[ မင်းရဲ့အဆင့်အတန်းက အောက်တန်းစား ? ဟုတ်လား ]
ရှောင်းကျန့်နိုးလာတော့ လစ်ဟင်းနေတဲ့ဘေးတစ်ဖက်ကြောင့်
အလျင်အမြန်ထမယ့်အချိန် လက်တစ်ဖက်က ဖိချလာတယ်။"ခင်ဗျားနိုးပြီလား "
"အင်း "
မမြင်ဖူးသည့် အနက်ရောင်Suitနဲ့ကြောင့် ရှောင်းကျန့်ထူးဆန်းသလိုကြည့်တော့။
"ကျွန်တော်တို့ကို အဖေခေါ်ထားတယ် ပါတီတက်ဖို့အတွက်တဲ့ ခပ်ရှုပ်ရှုပ်တွေမကြိုက်ပေမဲ့ ခင်ဗျားအတွက်အဖေနဲ့ အပေးအယူလုပ်ထားလို့ သွားရမယ်"
ရှောင်းကျန့်မျက်နှာကိုလက်နှစ်ဖက်ဖြင့်ကိုင်ပြီး သေချာစိုက်ကြည့်တယ်။
"နေလို့အဆင်ပြေပြီလား "
"ကိုယ်အဆင်ပြေပါတယ် ဒါနဲ့ကိုယ်ကရော "
"ခင်ဗျားအတွက်ဝတ်စုံချုပ်ပေးပြီးသား ရေအရင်ချိုးလိုက် မကြာစေနဲ့"
"အင်း"
ရှောင်းကျန့်အပေါ်ကလေးလိုဆိုးတဲ့ရိပေါ်က ဒီနေ့တော့ရင့်ကျက်သလိုပြုမူနေတယ်။
အိပ်ရာတွေကိုခေါက်သိမ်းပြီး တပ်ကြပ်လင်းဖုန်းကို သူတို့အပြင်သွားရမယ့်အကြောင်းသွားပြောနေတယ်။
ကျော့မော့စွာဝတ်ထားတဲ့Suitနဲ့အတူ မော်ဒယ်လ်တစ်ယောက်လှမ်းလာသလို
ယုံကြည်ချက်ရှိရှိလမ်းလျှောက်သွားနေသော ရိပေါ်ကို စစ်သားတွေကအားကျသလို ၊ ရှိန်သလိုကြည့်မိတယ်။ထပ်ပြီးအပြစ်ပြောချင်တဲ့စိတ်တစက်လေးမှ မကျန်ရှိဘဲ အထင်ကြီးခြင်းတွေ ၊ ကြောက်လန့်ခြင်းတွေကအရိုးထဲစွဲထင်နေတယ်။
ယောကျာ်းနဲ့အပြိုင် တည်ကြည်ခန့်ညားတဲ့ဗိုလ်ကြီးကလည်း နောက်ကနေလိုက်ပါလာတယ်။
အဆင့်သင့်စောင့်ကြိုနေတဲ့ကားပေါ် နှစ်ယောက်သားတက်သွားတယ်။
"ခင်ဗျားပါတီပွဲရောက်ရင် ဘာမှမသောက်နဲ့"
"အင်း ကိုယ်ခေါင်းကိုက်နေတယ် "
"ကျွန်တော့်ပေါင်ပေါ်လှဲလိုက် နှိပ်ပေးမယ်"
ရိပေါ်စကားအတိုင်းပေါင်ပေါ်လှဲလာတော့ နားထင်အားသေချာနှိပ်ပေးလာတယ်။
ရှောင်းကျန့်ရဲ့နဖူးထက်ရှိဆံပင်တွေအား လှန်တင်တော့ ပြန်ကျလာတယ်။
YOU ARE READING
将军太喜欢她的丈夫 !
Random°Original Version° *Not Translation * • ZHANYI • General Xiao & His Husband Cross-dresser Wang Yibo. Common Name : ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် ! If you don't understand cross-dresser, get out of here ! I warn you one thing. I'm n...