို စနစ်တကျခေါက်သည်။ ခေါင်းအုံးတွေကို
သေချာစီပြီး အိပ်ရာထက်မှာဒေါသထွက်နေတဲ့ရိပေါ်အား ချီမလို့ မျက်နှာသစ်သွားတိုက်ပေးလေသည်။မျက်နှာနုနုလေးအား ချည်မျှင်ထူထဲသောတာဝါဖြင့် သေချာသုတ်ပေးပြီး ပြင်ဆင်ထားသောမနက်စာရှေ့ချပေးလေသည်။
ထို့နောက် အင်္ကီသြုံးလေးစုံခန့်ကို ရိပေါ်ရှေ့ယူလာပြသည်။
"ဘယ်အရောင်လဲ "
"ဒီနေ့စိတ်မကြည်ဘူး အဲ့တော့အနက်ရောင်"
"အင်း "
ကြိုးတွေရူပ်သီနေပါသောဂါဝန်အနက်အား ရိပေါ်ကိုဝတ်ပေးလေသည်။ သေနတ်ကိုင်ရကာ လေ့ကျင့်ရေးများစွာလုပ်ထားရပြီး တိုက်ပွဲများစွာဆင်နွှဲခဲ့သောလက်တစ်စုံက လိပ်ပြာပုံစံကြိုးကိုသေချာချည်ပေးနေလေသည်။
မနက်စာမှာသူမနေ့ကပြောထားသည့် နွားနို့နှင့်အီကြာကွေးဖြစ်လေသည်။ တခြားသောမုန့်များလည်းပါသေးသည်။ ဒါဝယ်ဖို့အတွက်ထသွားတဲ့ပုံပဲ။
နှုတ်ခမ်းပါးပေါ်တင်ကျန်နေသည့်နို့စက်လေးအား ဗိုလ်ချုပ်ကြီးကနှုတ်ခမ်းဖြင့်သုတ်ပေးလိုက်တော့သည်။
"မထိနဲ့ ခင်ဗျားကိုမခေါ်ဘူး"
"အင်း"
ဒေါသထွက်ပြီးသေမှာပဲ !!!
YOU ARE READING
将军太喜欢她的丈夫 !
Random°Original Version° *Not Translation * • ZHANYI • General Xiao & His Husband Cross-dresser Wang Yibo. Common Name : ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် ! If you don't understand cross-dresser, get out of here ! I warn you one thing. I'm n...