Episode - 7

1.6K 165 13
                                    

[ အတိတ်နေ့များစွာ (သို့) ရဲရင့်သောစစ်သားတစ်ယောက် ]

အောက်တိုဘာ ၊ ရှစ်ရက် ၊ ၂၀ -- ။

အေးခဲလှသောတရုတ်နိုင်ငံရဲ့အရှေ့ပိုင်းမြို့ဖြစ်သည့် တုန်းပေမြို့နယ်တွင် ညှာတာခြင်းကင်းမဲ့သည့်နေရာတစ်ခု။
များပြားလှသောကျည်ဆံနှင့်လက်ဗစ်ဗုံးတွေကြား အတုံးအရုံးကျဆုံးခဲ့သောစစ်သားများနှင့် ရန်သူများစွာ။

တစ်ဖက်နှင့်တစ်ဖက်အလျှော့ပေးခြင်းမရှိဘဲ ပိုလို့တင်းမာနေသည့်အနေအထား။

" ဗိုလ်ကြီး ကျွန်တော်ကာပစ်ပေးထားမယ် ဗိုလ်ကြီးဆေးတပ်​ဆီသွားလိုက်ပါ"

သတိထားနေရင်းနဲ့မှလက်မောင်းသို့တစ်ချက် ထပ်ပြီးထိသွားသေးသည်။

"ဒီခွေးမျိုးတွေ !"

"ငါတို့ဆီစစ်ကူဘယ်တော့ရောက်မှာလဲ တပ်ကြပ်လင်းဖုန်း"

"ရောက်လာနေပြီလို့ပြောတယ် "

ရိုင်ဖယ်သေနတ်ထဲမှကျည်ဆံတွေက ကုန်ခမ်းလုနီးပါး။

ရန်သူဘက်ကအနိုင်စီးရတော့မယ့်အချိန်တွင် လေပေါ်၌ဝဲနေတဲ့ဟယ်လီကော်ပတာတစ်စီးကနေ များပြားသောလက်ပစ်ဗုံးတွေပစ်ချလာသလို ၊ ဆင်းသက်လာသည့်စစ်သားများစွာ။

ရှောင်းကျန့် စစ်ကူရောက်လာလို့သက်မချရုံရှိသေး နှလုံးသားထက်တက်တူးထိုးထားသလို အလွတ်ရနေတဲ့မျက်နှာကြောင့် ထိတ်လန့်သွားလေသည်။

" ရိပေါ် !!"

စစ်စိမ်းရောင်ဝတ်စုံနဲ့လိုက်ဖက်နေသည့်လူက အနက်ရောင်ရိုင်ဖယ်သေနတ် (AK-12) ကိုပါကိုင်ဆောင်လာတယ်။

တစ်ဖက်တွင်ရန်သူရှိနေသည်ကိုမေ့လျော့သွားသည့် အခိုက်အတန့်တွင်။

"ဗိုလ်ကြီး !!"

မျက်ခုံးနှစ်ခုထိကပ်သွားသည်အထိ တွန့်ချိုးမိသောရိပေါ်။

" တက် !"

အဖေဖြစ်သူရဲ့ရာထူးနဲ့အာဏာတစ်ချို့သုံးထားရတဲ့ ရိပေါ်။ ငြင်းဆန်ခြင်းမရှိတဲ့စစ်သားတွေ။ သွေးထွက်တာမရပ်တဲ့ရှောင်းကျန့်ကို လင်ဖုန်းကသွေးတိတ်အောင်ကျပ်စည်းပေးနေတယ်။

You've reached the end of published parts.

⏰ Last updated: Jan 31, 2021 ⏰

Add this story to your Library to get notified about new parts!

将军太喜欢她的丈夫 !Where stories live. Discover now