[ Boyfriend's Power ]
ဒီနေ့မှာချီတက်ဆန္ဒပြပြီးတာနဲ့ စစ်သားတစ်ချို့က အပြင်သို့လျောက်လည်နိုင်တဲ့တစ်နေ့ပေါ့။ ပြင်းထန်တဲ့စစ်ရေးလေ့ကျင့်မှုတွေလည်း ဝေးဝေးဂျောင်းပြီး ရှားပါးလှတဲ့ငါတို့ရဲ့အားလပ်ရက်လေး။
အချိန်နဲ့သုံးရတဲ့ဖုန်းတွေနဲ့လည်း ဒီနေ့ချစ်သူလိုမခွဲမခွာရှိနိုင်ပြီ။
စစ်သားတစ်ချို့ကအပြင်ကိုလျောက်လည်ဖို့ ဗိုလ်ကြီးဆီမှာခွင့်စာတင်သွားသလို တစ်ချို့တွေကတော့ စည်းကမ်းဖောက်လို့ဆိုပြီး မုန်လာဥစိုက်ခင်းကိုပြင်နေရတယ်။
ကျန်တဲ့စစ်သားတစ်ချို့က ကန်တင်းကလွဲပြီး အဆောင်တွေကိုသန့်ရှင်းရေးလုပ်ရပြီး အမှိုက်တွေသိမ်းနေရတယ်။ ဒါပေမဲ့လည်းပြီးသွားရင် သူတို့ဖုန်းသုံးလို့ရပြီလေ။
အကုန်လုံးပြီးသွားတဲ့အချိန် နေ့တစ်ဝက်ကျိုးနေပြီ ဗိုလ်ကြီးယောကျာ်းလေးမုန်လာဥလာတူးတာ မမြင်မိသလိုပဲ။
ဗိုလ်ကြီးကိုလည်းမနက်အစောပိုင်းကလွဲလို့ အခုထိကိုမမြင်မိ အပြင်များလျောက်လည်နေကြလား။အေးပေါ့ လင်လင်တွေပဲ ငါတို့ကအက်ဖုအေတွေ ကတောက်စ် ပြောရင်းနဲ့တောင် စိတ်နာလာပြီ Douyin လေးသုံးဦးမှပဲ။
အခုဘာလို့ Douyin မှာလည်း Boyfriend Power Challenge တွေပဲလုပ်နေကြတာလဲ။ ငါ့မှာတော့ ပုခုံးပေါ်တင်စရာ ကောင်မလေးတောင်မရှိဘူး။
အမြင်ကပ်တာနဲ့အကုန်ဆွဲပြီးကျော်လိုက်တဲ့အချိန်မှာ ရင်းနှီးနေတဲ့မျက်နှာ မဟုတ်ဘူးနော် အတည်ကြီးကိုသိနေတဲ့မျက်နှာ။အခန်းထဲအတူတူရှိနေတဲ့ ဘော်ဒါတွေကိုပါ လက်တို့လိုက်တယ်။
YOU ARE READING
将军太喜欢她的丈夫 !
Random°Original Version° *Not Translation * • ZHANYI • General Xiao & His Husband Cross-dresser Wang Yibo. Common Name : ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် ! If you don't understand cross-dresser, get out of here ! I warn you one thing. I'm n...